/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/မလေးရှားနိုင်ငံ-tropicana-ဆေးရုံ၏

မလေးရှားနိုင်ငံ Tropicana ဆေးရုံ၏ ဖန်ပြွန်သနေ္ဓသားနည်းပညာအကြောင်း အင်တာဗျူး

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         မိသားစုဘ၀တစ်ခုကိုတည်ထောင်ပြီးလို့ အချိန်အတိုင်းအတာတစ်ခုကြာရင် အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေကိုလိုချင်ကြတာ ဇနီးမောင်နှံတိုင်းနီးပါးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ထပ်ပြီးအချိန်ကာလအတော်ကြာသည်အထိ ကလေးမရရှိသေးသောစုံတွဲများအတွက် ကမ္ဘာ့အဆင့်မီ ဖန်ပြွန်သနေ္ဓသားနည်းပညာတွင် အောင်မြင်မှုရရှိနေသောဆေးရုံကြီးတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံရှိ ထရိုပီကားနားဆေးရုံကြီး (Tropicana Medical Center) ဆေးရုံကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

        အဆိုပါ ဆေးရုံမှ 2016 ခုနှစ်၊ ဒီဇင်ဘာလအထိ ဖန်ပြွန်သနေ္ဓသားပြုလုပ်လိုသော ဇနီးမောင်နှံများ အတွက် အထူးဈေးနှုန်း အမေရိကန်ဒေါ်လာ 5000 (မြန်မာကျပ် သိန်း 60 ခန့်)ဖြင့် ၀န်ဆောင်မှုပေးသွားမည် ဟုသိရပါတယ်။ ချစ်စရာကလေးငယ်များကို ပိုင်ဆိုင်လိုတဲ့စုံတွဲများအတွက် IVF program အကြောင်းကို ထရိုပီကားနားဆေးရုံကြီးနဲ့ လက်တွဲပြီး၀န်ဆောင်မှုပေးနေတဲ့ မလေးရှားကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားကောင်စီ (MHTC) မြန်မာပြည်ရုံးခွဲမှ မန်နေဂျာ ဒေါက်တာမေမြတ်ဇော် အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

မေး  ။     ။ မင်္ဂလာပါ ဒေါက်တာရှင့်။ မလေးရှားကျန်းမာရေးစောင့်ရှောက်မှုခရီးသွားကောင်စီ (MHTC) ရဲ့ IVF Program အကြောင်းလေးသိပါရစေရှင့်။

ဖြေ   ။     ။ မင်္ဂလာပါ။ ဖန်ပြွန်သနေ္ဓသားနည်းပညာ (IVF Program) ဆိုတာ ကလေးလိုချင်နေတဲ့ ဇနီးမောင်နှံတွေအတွက် ဖန်ပြွန်သနေ္ဓသားနည်းပညာနဲ့ ကလေးရယူခြင်းကိုပြောတာပါ။ ဒီနည်းပညာကို အသုံးပြုပြီး ဆောင်ရွက်ပေးလျက်ရှိတာကတော့ မလေးရှားနိုင်ငံရှိ ထရိုပီကားနားဆေးရုံကြီးပဲဖြစ်ပါတယ်။ ထရိုပီကားနားဆေးရုံကြီးကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၊ ပီနန်းမြို့တွေအပြင် တခြားမြို့တွေ မှာလည်း ဆေးရုံခွဲတွေဖွင့်လှစ်ထားပြီး သားသမီးရယူလိုသောဇနီးမောင်နှံများကို အကောင်းဆုံး ၀န်ဆောင်မှုများပေးလျက်ရှိပါတယ်။ ဆေးရုံမှာ တခြားကျန်းမားရေးဝန်ဆောင်မှုတွေဖြစ်တဲ့ အရိုးအကြောဆိုင်ရာ၊ သားဖွားမီးယပ်ဆိုင်ရာ၊ မိခင်နဲ့ကလေးဆိုင်ရာတို့အပြင် သွားနှင့်ခံတွင်း၊ အလှအပရေးရာ ခွဲစိတ်မှုပြုခြင်းတို့လည်းရှိပါတယ်။ ဒီ၀န်ဆောင်မှုတွေအားလုံးထဲက ထရိုပီကားနားဆေးရုံရဲ့မိျုးပွားခြင်းနှင့် သနေ္ဓအောင်ခြင်းစင်တာကြီးက ဖန်ပြွန်သနေ္ဓသားနည်းပညာနဲ့ ပတ်သက်ပြီး ကမ်ဘာတ၀ှမ်းအောင်မြင်ကျော်ကြားလျက်ရှိပါတယ်။

