Covid-19 ကို ရိုးရိုးရှင်းရှင်းကာကွယ်နိုင်မယ့် နည်းလမ်းများ
(၁) လက်ကို သေချာဆေးကြောပါ။
ဒီတစ်ချက်ကတော့ လူတိုင်းသိပြီးသားပါ။ လက်ကို စနစ်တကျ စင်ကြယ်အောင် ဆေးကြောခြင်းက COVID-19 ရန်ကနေ အတိုင်းအတာတစ်ခုအထိ သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ လက်ကို ဆေးကြောရာတွင်လည်း လက်ချောင်းများကြား၊ လက်ထိပ်များကြားနဲ့ လက်ကောက်ဝတ်၊ တံတောင်ဆစ်ပါမကျန် နေရာအနှံ့ ဆေးကြောသင့်ပြီး စက္ကန့် ၂၀ ကြာအောင် ဆေးကြောရပါမယ်။
(၂) အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
နာတာရှည်စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကိုကျစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေမယ့် အသက်ရှူလေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ဖို့ အကြံပေးလိုပါတယ်။
(၃) အိပ်ရေး၀၀အိပ်စက်ပါ။
အိပ်ရေး၀၀အိပ်ခြင်းဖြင့် ကိုယ်ခံအားကို မြင့်စေပြီး ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
(၄) မိတ်ဆွေများနဲ့ ရင်းနှီးစွာ ဆက်ဆံပါ။
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ရယ်မောခြင်းဟာ အထီးကျန်နေတာထက်စာရင် ကိုယ်ခံအားကို ပိုကောင်းစေပါတယ်။ ဒါပေမဲ့ ဒီအချိန်က အိမ်ထဲက အိမ်ပြင်ကို မလိုအပ်ဘဲ မထွက်သင့်တဲ့ကာလမို့လို့ အပြင်မှာ တွေ့ဆုံတာထက် Phone (သို့) Online ကနေတစ်ဆင့် တွေ့ဆုံစကားပြောတာမျိုးကိုပဲ လုပ်သင့်ပါတယ်။
(၅) အစားများများစားပါ။
အာဟာရပြည့်ဝအောင် စားသောက်ပါ။ Vitamin C ကြွယ်ဝတဲ့ အစားအသောက်တွေကို နေ့စဉ် မှန်မှန်စားပေးတာမျိုး၊ Vitamin C ပါဝင်တဲ့ အားဆေး (ဥပမာ - Enervon-C) တွေ ပုံမှန်သောက်သုံးပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုကာလမှာ အပြင်းအထန် Diet လုပ်တာမျိုး၊ အစားရှောင်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။
Enervon-C Adult 1

(၆) တက်ကြွစွာ နေထိုင်ပါ။
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ရောဂါတွေကို တိုက်ထုတ်ပေးမယ့် Antibodies တွေကို ပိုမိုအားကောင်းစေပါတယ်။
(၇) ရယ်မောပါ။
ခပ်ကျယ်ကျယ်သာ ရယ်မောလိုက်ပါ။ ဟာသရုပ်ရှင်တွေ၊ ဟာသဝတ္ထုတွေ ရှာဖတ်ပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး သွေးဖြူဥတွေကို အားကောင်းစေတာမို့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။
(၈) အရက်ရှောင်ပါ။
အလွန်အကျွံ အရက်သောက်ခြင်းဟာ ကိုယ်ခံအားကိုကျစေတာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
(၉) ဆေးလိပ်ဖြတ်ပါ။
ကင်ဆာရောဂါနဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေတဲ့အတွက် ဝေးဝေးကရှောင်သင့်တဲ့အရာပါပဲ။
(၁၀) နေရောင်ခြည်နဲ့ ထိတွေ့ပါ။
နေရောင်ခြည်ကနေရတဲ့ ဗီတာမင်ဒီဟာ ကိုယ်ခံအားကို မြင့်တက်စေတာမို့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။
(၁၁) Mask တပ်ပါ။
