COVID-19 ကို ကာကွယ်ဖို့ အိမ်မှာ သီးခြား (Quarantine) နေချိန်မှာ မိမိကိုယ်ကိုဂရုစိုက်ဖို့ နည်းလမ်းများ
အခုအချိန်ကတော့ လူတိုင်းစိုးရိမ်ပူပန်နေရတဲ့အချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မမြင်ရတဲ့ရန်သူကို ကာကွယ်နေရတဲ့အချိန်၊ ကမ္ဘာတစ်ဝှမ်းမှာလည်း တန်ဖိုးရှိတဲ့ လူ့အသက်တွေကို ကယ်ဆယ်နေရတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ တတ်နိုင်သမျှ အိမ်မှာပဲနေခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို လျှော့ချရန် ကူညီဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး သူငယ်ချင်းတွေနဲ့အဝေး၊ တချို့ဆိုရင် မိသားစုတွေနဲ့အဝေးမှာ အိမ်မှာပဲနေပြီး အပြင်မထွက်ရတဲ့အခါ စိတ်ပဲညစ်ရမလို တစ်ဖက်ကလည်း အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက် စိတ်မညစ်သင့်ကြောင်း ဖြေရမလိုနဲ့ စိတ်ထဲမှာ လွန်ဆွဲနေတတ်ကြပါတယ်။ ဒီလိုဖြစ်နေမယ့်အစား ကိုယ့်ရဲ့ကိုယ်ခံအားကောင်းအောင်၊ ကိုယ်ကျန်းမာရေးကောင်းအောင်၊ စိတ်ကျန်းမာရေးကောင်းအောင် ပြုပြင်နေထိုင်ပြီး အရင်က မလုပ်ဖြစ်ခဲ့တဲ့ ကျန်းမာရေးထိန်းသိမ်းတဲ့ အလေ့အကျင့်တွေကို လုပ်ကြည့်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
>> ဘာ့ကြောင့် ကိုယ်ခံအားကောင်းအောင်လုပ်ဖို့ လိုတာလဲ?
ကိုယ်ခံအားမကောင်းတဲ့သူဟာ ရောဂါတွေကို တိုက်ခိုက်ဖို့နဲ့ ကာကွယ်နိုင်ဖို့စွမ်းအားတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။ ကိုယ်ခံအားမကောင်းတဲ့အခါ ရောဂါပိုးတွေ ခန္ဓာကိုယ်တွင်း ဝင်ရောက်ဖို့ လမ်းတွေပွင့်သွားတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ခြင်းဟာ ရောဂါကုသရေးအတွက်သာမက ကာကွယ်ရေးအတွက်ပါ အသုံးဝင်ကြောင်း သိရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းစေတဲ့ ကုသမှုတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ သဘာဝနည်းလမ်းအတိုင်းဆိုရင်တော့ သစ်သီးဝလံတွေက ကိုယ်ခံအားကို ထောက်ပံ့ပို့အတွက် အကောင်းဆုံးအရာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့အချိန်မျိုးမှာ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
>> ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်မလဲ?
