/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/carbocysteine-ခေါ်-ချွဲပျော်ဆေး

Carbocysteine ခေါ် ချွဲပျော်ဆေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အမျိုးအစား                         -         ချွဲ​ပျော်​​ဆေး

အသုံးဝင်​ပုံ                          -         အသက်​ရှူ လမ်​း​ကြောင်​း တလျောက်​မှာရှိတဲ့ ချွဲသလိပ်​​တွေကို ​ချေဖျက်​​ပေးပါတယ်​။

ရရှိနိုင်​​သော​ဆေးဝါးပုံစံများ        -         Capsule​ဆေး​တောင်​့ပုံစံ၊ လူကြီးမားအတွက်​​ဆေးရည်​ပုံစံ၊ အသက်​၂နှစ်​မှ၁နှစ်​ကြားက​လေးများအတွက်​​ဆေးရည်​ပုံစံ၊ လူကြီးများအတွက်​ ​ဆေးရည်​အထုတ်​ပုံစံ

 

          Carbocysteine လိုမျိုး ချွဲ​ပျော်​​ဆေး​တွေဟာ ချွဲသလိပ်​​တွေကို ​ချေဖျက်​​ပေးနိုင်​တဲ့အတွက်​ COPD လို့ခေါ်တဲ့ နာတာရှည်​ အဆုတ်​​ရောင်​၊ အဆုတ်​ပွ​ရောဂါ​​ဝေဒနာရှင်​​တွေအတွက်​ အထူးအသုံးဝင်​ပါတယ်​။

ဒီ​ရောဂါ​ဝေဒနာရှင်​​တွေမှာ ​ရောဂါပိုမဆိုးရွားလာနိုင်​​အောင်​ ပုံမှန်​စွဲ​သောက်​​ပေးသင်​့ပါတယ်​။

ဆေးမ​သောက်​မီ

 

တစ်​ချို့​ဆေး​တွေဟာ မတည်​့တာမျိုး​တွေ ရှိတတ်​တဲ့အတွက်​ ​ဆေးမ​သောက်​ခင်​မှာ

  • အစာအိမ်​အနာရှိသူ
  •  ကိုယ်​ဝန်​​ဆောင်​​၊ က​လေးနို့တိုက်​​နေသူ
  • ဖြည်​့စွက်​စာ၊ ဗမာ​ဆေးစတာ​တွေအပါအဝင်​ အခြား​ဆေးများ​သောက်​​နေသူ

​ဆေးဓာတ်​မတည်​့ခြင်​းရှိဖူးသူ စတာ​တွေကို ​သေချာ​မေးမြန်​းစိစစ်​ရပါမယ်​။

သိသင့်သည့်အချက်များ

 

​1. ​ဆေးကို အချိန်​မှန်​​မှန် သောက်​​ပေးနိုင်​ရင်​ ပို​ကောင်​းပါတယ်​။ ဖုန်းကို Alarm ပေးထားပါ။ ဒါမှသာ ​ဆေး​သောက်​​တာမေ့ဖို့ အခွင်​့အလမ်​းနည်​းသွားပြီး ဆေးပတ်လည်း လည်သွားမှာ ဖြစ်ပါတယ်။

 

2. အစာမစားခင်​ပဲ​သောက်​​သောက်​၊ စားပြီးပဲ​သောက်​သောက်​ ရပါတယ်။

 

3. ​ဆေး​သောက်ဖို့​မေ့သွားပါက သတိရရချင်​း ​သောက်​လိုက်​ပါ။ ​ဒါ​ပေမယ်​့ သတိရချိန်​မှာ ​ဆေး​နောက်​တစ်ကြိမ်​​သောက်​ချိန်​​တောင်​​ရောက်​​နေပြီဆိုရင်​​တော့ ၂လုံးလုံး​ပေါင်​း​သောက်​တာမျိုးမလုပ်​ပါနဲ့​။ ​မေ့သွားတဲ့​ဆေးကို မ​သောက်​ပဲထားလိုက်​ပါ​တော့။

 

​ဆေးအစွမ်​း​သေချာရ​စေဖို့

 

1. ဆရာဝန်​နဲ့​ပုံမှန်​ပြ​ပေးမှသာ ​ဆေးအာနိသင်​ပြမပြကို ကြည်​့ရှု​စစ်​​ဆေးနိုင်​မှာဖြစ်​ပါတယ်​။

 

2. ပုံမှန​်​​လေ့ကျင်​့ခန်​း လုပ်​​လေ့ရှိတဲ့ အဆုတ်​​ရောဂါရှိသူ​တွေဟာ အသက်​ရှူ ရ ပို​ကောင်​းတာကို ​တွေ့ရပါတယ်​။ ​လေ့ကျင်​့ခန်​းလုပ်​​လေ့မရှိရင်​​တောင်​ အနည်​းဆုံး လမ်​းပုံမှန်​​လျောက်​​ပေးသင်​့ပါတယ်​။ တတ်​နိုင်​ရင်​ တ​ဖြည်​းဖြည်​းနဲ့ တိုးတိုးပြီးလုပ်​​ပေးပါ။

 

3. အဝလွန်​​နေသူ​တွေမှာ အသက်​ရှူ ရခက်​ခဲတတ်​ပါတယ်​။ ဒါ​ကြောင်​့ ကိုယ်​အ​လေးချိန်​​လျော့ချဖို့ အစားအ​သောက်​ပညာရှင်​ကို ​မေးမြန်​းစုံစမ်​းပါ။

 

Carbocysteineရဲ့​ဘေးထွက်​ဆိုးကျိုးများ

 

          ​ဆေးဝါး​တွေဟာ ​ရောဂါကို သက်​သာ​စေနိုင်​​ပေမယ်​့ သူ့ရဲ့​ဘေးထွက်​ဆိုးကျိုး​တွေလည်​း ရှိနိုင်​ပါ​သေးတယ်​။ ​ဆေးအညွှန်​းမှာ ဖြစ်​​လေ့ရှိတဲ့ ​ဘေးထွက်​ဆိုးကျိုး​တွေကို အပြည်​အစုံ​​ဖော်​ပြထားပါတယ်​။

 

          ​ဘေးထွက်​ဆိုးကျိုး​တွေက​တော့ အဖြစ်​နည်​းပြီး လူအ​ယောက်​ 1,000 မှာ 1 ​ယောက်​နှုန်​း​လောက်​သာ ဖြစ်​နိုင်​ပါတယ်​။

 

  • အစာအိမ်နဲ့အူလမ်​း​ကြောင်​းမှ ​သွေးယိုခြင်​း (​သွေးအန်​ခြင်​း၊ ​သွေးဝမ်​းသွားခြင်​း)
  • အနီကွကထခြင်​း၊ အရည်​ကြည်​ဖုထခြင်​း၊ မျက်​နှာ​တွေနှုတ်​ခမ်​း​တွေ ​ရောင်​လာခြင်​း
  • ဒီလိုဖြစ်​လာပါက ​ဆေးရပ်​ပြီး ဆရာဝန်​နဲ့ ချက်​ချင်​းပြသပါ။

 

​ဆေးကိုဘယ်​လိုသိမ်​းမလဲ?

 

1. က​လေး​တွေ မမှီနိုင်​တဲ့​နေရာမှာ ထားပါ။

2. ​နေ​ရောင်​​တွေ၊ အလင်​း​တွေနဲ့မ​တွေ့တဲ့ ​ခြောက်​​သွေ့​အေးမြတဲ့​နေရာမှာ ထားပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)