/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အောက်သွေး-80-mmhg-ထက်မြင့်တက်နေပါက-ဘာတွေဖြစ်နိုင်သလဲ

အောက်သွေး 80 mmHg ထက်မြင့်တက်နေပါက ဘာတွေဖြစ်နိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးတိုးရောဂါ (Hypertension)

          အပေါ်သွေး (SBP) ပမာဏပုံမှန်ဖြစ်နေရင်တောင်မှ အောက်သွေး (DBP) မြင့်နေတယ်ဆိုရင် သွေးတိုးရောဂါရှိနေပြီလို့ဆိုနိုင်ပါတယ်။ သွေးတိုးရောဂါကို မကုသဘဲထားပါက လေဖြတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် ကျောက်ကပ်ပျက်ဆီးခြင်း တို့ကို နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ခံစားရနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ (Cardiavascular Risks)

          အောက်သွေး (DBP) မြင့်မားနေခြင်းဟာ နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) တို့၏ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အောက်သွေးမြင့်မားလာခြင်းကြောင့် နှလုံးသွေးကြောများ ထူထဲမာကျောလာခြင်း၊ နှလုံးကြွက်သားများထူထဲလာခြင်းနှင့် နှလုံးညှစ်အားလျော့နည်းလာခြင်း (Heart Failure) တို့ဖြစ်ပေါ်လာတတ်ပါတယ်။ 2004 ခုနှစ် ထုတ်ေ၀တဲ့ New England journal of Medicine မှာလည်း အောက်သွေးမြင့်တက်လာခြင်းနှင့် နှလုံးညှစ်အားလျော့နည်းလာခြင်း ဆက်စပ်မှုရှိတယ်လို့ဖော်ပြထားပါတယ်။

လေဖြတ်ရောဂါ (Stroke)

          2010 ခုနှစ်တွင် ထုတ်ေ၀ခဲ့တဲ့ Journal of Epidemialogy and Community Heart အရ အောက်သွေးပမာဏ 90 ကျော်ခြင်းဟာ လေဖြတ်ရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းကိုမြင့်တက်စေတယ်လို့ လေ့လာသိရှိရပါတယ်။   သွေးဖိအားမြင့်တက်လာခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်းဖြစ်ပေါ်စေပြီး လေဖြတ်ခြင်း (Stroke) ကို ဖြစ်စေပါတယ်။

 Dr. Htet Htet Aung (www.drmyanmar.com)