ကျွန်တော်တို့ ကိုယ်ခံအားကောင်းအောင် သဘာဝကထောက်ပံ့ထားတာ အများကြီးရှိပါတယ်။ ဗီတာမင် C ပါတဲ့ အသီးအနှံတွေ၊ အစိမ်းရောင်၊ အဝါရောင်ရှိတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စတဲ့ ဗီတာမင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ၊ Zinc ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ (ဥပမာ - အသား၊ ငါး၊ အစေ့အဆန်) ဟာ ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိ၊ချောင်းဆိုး၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေကို ခဏခဏမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
>> ချင်းလက်ဖက်ရည် နှင့် မီးဖိုချောင်ထဲရှိ တခြားသောအံ့ဖွယ်များ
ချင်းကို universal remedy လို့ခေါ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူ့မှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီး ရှိလို့ပါပဲ။ ဒါ့ကြောင့် ချင်းပါတဲ့ လက်ဖက်ရည်၊ ဆေးတွေဟာ ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပါတယ်။ ချင်းလက်ဖက်ရည်ဟာ အစာကြေလွယ်စေတဲ့အပြင် ချောင်းဆိုးခြင်း၊ အအေးမိခြင်း တွေကိုလည်း သက်သာစေပါတယ်။ ချင်းလက်ဖက်ရည်ထဲကို တခြားအရာတွေကိုလည်း ထပ်ထည့်ကာ သောက်သုံး နိုင်ပါသေးတယ်။ ဖာလာ၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်း စတာတွေကိုပါ ထပ်ပေါင်းဖော်စပ်နိုင်ပါ တယ်။ ဆီးဖြူသီးကလည်း ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့အတွက် မနက်စောစောမှာ ရေနွေးနွေးနဲ့ ဖျော်သောက်သင့်ပါတယ်။ အစေ့အဆံတွေနဲ့ ပဲတောင့်ရှည်တို့ကလည်း ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
Revicon 1

>> ပြန်လည်ထူထောင်ခြင်း
ပြန်လည်ထူထောင်ခြင်းဆိုတာ ဒီရောဂါကပ်ဆိုးကြီး ပြီးသွားတဲ့အခါ ပုံမှန်လုပ်နေကျဖြစ်တဲ့ အလုပ်တွေကို အမြန်ဆုံးပုံမှန်ဖြစ်အောင် ပြန်လုပ်နိုင်ဖို့ ပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရော၊ စိတ်ရော ပုံမှန်ပြန်ဖြစ်ဖို့ လိုပါတယ်။ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ နောက်ဆုံးအနေနဲ့ ခံစားမှုအပိုင်းတွေပါပါဝင်ပါတယ်။ ဒီလိုဖြစ် ဖို့ဆိုရင် ဒီအချိန်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရပါမယ်။
ပထမဆုံးအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာနဲ့ ရမယ့်အကျိုးကျေးဇူးတွေက အများကြီးရှိပါတယ်။ အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့အပြင် တချို့သော ကူးစက်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Aromatherapy ဆိုတာကတော့ ရနံ့နဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ ကုထုံးဖြစ်ပါတယ်။ ဒီကုထုံးအတွက် ပန်းအနံ့အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ဒီလို ကိုယ်ကြိုက်တဲ့ ပန်းရနံ့လေးတွေက အာရုံကြောစနစ်ကို လွှမ်းမိုးမှုရှိပြီး စိတ်ကိုအေးချမ်းစေတယ်လို့ ယူဆကြပါတယ်။
အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကလည်း ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သင့်တင့်မျှတတဲ့ အစားအသောက်ပုံစံကိုပါ ပေါင်းလိုက်ရင်တော့ stay home လုပ်နေချိန်မှာ အတော့်ကို အကျိုးရှိသွားမှာ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ သွေးလည်ပတ်မှု ကောင်းစေခြင်း၊ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် အလုံအလောက်ရစေခြင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းစေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။