 

မေး  ။     ။ ဖန်ပြွန်သနေ္ဓသားနည်းပညာကို ဆောင်ရွက်ပေးနေတဲ့ ထရိုပီကားနားဆေးရုံအကြောင်း နဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်လေးကိုလဲရှင်းပြပေးပါ။

ဖြေ   ။     ။ ထရိုပီကားနားဆေးရုံကြီးက ဖန်ပြွန်သနေ္ဓသား     IVF (In Vitro Fertilization) ပြုလုပ်ပေးနေတဲ့ ကမ်ဘာ့အကောင်းဆုံးဆေးရုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖန်ပြွန်သနေ္ဓသားနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့  ဝါရင့်အထူးကုဆရာဝန်ကြီးတွေက နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီး ဆောင် ရွက်ပေးနေတာဖြစ်ပါတယ်။ ဖန်ပြွန်သနေ္ဓသားနဲ့ပတ်သက်ပြီး လိုအပ်တာတွေကိုလည်း ခေတ်မီနည်းပညာများနဲ့ စနစ်တကျထိန်းသိမ်းထားပြီး အကောင်းဆုံးဆောင်ရွက်ပေးနေပါတယ်။

 

မေး  ။     ။ မြန်မာပြည်ကနေသွားမယ်ဆိုရင် ဒေါက်တာတို့ဘက်က ဘယ်လိုတွေ စီစဉ်ဆောင်ရွက်ပေးထားပါသလဲ။ ကုန်ကျစရိတ်အနေနဲ့ကရော ဘယ်လောက်ရှိပါသလဲ။

ဖြေ   ။     ။ အကယ်၍စိတ်ဝင်စားတဲ့စုံတွဲတွေ ကလေးလိုချင်တဲ့စုံတွဲတွေအတွက် ဆေးကုသမှု မခံယူခင်ကနေ အောင်မြင်စွာကုသမှုခံယူပြီး မြန်မာပြည်ပြန်ရောက် တဲ့အချိန်ထိ လိုအပ်တဲ့၀န်ဆောင်မှုတွေကို MHTC မြန်မာပြည်ရုံးခွဲကနေပြီး အခမဲ့ဆောင်ရွက်ပေးပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာပြည်ရုံးခွဲမှာရှိတဲ့ ဆရာဝန်နဲ့ အခမဲ့ဆွေးနွေးတိုင်ပင်စေပါတယ်။ ဆွေးနွေးပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်လုံးကို ဆေးမှတ်တမ်းအဖြစ်ယူပြီး မလေးရှားနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေဆီမှာ အခမဲ့အကြံဉာဏ်တောင်းပေးပြီး ဖန်ပြွန်သနေ္ဓသားပြုလုပ်ဖို့အတွက် ဆေးရုံမှာနေရမယ့်ရက်၊ ပျှမ်းမျှကုန်ကျစရိတ်နဲ့ အောင်မြင်မှုရာခိိုင်နှုန်း ဘယ်လောက်ရှိတယ်ဆိုတာတွေကို လူနာကိုပြန်ပြောပြပေးပါတယ်။ ကုသမှုခံယူလိုတဲ့ ဇနီးမောင်နှံတွေအတွက်လည်း လိုအပ်တဲ့ ပတ်စ်ပို့၊ ဗီဇာကိစ္စတွေအပြင် လေဆိပ်အသွားအပြန်ကြိုပို့ပြုလုပ်ပေးခြင်း၊ တည်းခိုရန်ဟိုတယ်အခန်း စီစဉ်ပေးခြင်း၊ မလေးရှားနိုင်ငံဆရာ၀န်ကြီးများနှင့် ကြိုတင်ရက်ချိန်းယူပေးခြင်းတွေကိုလည်း အခမဲ့ စီစဉ်ပေးပါတယ်။ ဆေးရုံမှာလည်း လူနာများအဆင်ပြေလွယ်ကူအောင် မြန်မာစကားပြန်တွေလည်း ထားပေးထားပါတယ်။

