ယောဂနှင့် ကျန်းမာရေး
ကျန်းမာရေးနှင့် အလှအပဆိုတာ များစွာဆက်စပ်မှုရှိပါတယ်။ ကျန်းမာမှ လှပနိုင်မယ်ဆိုတာကိုလည်း အများသိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပကျော့ရှင်းနိုင်စေရန် နည်းလမ်းများစွာကို ရှာဖွေကြရပြန်ပါတယ်။ ဒီနည်းလမ်းတွေထဲကမှ မိတ်ဆွေတို့ရဲ့ကျန်းမာလှပမှုအပါအ၀င် စိတ်ချမ်းသာပျော်ရွှင်မှုကိုပါ အစစ်အမှန်ခံစားရစေမယ့် ယောဂကျင့်စဉ်လေးတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့အတွက် Yoga Land သင်တန်းမှ ဆရာမ မနှင်းနှင်းဖြူနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး ။ ။ ယောဂကျင့်စဉ်တွေက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူ ဖြစ်စေနိုင်မလဲ သိပါရစေရှင့်။
ဖြေ ။ ။ ယောဂကျင့်စဉ်တွေက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေရုံသာမကပဲ စိတ်ကိုပါ တည်ငြိမ်အေးချမ်းမှု ပေးနိုင်ပါတယ်။ ဥပမာ သွေးတိုးဆီးချိုလိုမျိုး၊ ဒူနာခါးနာလိုမျိုး ကျန်းမာရေးပြသနာတွေကို သက်သာစေဖို့အတွက်လည်း အများကြီးအထောက်အကူပြုပါတယ်။
မေး ။ ။ ယောဂကျင့်စဉ်တွေကို အသက်အရွယ်မရွေး လေ့ကျင့်နိုင်ပါသလားရှင့်။ လေ့ကျင့်ရာမှာ ဆောင်ရန်၊ ရှောင်ရန်လေးတွေရော ရှိပါသလားရှင့်။
ဖြေ ။ ။ ယောဂကျင့်စဉ်တွေက အသက် 5 နှစ် ကလေး နားလည်နိုင်စွမ်းရှိတဲ့အရွယ်ပေါ့နော်။ အဲဒီကနေပြီးတော့မှ 70 ၊ 80 အရွယ်လူကြီးတွေအထိ ကျင့်လို့ရတယ်ပေါ့။ ဒါပေမယ့် အသက်အရွယ်ပေါ်မူတည်ပြီးတော့မှ လေ့ကျင့်ပုံက ကွဲပြားနိုင်တယ်ပေါ့။ ဥပမာ 8 နှစ် အရွယ် ကလေးတစ်ယောက်ရဲ့လေ့ကျင့်မှုပုံစံနဲ့ လူကြီးတစ်ယောက်ရဲ့လေ့ကျင့်မှုပုံစံကတော့ ဘယ်လိုမှမတူနိုင်ဘူးပေါ့။ ပြီးရင် ဆောင်ရန်ရှောင်ရန်အနေနဲ့ကျတော့ ယောဂမကျင့်ခင် 2 နာရီမတိုင်ခင် အစာမစားဘဲနဲ့ အစာအိမ်အလွတ်နဲ့ကျင့်ရင်ပိုကောင်းတယ်။ သို့သော် ချွင်းချက်အနေနဲ့ ဆီးချိုရောဂါရှိတဲ့သူတွေဆိုလို့ရှိရင် သူတို့က အစာနဲ့အရမ်းေ၀းသွားလို့ရှိရင် သကြားဓာတ်ကျတာတို့၊ ခေါင်းမူးတာမျိုးတို့ဖြစ်တတ်တဲ့အခါကျတော့ အစာကြေညက်လွယ်တဲ့ juiceတို့၊ နွားနို့တို့၊ ပေါင်မုန့်တို့ တစ်ခုခုစားပြီးတော့ 10 မိနစ်၊ 15 မိနစ်လောက်ဆို ဒါတွေက နည်းနည်းအစာကြေညက်ပြီဆိုရင်တော့ လေ့ကျင့်လို့ရတယ်ပေါ့။ ဆီးချိုသမားတွေဆိုလို့ရှိရင် အစာနဲ့အရမ်းခြားတာ၊ အစာမရှိတာမျိုးကိုတော့ နည်းနည်းလေးရှောင်စေချင်တယ်ပေါ့။