အကောင်းမြင်စိတ်ရှိခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒီလိုအချိန်မှာ လူတိုင်းမှာ အနည်းနဲ့အများတော့ စိတ်ဖိစီးမှုတွေရှိနေကြမှာပါပဲ။ ဒါကို စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုကျော်လွှားရမလဲဆိုတာ သင်ယူခြင်းကို အကောင်းမြင်စိတ်ရှိခြင်းလို့ ခေါ်ပါတယ်။ ဒီလိုစိတ်သက်သာအောင် နေတတ်တာကလည်း ကိုယ်ခန္ဓာ ပြန်လည်အားပြည့်စေဖို့၊ စိတ်အေးချမ်းဖို့၊ ကပ်ကြီးပြီးသွားတဲ့အခါ ကြုံရမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်ဖို့ စတာတွေအတွက် အလွန်ကို အရေးကြီးပါတယ်။
ဒါ့ကြောင့် အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး တတ်နိုင်သလောက် အိမ်မှာပဲနေပြီး ကမ္ဘာကြီးကို ကယ်တင်ရင်း ကပ်ကြီးပြီးတဲ့နောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အားမွေးထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဒေါက်တာအောင် (www.drmyanmar.com)
Revicon 2

(Zawgyi)
အခုအခ်ိန္ကေတာ့ လူတိုင္းစိုးရိမ္ပူပန္ေနရတဲ့အခ်ိန္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ မျမင္ရတဲ့ရန္သူကို ကာကြယ္ေနရတဲ့အခ်ိန္၊ ကမာၻတစ္ဝွမ္းမွာလည္း တန္ဖိုးရွိတဲ့ လူ႔အသက္ေတြကို ကယ္ဆယ္ေနရတဲ့အခ်ိန္လည္း ျဖစ္ေနပါတယ္။ ဒီလိုအခ်ိန္မွာ တတ္ႏိုင္သမွ် အိမ္မွာပဲေနျခင္းျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ေလွ်ာ့ခ်ရန္ ကူညီဖို႔ကလြဲလို႔ တျခားေ႐ြးခ်ယ္စရာ မရွိပါဘူး။ ဒါေပမဲ့ ဒီလိုမ်ိဳး သူငယ္ခ်င္းေတြနဲ႔အေဝး၊ တခ်ိဳ႕ဆိုရင္ မိသားစုေတြနဲ႔အေဝးမွာ အိမ္မွာပဲေနၿပီး အျပင္မထြက္ရတဲ့အခါ စိတ္ပဲညစ္ရမလို တစ္ဖက္ကလည္း အေရးႀကီးတဲ့အခ်ိန္ ျဖစ္တဲ့အတြက္ စိတ္မညစ္သင့္ေၾကာင္း ေျဖရမလိုနဲ႔ စိတ္ထဲမွာ လြန္ဆြဲေနတတ္ၾကပါတယ္။ ဒီလိုျဖစ္ေနမယ့္အစား ကိုယ့္ရဲ႕ကိုယ္ခံအားေကာင္းေအာင္၊ ကိုယ္က်န္းမာေရးေကာင္းေအာင္၊ စိတ္က်န္းမာေရးေကာင္းေအာင္ ျပဳျပင္ေနထိုင္ၿပီး အရင္က မလုပ္ျဖစ္ခဲ့တဲ့ က်န္းမာေရးထိန္းသိမ္းတဲ့ အေလ့အက်င့္ေတြကို လုပ္ၾကည့္တာက အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္။
>> ဘာ့ေၾကာင့္ ကိုယ္ခံအားေကာင္းေအာင္လုပ္ဖို႔ လိုတာလဲ?
ကိုယ္ခံအားမေကာင္းတဲ့သူဟာ ေရာဂါေတြကို တိုက္ခိုက္ဖို႔နဲ႔ ကာကြယ္ႏိုင္ဖို႔စြမ္းအားေတြ က်ဆင္းေနတာ ျဖစ္ပါတယ္။ ကိုယ္ခံအားမေကာင္းတဲ့အခါ ေရာဂါပိုးေတြ ခႏၶာကိုယ္တြင္း ဝင္ေရာက္ဖို႔ လမ္းေတြပြင့္သြားတယ္လို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ခံအားေကာင္းေအာင္ ျပဳလုပ္ျခင္းဟာ ေရာဂါကုသေရးအတြက္သာမက ကာကြယ္ေရးအတြက္ပါ အသုံးဝင္ေၾကာင္း သိရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ခံအားေကာင္းေစတဲ့ ကုသမႈေတြ အမ်ားႀကီးရွိေနတာ ျဖစ္ပါတယ္။ သဘာဝနည္းလမ္းအတိုင္းဆိုရင္ေတာ့ သစ္သီးဝလံေတြက ကိုယ္ခံအားကို ေထာက္ပံ့ပို႔အတြက္ အေကာင္းဆုံးအရာေတြ ျဖစ္ပါတယ္။ အထူးသျဖင့္ အခုလို ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတဲ့အခ်ိန္မ်ိဳးမွာ ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္ျခင္းဟာ အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္။
>> ကိုယ္ခံအားေကာင္းေအာင္ ဘယ္လိုလုပ္မလဲ?