 

မေး  ။     ။ ဖန်ပြွန်သနေ္ဓသားနည်းပညာရဲ့ အောင်မြင်မှုရာခိုင်နှုန်းတွေအနေနဲ့ကရော ဘယ်လောက်ရှိပါသလဲ။

ဖြေ   ။     ။ အောင်မြင်မှုရာခိုင်နှုန်းက အသက်အပိုင်းအခြားနဲ့ သတ်မှတ်ထားပါတယ်။ အမျိုးသမီးကအသက် (35) နှစ်အထိဆိုရင် 66 ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိပါတယ်။ ကိုယ်၀န်ဆောင်မယ့်မိခင်ရဲ့ အသက်အရွယ်နဲ့ တခြားအချက်တွေပေါ်မူတည်ပြီးတော့ အောင်မြင်မှုရာခိုင်နှုန်းက အနည်းငယ်ကွဲပြားခြားနားတာလေးတွေရှိနိုင်ပါတယ်။

 

မေး  ။     ။ အသက်အပိုင်းအခြားအလိုက် ကုန်ကျစရိတ်ကကောကွာခြားပါသလား။

ဖြေ   ။     ။     ခန့်မှန်းကုန်ကျစရိတ်က မိခင်ရဲ့အသက် (35) နှစ်နဲ့ (35) နှစ်အောက်ဆို ပုံမှန်ဖန်ပြွန်သနေ္ဓသား ကုထုံးစရိတ်အတိုင်း ဒေါ်လာ 7000 လောက်ကုန်ကျနိုင်ပြီး မိခင်အသက် (36) နှစ်နဲ့ (36) နှစ်အထက်ဆိုရင်တော့ ဒေါ်လာ 9000 နီးပါးကုန်ကျနိုင်ပါတယ်။ အဲ့ဒီ့မှာပါဝင်မှာတွေက မိျုးဆက်ပွားခြင်းဆိုင်ရာ အထူးကုဆရာ၀န်နဲ့ညှိနှိုင်းတိုင်ပင်ပြီး အကြံဉာဏ်ရယူခြင်း၊ လိုအပ်သော ကုသမှုများပြုလုပ်ခြင်း၊ အမျိုးသားဆီကသုတ်ပိုးစစ်ခြင်း၊ သွေးစစ်ခြင်း၊ အမိျုးသမီးများတွင် သားဥကြွေခြင်းအတွက် လိုအပ်သောဟိုမုန်းများစစ်ဆေးခြင်း၊ အရည်အသွေးပြည့်၀သော ဆေးဝါး ကုသမှုများပေးခြင်း၊ သားဥကိုသနေ္ဓအောင်စေပြီး မိခင်ဝမ်းအတွင်းထည့်သွင်းပြီး ကိုယ်ဝန်ရှိ/မရှိ ပြန်လည် စစ်ဆေးပေးခြင်း အစရှိတဲ့ဖန်ပြွန်သနေ္ဓသား ပြုလုပ်ခြင်းဆိုင်ရာ ကုသနည်းစစ်ဆေးချက်တွေ အကုန်ပါဝင်ပါတယ်။

