Covid-19 အပါအဝင် ဗိုင်းရပ်စ်ပိုးမွှားတွေကို အထိရောက်ဆုံး ကာကွယ်နိုင်ဖို့ အကြံပြုချက်များ
1. တစ်ညကို ၇ နာရီကနေ ၈ နာရီထိ အိပ်စက်ပါ။
2. တစ်နေ့ကို ဆားရည်နွေးဖြင့် ပလုတ်ကျင်းခြင်းကို နှစ်ကြိမ်ပြုလုပ်ပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ချွဲတွေစုပုံခြင်းကိုဖယ်ရှားပေးပြီး ပိုးတွေကို သေစေပါတယ်။
3. ရေဓာတ် ပြည့်ဝစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။
4. အိမ်မှာ လေထုစိုစွတ်စေသော humidifier ရှိပါက အသုံးပြုပါ။ ပတ်ဝန်းကျင်လေထုတွင် စိုထိုင်းဆ ၄၀% ရှိနေပါက ဗိုင်းရပ်စ်အနေနဲ့ အသက်ရှူလမ်းကြောင်းထဲထိရောက်နိုင်ဖို့ ခဲယဉ်းပါတယ်။
5. ကော်ဖီကဲ့သို့ ရေဓာတ်နည်းပါးစေတဲ့ အရာများကို အလွန်အကျွံသောက်တာမျိုးမှ ရှောင်ကြဉ်သင့်ပါတယ်။
6. သဘာဝအတိုင်း ကိုယ်ခံအားတက်စေတဲ့ အစားအစာများဖြစ်တဲ့ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်း၊ နံနံပင်၊ အရိုးစွပ်ပြုတ်များကို နေ့စဉ်ချက်ပြုတ်စားသောက်ပါ။
7. ဗီတာမင် C ကြွယ်ဝသော အစားအသောက်များကို နေ့စဉ် စားသောက်ပါ။ (ဥပမာ - လိမ္မော်သီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း)။ Enervon-C လို ဗီတာမင် C ပါဝင်တဲ့ အားဆေးတွေကို မှီဝဲလို့လည်း ရပါတယ်။
8. ဇင့်ဓာတ်ကြွယ်ဝသော အစားအစာများဖြစ်တဲ့ ပဲ၊ သစ်ကြားစေ့၊ သစ်အယ်စေ့၊ သီဟိုစေ့၊ ပဲအမျိုးမျိုးနဲ့ ဖရုံစေ့များကို စားသုံးပါ။
9. အရက်ဖြတ်ပါ။ ကိုယ်ခံအားကို ကျစေပါတယ်။
10. ဆေးလိပ်မသောက်ပါနဲ့။
Enervon-C Adult 1

11. ဗီတာမင် D ရရှိစေဖို့ ခြံထဲဆင်းပြီး နေရောင်ခြည်နဲ့ ထိတွေ့တာမျိုး ပြုလုပ်ပါ။
12. ခြံဝန်းထဲမှာ မြေကြီးပေါက်ခြင်း၊ ပန်းပင်များ စိုက်ပျိုးခြင်းတို့ ပြုလုပ်ပါ။ သီးပင်စားပင်များလည်း စိုက်ပျိုးနိုင်ပါတယ်။
13. သီချင်းအကျယ်ကြီး အော်ဆိုပါ။ အဆုတ်အားကောင်းစေပြီး စိတ်ဖိစီးမှုတွေ ပြေလျော့စေပါတယ်။
14. ကိုယ်က အဝေးကို ရောက်နေတယ်ဆိုရင်လည်း မိဘတွေဆီ ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်း၊ ချစ်ခင်ကြောင်း ပြောပါ။
15. လူစုလူဝေးပြုလုပ်ခြင်း၊ ညအိပ်လက်ခံခြင်းနဲ့ တွေ့ဆုံပျော်ပါးခြင်းတွေကို လုံးဝမပြုလုပ်ပါနဲ့။
16. လက်ကို မကြာခဏ ဆေးပါ။ မျက်နှာကိုလက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ပါ။