ကြၽန္ေတာ္တို႔ ကိုယ္ခံအားေကာင္းေအာင္ သဘာဝကေထာက္ပံ့ထားတာ အမ်ားႀကီးရွိပါတယ္။ ဗီတာမင္ C ပါတဲ့ အသီးအႏွံေတြ၊ အစိမ္းေရာင္၊ အဝါေရာင္ရွိတဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ စတဲ့ ဗီတာမင္ဓာတ္ ႂကြယ္ဝတဲ့ အစားအေသာက္ေတြ၊ Zinc ဓာတ္ ႂကြယ္ဝတဲ့ အစားအေသာက္ေတြ (ဥပမာ - အသား၊ ငါး၊ အေစ့အဆန္) ဟာ ကိုယ္ခံအားကို ေကာင္းေစၿပီး အေအးမိ၊ေခ်ာင္းဆိုး၊ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါေတြကို ခဏခဏမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
>> ခ်င္းလက္ဖက္ရည္ ႏွင့္ မီးဖိုေခ်ာင္ထဲရွိ တျခားေသာအံ့ဖြယ္မ်ား
ခ်င္းကို universal remedy လို႔ေခၚၾကပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ သူ႔မွာ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြအမ်ားႀကီး ရွိလို႔ပါပဲ။ ဒါ့ေၾကာင့္ ခ်င္းပါတဲ့ လက္ဖက္ရည္၊ ေဆးေတြဟာ ကိုယ္ခံအားေကာင္းေစဖို႔ အေထာက္အကူျပဳပါတယ္။ ခ်င္းလက္ဖက္ရည္ဟာ အစာေၾကလြယ္ေစတဲ့အျပင္ ေခ်ာင္းဆိုးျခင္း၊ အေအးမိျခင္း ေတြကိုလည္း သက္သာေစပါတယ္။ ခ်င္းလက္ဖက္ရည္ထဲကို တျခားအရာေတြကိုလည္း ထပ္ထည့္ကာ ေသာက္သုံး ႏိုင္ပါေသးတယ္။ ဖာလာ၊ သစ္ႀကံပိုးေခါက္၊ င႐ုတ္ေကာင္း စတာေတြကိုပါ ထပ္ေပါင္းေဖာ္စပ္ႏိုင္ပါ တယ္။ ဆီးျဖဴသီးကလည္း ဗီတာမင္စီ ႂကြယ္ဝတဲ့ အစားအစာျဖစ္တဲ့အတြက္ မနက္ေစာေစာမွာ ေရေႏြးေႏြးနဲ႔ ေဖ်ာ္ေသာက္သင့္ပါတယ္။ အေစ့အဆံေတြနဲ႔ ပဲေတာင့္ရွည္တို႔ကလည္း ကိုယ္ခံအားေကာင္းေစတဲ့ အစားအစာေတြ ျဖစ္ပါတယ္။
>> ျပန္လည္ထူေထာင္ျခင္း
ျပန္လည္ထူေထာင္ျခင္းဆိုတာ ဒီေရာဂါကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါ ပုံမွန္လုပ္ေနက်ျဖစ္တဲ့ အလုပ္ေတြကို အျမန္ဆုံးပုံမွန္ျဖစ္ေအာင္ ျပန္လုပ္ႏိုင္ဖို႔ ျပင္ဆင္ျခင္းပဲ ျဖစ္ပါတယ္။ ခႏၶာကိုယ္ေရာ၊ စိတ္ေရာ ပုံမွန္ျပန္ျဖစ္ဖို႔ လိုပါတယ္။ ကိုယ္က်န္းမာေရး၊ စိတ္က်န္းမာေရး၊ ေနာက္ဆုံးအေနနဲ႔ ခံစားမႈအပိုင္းေတြပါပါဝင္ပါတယ္။ ဒီလိုျဖစ္ ဖို႔ဆိုရင္ ဒီအခ်ိန္မွာ ျပင္ဆင္စရာရွိတာ ျပင္ဆင္ရပါမယ္။