 

မေး  ။     ။ ဆေးရုံတက်ပြီးကုသမှုခံယူဖို့လိုပါသလား။ ဇနီးမောင်နှံတွေအနေနဲ့ မလေးရှားနိုင်ငံမှာ အချိန်ဘယ်လောက်ကြာနေဖို့လိုပါသလဲ။

ဖြေ   ။     ။ ဖန်ပြွန်သနေ္ဓသားနည်းပညာနဲ့ သားသမီးရယူချင်တယ်ဆိုရင် ကုသမှုပိုင်းနဲ့ပတ်သက်ပြီးတော့ နည်းလမ်း (3) ခုရှိပါတယ််။ အဲ့ဒါတွေကတော့ ရက်ရှည် (32) ရက်ကုသနည်း၊ (18) ရက်ကုသနည်းနဲ့ ရက်တို (10) ရက် ကုသနည်းတို့ဖြစ်ပါတယ်။ လူနာတွေအနေနဲ့ အချိန်လည်းရပြီး အေးအေးဆေးဆေး ကုသချင်တယ်ဆိုရင် ရက်ရှည်ဖြစ်တဲ့ (32) ရက်ကြာကုသနည်းကိုယူပြီး စုံတွဲနှစ်ယောက်လုံးဆေးရုံကို သွားပြီးတော့ အထူးကုဆရာ၀န်ကြီးနဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေးတာတွေ၊ သားဥကြွေတာကို စမ်းသပ်စစ်ဆေးတာတွေ၊ သားဥကြွေအောင်ဆေးသောက်တာတွေကို ပြုလုပ်ရပါမယ်။ သားဥကြွေပြီ ဆိုရင်တော့ အဲ့ဒီသားဥနဲ့ အမျိုးသားဘက်က သုတ်ပိုးကိုယူပြီး အပြင်မှာမျိုးအောင်စေမယ်။ ပြီးရင်မျိုးအောင်ပြီးသား သနေ္ဓသားဥလေးကို အမေ့ဗိုက်ထဲပြန်ထည့်ပေးပြီး (2) ပတ်လောက်ကြာရင် ကိုယ်ဝန်ရှိ/မရှိပြန်စစ်ရပါမယ်။ စစ်တဲ့အခါ ကိုယ်ဝန်ရှိသွားရင် IVF (In Vitro Fertilization) ဖန်ပြွန်သနေ္ဓသားကုသနည်းအောင်မြင်ပါတယ်။ များသောအားဖြင့်တော့ ရက်ရှည် (32) ရက်ကြာကုသနည်းကို အေးအေးဆေးဆေးနဲ့အချိ်န်ပေးနိုင်တဲ့စုံတွဲလုပ်ကြတာများပါတယ်။ (32) ရက်လုံးဆေးရုံမှာနေရမယ်လို့တော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ရက်မှာဆေးရုံကိုလာပေးပြီးရင် အနီးအနားမှာရှိတဲ့ တည်းခိုလို့ရမယ့်ဟိုတယ်၊ အခန်းလိုနေရာမျိုးမှာ သက်တောင့်သက်သာနဲ့ အပန်းဖြေလည်ပတ်ရင်းနေထိုင်နိုင်ပါတယ််။ ကုသမှုခံယူစဉ်တလျှောက်လုံး ဆေးရုံမှာပဲနေရမယ်လို့တော့ မဟုတ်ဖူးပေါ့နော်။

