ဖုန်းမျိုချခဲ့ခြင်းကြောင့် ဆရာ၀န်ကခွဲစိတ်ပြီး ဖယ်ရှားပေးခဲ့ရ
Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ
မယုံကြည်နိုင်စရာပါဘဲ။ လက်ကိုင်ဖုန်းကို လူတစ်ယောက်က မျိုချလိုက်တာကြောင့် ဆရာ၀န်တွေက ဖယ်ရှားပေးခဲ့ကြရပါတယ်။ အိုင်ယာလန်ရှိ အသက် (29) နှစ်အရွယ် ထောင်သားတစ်ဦး ဟာ လေးနာရီကျော်ကြာ အော့အန်နေတာကြောင့် အရေးပေါ်ခန်းသို့ ရောက်ရှိခဲ့ပါတယ်။
သူဟာ လွန်ခဲ့တဲ့ 6 နာရီကျော်ခန့်က မိုဘိုင်းဖုန်းကို မျိုချခဲ့ခြင်းဖြစ်ပြီး ဓာတ်မှတ်အဖြေတွင် အစာအိမ်တွင်းမှာ ဖုန်းကို တွေ့ရှိခဲ့တာကြောင့် အူလမ်းကြောင်းတစ်လျှောက် ဆင်းသွားခြင်းရှိ/မရှိ စောင့်ကြည့်ခဲ့ကြပါတယ်။ 18 နာရီ ကျော်ကြာသည့်တိုင်အောင် နဂိုနေရာမှာပဲရှိနေတာကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကို အသုံးပြု၍ အစာရေမျိုပြွန်မှတဆင့် ဆွဲယူဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့တာကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။
များသောအားဖြင့် အရာ၀တၳုပစ္စည်းတွေကို မျိုချမိပါက ကင်မရာ တပ်ဆင်ထားတဲ့ ကွေးနိုင်ဆန့်နိုင်တဲ့ ပြွန်ကို အသုံးပြုပြီးဖယ်ရှားတဲ့နည်း (Gastrointestinal Endoscopy) က အသုံး၀င်ပေမယ့် မိုဘိုင်းဖုန်းကဲ့သို့သော ပစ္စည်းများ မျိုချမိပါက အန္တရာယ်ကင်းကင်းနှင့် ဖယ်ရှားနိုင်ရန်အတွက် ပိုမိုစိတ်ချရတဲ့ ကိရိယာတွေလိုအပ်တယ်လို့ ဆရာ၀န်တွေကဆိုပါ တယ်။
အလားတူဖြစ်ရပ်မျိုး 2014 ခုနှစ်တုန်းကလည်း တစ်ကြိမ် ဖြစ်ခဲ့ဖူး ပါတယ်။ 35 နှစ်အရွယ် အမျိုးသားက အရက်မူးနေချိန်တွင် မိုဘိုင်းဖုန်းကို မျိုချခဲ့ပြီး လည်ချောင်းမှာတစ်နေခဲ့တာဖြစ်ပါတယ်။ အစာအိမ်ထဲရောက် သွားတာကတော့ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။
Dr. Htet Htet Aung






