17. အိမ်မှာနေပါ။ မဖြစ်မနေ ထွက်ရပါက mask တပ်ပါ။
လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
1. တစ္ညကို ၇ နာရီကေန ၈ နာရီထိ အိပ္စက္ပါ။
2. တစ္ေန႔ကို ဆားရည္ေႏြးျဖင့္ ပလုတ္က်င္းျခင္းကို ႏွစ္ႀကိမ္ျပဳလုပ္ပါ။ ဒီလိုျပဳလုပ္ျခင္းျဖင့္ ႏွာေခါင္းနဲ႔ အသက္႐ွဴလမ္းေၾကာင္းတစ္ေလွ်ာက္မွာ ခြၽဲေတြစုပုံျခင္းကိုဖယ္ရွားေပးၿပီး ပိုးေတြကို ေသေစပါတယ္။
3. ေရဓာတ္ ျပည့္ဝေစဖို႔ တစ္ေန႔ကို အနည္းဆုံး ေရ (၈) ဖန္ခြက္ ေသာက္ပါ။
4. အိမ္မွာ ေလထုစိုစြတ္ေစေသာ humidifier ရွိပါက အသုံးျပဳပါ။ ပတ္ဝန္းက်င္ေလထုတြင္ စိုထိုင္းဆ ၄၀% ရွိေနပါက ဗိုင္းရပ္စ္အေနနဲ႔ အသက္႐ွဴလမ္းေၾကာင္းထဲထိေရာက္ႏိုင္ဖို႔ ခဲယဥ္းပါတယ္။
5. ေကာ္ဖီကဲ့သို႔ ေရဓာတ္နည္းပါးေစတဲ့ အရာမ်ားကို အလြန္အကြၽံေသာက္တာမ်ိဳးမွ ေရွာင္ၾကဥ္သင့္ပါတယ္။
6. သဘာဝအတိုင္း ကိုယ္ခံအားတက္ေစတဲ့ အစားအစာမ်ားျဖစ္တဲ့ ၾကက္သြန္ျဖဴ၊ ခ်င္း၊ နႏြင္း၊ နံနံပင္၊ အ႐ိုးစြပ္ျပဳတ္မ်ားကို ေန႔စဥ္ခ်က္ျပဳတ္စားေသာက္ပါ။
7. ဗီတာမင္ C ႂကြယ္ဝေသာ အစားအေသာက္မ်ားကို ေန႔စဥ္ စားေသာက္ပါ။ (ဥပမာ - လိေမၼာ္သီး၊ ကီဝီသီး၊ ပန္းေဂၚဖီစိမ္း)။ Enervon-C လို ဗီတာမင္ C ပါဝင္တဲ့ အားေဆးေတြကို မွီဝဲလို႔လည္း ရပါတယ္။
8. ဇင့္ဓာတ္ႂကြယ္ဝေသာ အစားအစာမ်ားျဖစ္တဲ့ ပဲ၊ သစ္ၾကားေစ့၊ သစ္အယ္ေစ့၊ သီဟိုေစ့၊ ပဲအမ်ိဳးမ်ိဳးနဲ႔ ဖ႐ုံေစ့မ်ားကို စားသုံးပါ။
9. အရက္ျဖတ္ပါ။ ကိုယ္ခံအားကို က်ေစပါတယ္။
10. ေဆးလိပ္မေသာက္ပါနဲ႔။
11. ဗီတာမင္ D ရရွိေစဖို႔ ၿခံထဲဆင္းၿပီး ေနေရာင္ျခည္နဲ႔ ထိေတြ႕တာမ်ိဳး ျပဳလုပ္ပါ။
12. ၿခံဝန္းထဲမွာ ေျမႀကီးေပါက္ျခင္း၊ ပန္းပင္မ်ား စိုက္ပ်ိဳးျခင္းတို႔ ျပဳလုပ္ပါ။ သီးပင္စားပင္မ်ားလည္း စိုက္ပ်ိဳးႏိုင္ပါတယ္။
13. သီခ်င္းအက်ယ္ႀကီး ေအာ္ဆိုပါ။ အဆုတ္အားေကာင္းေစၿပီး စိတ္ဖိစီးမႈေတြ ေျပေလ်ာ့ေစပါတယ္။
14. ကိုယ္က အေဝးကို ေရာက္ေနတယ္ဆိုရင္လည္း မိဘေတြဆီ ဖုန္းဆက္ၿပီး ေက်းဇူးတင္ေၾကာင္း၊ ခ်စ္ခင္ေၾကာင္း ေျပာပါ။
15. လူစုလူေဝးျပဳလုပ္ျခင္း၊ ညအိပ္လက္ခံျခင္းနဲ႔ ေတြ႕ဆုံေပ်ာ္ပါးျခင္းေတြကို လုံးဝမျပဳလုပ္ပါနဲ႔။
16. လက္ကို မၾကာခဏ ေဆးပါ။ မ်က္ႏွာကိုလက္ျဖင့္ ထိေတြ႕ျခင္းမွ ေရွာင္ပါ။
17. အိမ္မွာေနပါ။ မျဖစ္မေန ထြက္ရပါက mask တပ္ပါ။
ေလေျပႏုေသြး(ေဆး-၂) (www.drmyanmar.com)






