          နောက်ထပ်တစ်မျိုးကတော့ (18) ရက်ကြာကုသနည်းပါ။ သူကလည်း အမျိုးသမီးဆီကသားဥနဲ့ အမျိုးသားဆီကသုတ်ကောင်လေးကိုယူတယ်။ အဲ့ဒီနှစ်ခုကိုပေါင်းပြီး မျိုးအောင်သွားရင် သနေ္ဓအောင်ပြီးသားမျိုးဥကို မိခင်သားအိမ်ထဲပြန်ထည့်ပြီး ဆေးသောက်တာတွေလုပ်ထားပြီး (2) ပတ်ကြာရင် နောက်ထပ်တစ်ခေါက်ထပ်သွားပြီး ကိုယ်ဝန်ရှိ/မရှိပြန်စစ်ဆေးတာပေါ့။ သူကမလေးရှားသွားလိုက် မြန်မာပြည်ပြန်လာလိုက်ဆိုတော့ (2) ခေါက်တော့သွားရတယ်။

       နောက်တစ်ခုကရက်တို 10 ရက်ကုသနည်းရှိတယ်။ သူကပထမဦးဆုံး ဆရာဝန်နဲ့တိုင်ပင်မယ်ပြီးရင် သားဥကြွေဆေးသောက်မယ်။ (2) ပတ်ကြာရင်ပြန်လာပြီး သားဥယူမယ်။ သနေ္ဓအောင်သွားရင် မိခင်သားအိမ်ထဲပြန်ထည့်မယ်။ အဲ့ဒါတွေပြီးလို့ (2) ပတ်ကြာရင် ဒီမြန်မာပြည်က သားဖွားမီးယပ် အထူးကုဆရာ၀န်နဲ့ပဲ ကိုယ်ဝန်ရှိ/မရှိစမ်းမယ်။ ကိုယ်ဝန်ရှိနေမယ်ဆိုရင်အောင်မြင်သွားပြီပေါ့။ ဖန်ပြွန်သနေ္ဓသားကို ဒီလိုကုသနည်း (3) နည်းနဲ့လုပ်ဆောင်ပေးနေပါတယ်။

 

မေး  ။     ။ ကလေးမှာမျိုးရိုးဗီဇအရ မွေးရာပါရောဂါတွေပါမလာအောင် ဆေးရုံအနေနဲ့ဆောင်ရွက်ပေးတာမျိုး ရှိပါသလား။

ဖြေ   ။     ။ တစ်ချို့ဇနီးမောင်နှံတွေမှာ အသက်အရွယ်နဲ့ တခြားသောအချက်များပေါ်လိုက်ပြီး သနေ္ဓသားလေးမှာ မျိုးရိုးဗီဇဆိုင်ရာရောဂါတွေ၊ မွေးရာပါရောဂါတွေ ပါလာနိုင်ပါတယ်။ ဆေးပညာလေ့လာတွေ့ရှိချက်များအရ အမေရဲ့အသက်ကြီးလာတာနဲ့အမျှ ကလေးမှာမွေးရာပါရောဂါတွေပါလာဖို့ အခွင့်အလမ်းများပါတယ်။ ဥပမာအနေနဲ့ပြောရရင် Down Syndrome လို့ခေါ်တဲ့ မွေးရာပါ ဉာဏ်ရည်ချို့တည့်ခြင်းရောဂါလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီမျိုးဗီဇရောဂါတွေမွေးရာပါနှလုံးရောဂါတွေ သနေ္ဓသားလေးဆီမှာပါမလာအောင် ကြိုတင်ဖယ်ထုတ်လို့ရပါတယ်။ အဲဒီနည်းပညာကို PGD(Pre-implantation Genetic Diganosis) မျိုးရိုးဗီဇအလိုက် ဖြစ်ပွားတတ်သော မွေးရာပါရောဂါများကို ကြိုတင်စစ်ဆေးဖယ်ထုတ်ပေးခြင်းလို့ခေါ်ပါတယ်။ သနေ္ဓသားလေးကို သနေ္ဓအောင်စဉ်ကပဲမွေးရာပါရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ၊ ဒေါင်း (Down Syndrome) ရောဂါတွေမပါအောင် ကြိုပြီးတော့ဖယ်ထုတ်လိုက်တဲ့နည်းပညာပါ။ ဒီ PGD နည်းပညာလေးနဲ့ ဖန်ပြွန်သနေ္ဓသားရယူချင်တယ် ဒေါ်လာ (14,000) လောက်ကျမယ်။ မိဘတွေက အသက် 36 နှစ်ထက်ကြီးမယ်ဆိုရင်တော့ ဒေါ်လာ (16,000) လောက်ကုန်ကျနိုင်ပါတယ်။