အပြင်ကို အကြောင်းကိစ္စတစ်ခုခုကြောင့် မဖြစ်မနေထွက်ဖို့ လိုအပ်လာပြီဆိုရင် နှာခေါင်းစည်း (Mask) ကို ဝတ်ဆင်ပြီးမှ သွားပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
(၁) လက္ကို ေသခ်ာေဆးေၾကာပါ။
ဒီတစ္ခ်က္ကေတာ့ လူတိုင္းသိၿပီးသားပါ။ လက္ကို စနစ္တက် စင္ၾကယ္ေအာင္ ေဆးေၾကာျခင္းက COVID-19 ရန္ကေန အတိုင္းအတာတစ္ခုအထိ သင့္ကို ကာကြယ္ေပးပါလိမ့္မယ္။ လက္ကို ေဆးေၾကာရာတြင္လည္း လက္ေခ်ာင္းမ်ားၾကား၊ လက္ထိပ္မ်ားၾကားနဲ႔ လက္ေကာက္ဝတ္၊ တံေတာင္ဆစ္ပါမက်န္ ေနရာအႏွံ႔ ေဆးေၾကာသင့္ၿပီး စကၠန႔္ ၂၀ ၾကာေအာင္ ေဆးေၾကာရပါမယ္။
(၂) အသက္႐ွဴေလ့က်င့္ခန္းမ်ား ျပဳလုပ္ပါ။
နာတာရွည္စိတ္ဖိစီးမႈေၾကာင့္ ကိုယ္ခံအားကိုက်ေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစမယ့္ အသက္႐ွဴေလ့က်င့္ခန္းမ်ား၊ ေယာဂေလ့က်င့္ခန္းမ်ား ျပဳလုပ္ဖို႔ အႀကံေပးလိုပါတယ္။
(၃) အိပ္ေရး၀၀အိပ္စက္ပါ။
အိပ္ေရး၀၀အိပ္ျခင္းျဖင့္ ကိုယ္ခံအားကို ျမင့္ေစၿပီး ေရာဂါေတြကို ကာကြယ္ႏိုင္ပါတယ္။
(၄) မိတ္ေဆြမ်ားနဲ႔ ရင္းႏွီးစြာ ဆက္ဆံပါ။
သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္႐ႊင္စြာ ရယ္ေမာျခင္းဟာ အထီးက်န္ေနတာထက္စာရင္ ကိုယ္ခံအားကို ပိုေကာင္းေစပါတယ္။ ဒါေပမဲ့ ဒီအခ်ိန္က အိမ္ထဲက အိမ္ျပင္ကို မလိုအပ္ဘဲ မထြက္သင့္တဲ့ကာလမို႔လို႔ အျပင္မွာ ေတြ႕ဆုံတာထက္ Phone (သို႔) Online ကေနတစ္ဆင့္ ေတြ႕ဆုံစကားေျပာတာမ်ိဳးကိုပဲ လုပ္သင့္ပါတယ္။
(၅) အစားမ်ားမ်ားစားပါ။
အာဟာရျပည့္ဝေအာင္ စားေသာက္ပါ။ Vitamin C ႂကြယ္ဝတဲ့ အစားအေသာက္ေတြကို ေန႔စဥ္ မွန္မွန္စားေပးတာမ်ိဳး၊ Vitamin C ပါဝင္တဲ့ အားေဆး (ဥပမာ - Enervon-C) ေတြ ပုံမွန္ေသာက္သုံးေပးတာမ်ိဳးေတြ လုပ္ေဆာင္သင့္ပါတယ္။ ဒီလိုကာလမွာ အျပင္းအထန္ Diet လုပ္တာမ်ိဳး၊ အစားေရွာင္တာမ်ိဳး လုံးဝမျပဳလုပ္ရပါဘူး။
(၆) တက္ႂကြစြာ ေနထိုင္ပါ။
ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္းျဖင့္ ေရာဂါေတြကို တိုက္ထုတ္ေပးမယ့္ Antibodies ေတြကို ပိုမိုအားေကာင္းေစပါတယ္။
(၇) ရယ္ေမာပါ။
ခပ္က်ယ္က်ယ္သာ ရယ္ေမာလိုက္ပါ။ ဟာသ႐ုပ္ရွင္ေတြ၊ ဟာသဝတၳဳေတြ ရွာဖတ္ပါ။ စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစၿပီး ေသြးျဖဴဥေတြကို အားေကာင္းေစတာမို႔ ေရာဂါေတြကို ကာကြယ္ေပးပါတယ္။
(၈) အရက္ေရွာင္ပါ။
အလြန္အကြၽံ အရက္ေသာက္ျခင္းဟာ ကိုယ္ခံအားကိုက်ေစတာမို႔ တတ္ႏိုင္သမွ် ေရွာင္ၾကဥ္သင့္ပါတယ္။
(၉) ေဆးလိပ္ျဖတ္ပါ။
ကင္ဆာေရာဂါနဲ႔ အဆုတ္ေရာဂါေတြကို ျဖစ္ေစတဲ့အတြက္ ေဝးေဝးကေရွာင္သင့္တဲ့အရာပါပဲ။
(၁၀) ေနေရာင္ျခည္နဲ႔ ထိေတြ႕ပါ။
ေနေရာင္ျခည္ကေနရတဲ့ ဗီတာမင္ဒီဟာ ကိုယ္ခံအားကို ျမင့္တက္ေစတာမို႔ ေရာဂါေတြကို ကာကြယ္ေပးပါတယ္။
(၁၁) Mask တပ္ပါ။
အျပင္ကို အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ မျဖစ္မေနထြက္ဖို႔ လိုအပ္လာၿပီဆိုရင္ ႏွာေခါင္းစည္း (Mask) ကို ဝတ္ဆင္ၿပီးမွ သြားပါ။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























