အဲကွန်းကြောင့် ခေါင်းကိုက်ရတဲ့ အကြောင်းအရင်း (၃) ချက်
ညနေဘက်တွေမှာ ခေါင်းကို တူနဲ့ထုသလိုမျိုး ကိုက်ကိုက်နေတာက အဲကွန်းကြောင့် ဖြစ်နိုင်ပါတယ်။ အဲကွန်းကြောင့် ခေါင်းကိုက်စေတဲ့ အကြောင်းအရင်း (၃) ချက်ရှိပါတယ်။
ဒါတွေကတော့ -
1. အေးပြီး ခြောက်သွေ့တဲ့လေက ရေဓာတ်ကို ခမ်းခြောက်စေတယ်။
အဲကွန်းက လေကို အေးအောင်လုပ်ပေးရုံတင်မကဘဲနဲ့ လေထုထဲမှာရှိတဲ့ စိုစွတ်မှုပမာဏကိုပါ လျော့ကျသွားစေတယ်။ စိုစွတ်မှုလျော့ကျတာက ကောင်းပေမယ့်လည်း လေထုက အရမ်းခြောက်သွေ့သွားတဲ့အခါမှာတော့ ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေပါတယ်။ ပြောရမယ်ဆိုရင် နည်းနည်းလေး ရေဓာတ်ခမ်းခြောက်တာကတောင်မှ ခေါင်းကို အတန်ငယ် ကိုက်စေပါတယ်။
** ဒီတော့ ဒါတွေလုပ်ပေးပါ - အိမ်မှာနေတဲ့အခါ အထူးသဖြင့် အဲကွန်းဖွင့်ထားတဲ့နေရာမှာ အနေများတဲ့အခါတွေမှာ ရေများများ သောက်ပေးပါ။ အဲကွန်းခန်းထဲမှာ humidifier လို့ခေါ်တဲ့ ရေငွေ့ပေးစက်လည်း တပ်ထားလို့ ရပါတယ်။
Biogesic Adult IA 1
2. လေအေးတွေက ခေါင်းကို နည်းနည်း အေးခဲစေပါတယ်။
အေးတဲ့အခါမှာ trigeminal nerve ကို သွားလှုံ့ဆော်ပြီးတော့ ဦးနှောက်မှာရှိတဲ့ သွေးကြောတွေကို ကျုံ့စေကာ ခေါင်းကို်က်စေပါတယ်။
** ဒီတော့ ခေါင်းကိုက်လာပြီဆိုရင် အဲကွန်းအပူချိန်ကို နည်းနည်းမြှင့်လိုက်ပြီးတော့ နေလို့ ကောင်းသွားလား၊ သက်သာသွားလား ကြည့်ပါ။
3. အဲကွန်းက မှိုတွေကို ပြန့်စေနိုင်ပါတယ်။
အဲကွန်းရဲ့အတွင်းဘက်မှာ ဖုန်တွေ ထူ၊ မှောင်ပြီးတော့ ပူနွေးစိုစွတ်ပါတယ်။ ဒါက မှိုတွေ ရှင်သန်ပေါက်ဖွားဖို့ နေရာကောင်းပေါ့လေ။ ဒီမှိုတွေက အဲကွန်းက မှုတ်ထုတ်လိုက်တဲ့လေနဲ့ အတူပါသွားပြီးတော့ အိမ်တွင်းမှာ ပျံ့နှံ့စေကာ ခေါင်းကိုက်စေနိုင်ပါတယ်။
** ဒီအဲကွန်းအတွင်းထဲမှာ မှိုတွေ မပေါက်ဖွားရလေအောင် ၆ လ (သို့) တစ်နှစ် တစ်ကြိမ် ကျွမ်းကျင်သူ ခေါ်ပြီးတော့ ပြုပြင်ထိန်းသိမ်းပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)




