ပထမဆုံးအေနနဲ႔ တစ္ကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုစိုက္ရပါမယ္။ တစ္ကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုစိုက္တာနဲ႔ ရမယ့္အက်ိဳးေက်းဇူးေတြက အမ်ားႀကီးရွိပါတယ္။ အေရျပားက်န္းမာေရးအတြက္ အေထာက္အကူျပဳႏိုင္တဲ့အျပင္ တခ်ိဳ႕ေသာ ကူးစက္ေရာဂါမ်ားကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
Aromatherapy ဆိုတာကေတာ့ ရနံ႔နဲ႔စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစတဲ့ ကုထုံးျဖစ္ပါတယ္။ ဒီကုထုံးအတြက္ ပန္းအနံ႔အမ်ိဳးမ်ိဳးကို အသုံးျပဳႏိုင္ပါတယ္။ ဒီလို ကိုယ္ႀကိဳက္တဲ့ ပန္းရနံ႔ေလးေတြက အာ႐ုံေၾကာစနစ္ကို လႊမ္းမိုးမႈရွိၿပီး စိတ္ကိုေအးခ်မ္းေစတယ္လို႔ ယူဆၾကပါတယ္။
အိမ္မွာပဲ အလြယ္တကူလုပ္လို႔ရတဲ့ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြကလည္း က်န္းမာေရးအတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။ သင့္တင့္မွ်တတဲ့ အစားအေသာက္ပုံစံကိုပါ ေပါင္းလိုက္ရင္ေတာ့ stay home လုပ္ေနခ်ိန္မွာ အေတာ့္ကို အက်ိဳးရွိသြားမွာ ျဖစ္ပါတယ္။ ဒီလိုေလ့က်င့္ခန္း ပုံမွန္လုပ္တာဟာ ေသြးလည္ပတ္မႈ ေကာင္းေစျခင္း၊ ခႏၶာကိုယ္အတြက္ ေအာက္ဆီဂ်င္ အလုံအေလာက္ရေစျခင္း၊ စိတ္ဖိစီးမႈေတြကို ေလ်ာ့နည္းေစျခင္းစတဲ့ အက်ိဳးေက်းဇူးမ်ား ရရွိေစႏိုင္ပါတယ္။
အေကာင္းျမင္စိတ္ရွိျခင္းကလည္း က်န္းမာေရးအတြက္ ေကာင္းတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ လူတိုင္းမွာ အနည္းနဲ႔အမ်ားေတာ့ စိတ္ဖိစီးမႈေတြရွိေနၾကမွာပါပဲ။ ဒါကို စိတ္ပိုင္းဆိုင္ရာအရ ဘယ္လိုေက်ာ္လႊားရမလဲဆိုတာ သင္ယူျခင္းကို အေကာင္းျမင္စိတ္ရွိျခင္းလို႔ ေခၚပါတယ္။ ဒီလိုစိတ္သက္သာေအာင္ ေနတတ္တာကလည္း ကိုယ္ခႏၶာ ျပန္လည္အားျပည့္ေစဖို႔၊ စိတ္ေအးခ်မ္းဖို႔၊ ကပ္ႀကီးၿပီးသြားတဲ့အခါ ႀကဳံရမယ့္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ႏိုင္ဖို႔ စတာေတြအတြက္ အလြန္ကို အေရးႀကီးပါတယ္။
ဒါ့ေၾကာင့္ အေပၚမွာ ေဖာ္ျပခဲ့တဲ့နည္းလမ္းေလးေတြကို လိုက္နာၿပီး တတ္ႏိုင္သေလာက္ အိမ္မွာပဲေနၿပီး ကမာၻႀကီးကို ကယ္တင္ရင္း ကပ္ႀကီးၿပီးတဲ့ေနာက္ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ အားေမြးထားၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။
ေဒါက္တာေအာင္ (www.drmyanmar.com)






