 

မေး  ။     ။ ဖန်ပြွန်သနေ္ဓသားနဲ့ ကိုယ်ဝန်ဆောင်ပြီးမွေးဖွားလာတဲ့ကလေးနဲ့ သာမန်သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မွေးဖွားလာတဲ့ကလေးတွေက ဘယ်လိုကွာခြားမှုရှိပါသလဲ။

ဖြေ   ။     ။ များသောအားဖြင့်ကွာခြားချက်မရှိပါဘူး။ အမိျုးသားနဲ့ အမျိုးသမီး သဘာဝအတိုင်းသနေ္ဓအောင်ပြီး ကိုယ်၀န်ဆောင်တာနဲ့ ဖန်ပြွန်သနေ္ဓသားနည်းပညာဆိုတာ အမျိုးသားဆီကသုတ်ကောင်လေးနဲ့ အမိျုးသမီးဆီကသားဥလေးကို အပြင်မှာသနေ္ဓအောင်စေပြီးမှ သနေ္ဓအောင်ပြီးသား သနေ္ဓသားလေးကိုမိခင်သားအိမ်ထဲကို ပြန်ထည့်ပေးပြီးတော့ သနေ္ဓသားလောင်းလေးကို ဆက်လက်ဖွံ့ဖြိုးကြီးထွားစေပြီး ကိုယ်၀န်ဆောင်တာဖြစ်တဲ့အတွက် ကွာခြားမှုမရှိလှပါဘူး။ ဒါပေမယ့် အမွှာကိုယ်၀န်တို့၊ ကိုယ်၀န်ဆောင်မိခင်မှာ နဂိုတည်းကရောဂါတစ်ခုခု ဥပမာ - သွေးတိုးရောဂါ၊ နှလံံုံးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်၀န်ဆိပ်တတ်တဲ့ရောဂါ စတာတွေရှိနေတယ်ဆိုရင်တော့ သဘာ၀အတိုင်းပဲ ကိုယ်၀န်ဆောင်ဆောင်၊ ဖန်ပြွန်သနေ္ဓသားနဲ့ပဲ ကိုယ်၀န်ဆောင်ဆောင် သာမာန်ထက်တော့ပိုပြီးဂရုစိုက်ရပါတယ်။

 

မေး  ။     ။ ကလေးလိုချင်တဲ့ ဇနီးမောင်နှံတွေအနေနဲ့ ဒေါက်တာတို့ရဲ့ မလေးရှားကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားကောင်စီ (MHTC) နဲ့ဘယ်လိုမျိုးချိတ်ဆက်နိုင်ပါသလဲ။

ဖြေ   ။     ။     ဖန်ပြွန်သနေ္ဓသားပြုလုပ်တာကို စိတ်ဝင်စားတယ်၊ တခြားသောဖန်ပြွန်သနေ္ဓသားနဲ့ ပတ်သက်တာတွေကို မိျုးဆက်ပွားခြင်းဆိုင်ရာတွေကို စစ်ဆေးချင်တယ်ဆို အေးအေးဆေးဆေးဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် အမတို့မလေးရှားနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခရီးသွားကောင်စီ မြန်မာပြည်ရုံးခွဲဖြစ်တဲ့ အခန်း (8) မြေညီထပ်၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ကို လာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်။ ဖုန်းနံပါတ် 09-785315935 ကိုလည်းဆက်သွွယ် စုံစမ်းနိုင်ပါတယ်။