နောက်တစ်ခုက ၀ိတ်ကျချင်တဲ့သူတွေအနေနဲ့ဆိုရင်တော့ လေ့ကျင့်ပြီး နာရီ၀က်လောက်မှစားလို့ရှိရင် ၀ိတ်ကျတာပိုပြီးတော့မှ အထောက်အကူဖြစ်တယ်ပေါ့။ ၀ိတ်တတ်ချင်တဲ့သူတွေ၊ တစ်ချို ကောင်မလေးတွေပိန်ပိန်လေးတွေ၊ ငယ်ငယ်လေးတွေဆိုရင် ယောဂလေ့ကျင့်ပြီးပြီးချင်း စားလို့ရှိရင် ၀ိတ်တက်တယ်။ ပိန်ချင်တဲ့သူဆိုရင် နာရီ၀က်လောက်ခြား၊ ၀ချင်တဲ့သူဆိုရင် ချက်ခြင်းစား အဲ့လိုမျိုးလေးတွေတော့ ရှိတာပေါ့နော်။
မေး ။ ။ ကို်ယ်အလေးချိန်လျှော့ချလိုတဲ့သူတွေအနေနဲ့ရော ယောဂလေ့ကျင့်တာက အကျိုးရှိပါသလား။
ဖြေ ။ ။ ကိုယ်လေးအချိန်လျော့ချတဲ့နေရာမှာကျတော့ သူကအဖက်ဖက်က လိုအပ်ချက်တွေတော့ အများကြီးရှိတယ်ပေါ့နော်။ ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင် ယောဂကျင့်ရင်းနဲ့ အခြားတစ်ဖက်မှာ အဆီများတဲ့အစားအစာတွေကိုစားမယ်၊ အလုပ်တွေကလည်းအရမ်းများတော့ Stress တွေရှိနေမယ်၊ ညဘက်ကောင်းကောင်း အိပ်မပျော်ဘူး၊ အဲ့လိုမျိုးတွေဆိုရင် ကိုယ်အလေးချိန်ကျဖို့က ယောဂတစ်မျိုးထဲကျင့်နေရုံနဲ့ မလွယ်ဘူး။ ယောဂလည်းကျင့်မယ် ခုနပြောတဲ့ အနေအထိုင်အစားအသောက်လည်း ဆင်ခြင်မယ်၊ အဆီနည်းတဲ့ဟာတွေလည်းစားမယ်။ ယောဂကိုကျင့်တယ်ဆိုတဲ့နေရာမှာလည်း သာမန်ကာလျှံကာ မဟုတ်ဘဲ ဇွဲကြီးကြီးနဲ့ တစ်ပတ်ကို အနည်းဆုံး 6ရက်လောက် ကျင့်နိုင်မယ်ဆိုရင်တော့ ၀ိတ်ကျဖို့ အထောက်အကူအများကြီး ဖြစ်ပါတယ်။
မေး ။ ။ ယောဂကျင့်စဉ်နဲ့ ပတ်သက်ပြီးဆရာမရဲ့အတွေ့အကြုံလေးတွေကိုလည်း မျှေ၀ပေးပါဦးရှင့်။
ဖြေ ။ ။ ကျွန်မရဲ့ အတွေ့အကြုံဆိုရင်တော့ ကျွန်မ 2012 မှာ သားအငယ်လေးကို မွေးတယ်ပေါ့။ မွေးပြီး ကိုယ်အလေးချိန်တွေက overweight တွေဖြစ်တယ်။ လူကကြည့်မကောင်းလာတဲ့အခါကျတော့ စိတ်ဓာတ်ကျတယ်။ စိတ်ဖိစီးမှုတွေဖြစ်တယ်။ ဒီကလေးငယ်လေးနဲ့ပဲ တစ်နေကုန်တစ်နေခမ်းဆိုတဲ့အခါကျတော့ ဘယ်လိုမှလည်း ကိုယ်ရဲ့အခြေအနေအရ မတတ်နိုင်တော့ဘူး။ ယုံကြည်မှုတွေ ပျောက်ဆုံးတယ်။ ဘာအကျႌ၀တ်၀တ်လည်း မတော်ဘူးပေါ့နော်။
2013 လောက်မှာ ကျွွန်မယောဂနဲ့ပတ်သက်ပြီး သင်ခွင့်ရတယ်။ ယောဂရုံကို စသွားတာကတော့ ကျွွန်မ၀ိတ်ကျခြင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပဲ သွားခဲ့တာပါ။ ဒါပေမယ့် ယောဂကျင့်စဉ်တွေက ကျွွန်မကို၀ိတ်ကျစေတဲ့အပြင် တစ်ခြားအံသြစရာကောင်းလောက်အောင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ နောက်ခံယူချက်ပိုင်းဆိုင်ရာတွေရော အားလုံးအားလုံးကို ပြုပြင်ပေးနိုင်တဲ့အတွက် ဒီယောဂကို အရမ်းသဘောကျသွားခဲ့ပါတယ်။
မေး ။ ။ အခု ဆရာမကိုယ်တိုင်ဦးစီးပြီးဖွင့်လှစ်ထားတဲ့ Yoga Land သင်တန်းကျောင်း ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းမှာ ဘယ်လိုလေ့ကျင့်မှုတွေ ပါ၀င်မယ်ဆိုတာလေး ပြောပြပေးပါဦးရှင့်။
