ကျန်းမာရေး၀န်ကြီးဌာနမှ အရည်အသွေးအာမခံချက်မရှိသော သောက်ရေသန့် 15 မျိုး၏ အမည်စာရင်းကြေညာ
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အရည်အသွေးစိစစ်ထောက်ခံထားခြင်း မရှိဘဲ ဈေးကွက်အတွင်း ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသော သောက်ရေသန့် 15 မျိုး၏ အမည်စာရင်းကို 17 ရက်၊ မေလ၊ 2016 ခုနှစ်တွင် ကျန်းမာရေး၀န်ကြီးဌာနမှ အသိပေးကြေညာခဲ့သည်။ အဆိုပါ သောက်ရေသန့် အမှတ်တံဆိပ်များမှာ Smart သောက်ရေသန့်၊ KK သောက်ရေသန့်၊ United Family သောက်ရေ သန့်၊ အေးချမ်းသာ သောက်ရေသန့်၊ Moon Face သောက်ရေသန့်၊ AZURE သောက်ရေသန့်၊ Rain Cloud (မိုးတိမ်လွှာ) သောက်ရေသန့်၊ Than Lwin (သံလွင်) သောက်ရေသန့်၊ Prince သောက်ရေသန့်၊ ကြည်ရတနာ သောက်ရေသန့်၊ Mandalay သောက်ရေသန့်၊ Fresh pH7 သောက်ရေသန့်၊ R Plus သောက်ရေသန့်၊ တိမ်စင်ကြယ် သောက်ရေသန့်၊ Pure 7 သောက်ရေသန့် တို့ဖြစ်ကြောင်း သိရသည်။






