 

မေး  ။     ။     မလေးရှားကျန်းမာရေးစောင့်ရှောက်မှုကောင်စီအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ၀န်ဆောင်မှုများအပြင် အခြား၀န်ဆောင်မှုတွေ ဖြည့်စွက်ထားတာများ ရှိ/မရှိသိပါရစေ။ ဥပမာ - ဆေးကုသမှုခံယူဖို့ လာရောက်သူတွေကို မလေးရှားနိုင်ငံအတွင်းမှာရှိတဲ့ အထင်ကရနေရာတွေကို အလည်အပတ်ပို့ဆောင်ပေးတာမျိုးရောရှိပါသလား။

ဖြေ   ။     ။ Medical Tourism လို့ခေါ်တဲ့ ကျန်းမာရေးေစောင့်ရှောက်မှုခံယူရင်း ခရီးသွားလည်ပတ်ချင်တယ်ဆိုရင်လည်း အမတို့ကစီစဉ်ပေးပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ အထင်ကရဖြစ်တဲ့နေရာတွေနဲ့ ရိုးရာယဉ်ကျေးမှုဓလေ့များကိုလေ့လာရင်း မလေးရှားနိုင်ငံသားများရဲ့ ပျူငှာဖော်ရွေမှုနဲ့ တွေ့ကြုံခံစားနိုင်ရန်လည်း စီစဉ်ပေးပါတယ်။ ကျွန်မတို့ မလေးရှားကျန်းမာရေးစောင့်ရှောက်မှု ခရီးသွားကောင်စီကနေ လူနာများ၊ ဆေးကုသမှုခံယူရင်း လည်ပတ်သွားလာလိုသောခရီးသွားများအတွက်လည်း ခရီးစဉ်အစမှအဆုံးစီစဉ်ပြီး စိတ်တို်င်းကျဝန်ဆောင်မှုများပေးနေပါတယ်။

 

မေး  ။     ။ ဆေးရုံကြီးရဲ့အများနှင့်မတူသည့် ၀န်ဆောင်မှုအကြောင်းလေးနှင့် အားသာချက်များအကြောင်းအပါအ၀င် ဖြည့်စွက်ပြောကြားလိုတာမျိုးလေးရှိရင်ပြောကြားပေးစေချင်ပါတယ်။

ဖြေ   ။     ။ ဖန်ပြွန်သနေ္ဓသားနဲ့ပတ်သက်ရင် ဒီထရိုပီကားနားဆေးရုံကြီးက ကမ်ဘာ့အောင်မြင်ကျော်ကြားသော ဆေးရုံကြီးတစ်ခုဖြစ်သလို အာရှတိုက်မှာလည်း ဖန်ပြွန်သနေ္ဓသားကို နှစ်ပေါင်းများစွာတိုင် အောင်မြင်စွာဆောင်ရွက်ပေးနေတဲ့ ကမ်ဘာ့အသိအမှတ်ပြု ဆုတံဆိပ်ပေါင်းများရတဲ့ ဆေးရုံကြီးတစ်ခုပါ။ ထရိုပီကားနားဆေးရုံကြီးတွင် ခေတ်မီနောက်ဆုံးပေါ် စက်ကိရိယာကြီးများ၊ နည်းပညာများနဲ့ ကျွမ်းကျင်တဲ့ ဝါရင့်အထူးကုဆရာ၀န်ကြီးတွေ သင့်တင့်မျှတသော ကုန်ကျစရိတ်တို့ဖြင့် အောင်မြင်စွာကုသပေးလျက်ရှိပြီး ဖန်ပြွန်သနေ္ဓသားကုသနည်းအတွက် ကုန်ကျစရိတ်ကလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီးသက်သာပြီး အောင်မြင်မှု ရာခိုင်နှုန်းလည်း ပိုများပါတယ်။

 

May Su Hlaing

www.drmyanmar.com