ဖြေ ။ ။ အဓိကတော့ ဒီ Yoga Land ကို ဖွင့်ဖြစ်တယ်ဆိုတာ ကျွွန်မကိုယ်တိုင်လည်း ဒီယောဂကို အရမ်းကိုကြိုက်သွားတယ်။ ကြိုက်သွားတယ်ဆိုတာလည်း ခုနပြောခဲ့တဲ့ အကျိုးကျေးဇူးတွေ ကျွွန်မကိုယ်တိုင်ခံစားရလို့ ဒီယောဂကိုအရမ်းကြိုက်သွားတယ်။ ယောဂမကျင့်ရင်တောင် သိပ်ပြီးမနေနိုင်တော့တဲ့ အခြေအနေပေါ့နော်။ နံပါတ် 1 ကတော့ အဲ့ဒါ အဓိက။ နံပါတ် 2 ကတော့ ကျွွန်မဒီယောဂအကျိုးကျေးဇူးတွေကို ကျွွန်မကိုယ်တိုင်ခံစားရသလိုပဲ အများသူငှာကိုလည်း ဒီကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ရစေချင်တယ်။ ပြီးရင်စစ်မှန်တဲ့ ယောဂကျင့်စဉ်တွေကိုလည်း ေ၀မျှပေးချင်လို့ပါ။ လေ့ကျင့်မှုအနေနဲ့က ကျွွန်မတို့သင်တန်းကိုလာတဲ့ သင်တန်းတက်သူတွေအပေါ်မှာ မူတည်ပြီး လေ့ကျင့်ပေးသွားမှာပါ။ ဥပမာ ကိုယ်၀န်ဆောင်ဆိုရင် Pragency ယောဂ၊ ၀ိတ်ကျချင်တယ်ဆိုရင် Slimယောဂပေါ့။ ယောဂစကျင့်မယ့်သူတွေဆိုရင် သိစေချင်တာက Beginner ယောဂပေါ့။ ကျန်တာက ခရီးတော်တော်ရောက်နေသူတွေ၊ လေ့ကျင့်တာကြာတဲ့သူတွေဆိုရင် Intermediate၊ Advance ပိုင်းကို ခိုင်မာစေမှာပါ။ ဒီကြားထဲ ယောဂကျင့်ရတာ ငြီးငွေ့လာတယ်၊ ပျင်းလာတယ်ဆိုရင် အပြောင်းအလဲလေးဖြစ်အောင် Zumba ကလပ်ကိုလည်း စီစဉ်ပေးထားပါတယ်။
မေး ။ ။ Yoga Landမှာ သင်ကြားပြသပေးမယ့် သင်တန်းနည်းပြတွေရဲ့ အကြောင်းလေးလည်း သိချင်ပါတယ်။
ဖြေ ။ ။ နည်းပြတွေအနေနဲ့အားလုံး ကျွွန်မတို့ဆီမှာ Zumba ဆရာတစ်ယောက် အပါအ၀င်နည်းပြ 9 ယောက် ရှိပါတယ်။ နောက် Yoga Land မှာ ခန့်အပ်ထားတဲ့ ဆရာ၊ ဆရာမတွေအကုန်လုံးက Qualified ဖြစ်ပြီးတော့ သင်တာလည်း အရမ်းကောင်းတဲ့ဆရာတွေပါ။ အဲ့ဒါကြောင့်မို့ လာရောက်လေ့ကျင့်တဲ့ သင်တန်းသားတွေကို ထိရောက်တဲ့သင်ကြားမှုအပြည့်အ၀ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ ဆရာမအနေနဲ့ တခြားမှာရော ယောဂကျင့်စဉ်တွေကို သင်ကြားပေးတာမျိုး ရှိပါသလားရှင့်။
ဖြေ ။ ။ အခြားနေရာမျိုးဆိုရင် တစ်ချို့ဟိုတယ်တွေက Gym တွေမှာလာပြပေးဖို့အဲ့လိုမျိုးကမ်းလှမ်းတာမျိုး၊ ပြီးရင် နောက်တစ်ခုကုမ္ပဏီ၀န်ထမ်းတွေကို Private လိုမျိုး သူတို့ ကုမ္ပဏီမှာ Live လာပြပေးဖို့ ကမ်းလှမ်းတာမျိုးဆိုရင်တော့ ပြပေးပါတယ်ရှင့်။
မေး ။ ။ ဆရာမတို့ရဲ့Yoga Land သင်တန်းမှာ လာတက်ချင်တယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ။ နောက်ပြီး သင်တန်းကြေးနဲ့ Discount အစီအစဉ်တွေရှိရင်လဲ ပြောပြပေးပါဦးရှင့်။
ဖြေ ။ ။ ပုံမှန်ဆိုလို့ရှိရင်တော့ ဆွဲသားအင်္ကီျတော့ အခြေခံလိုအပ်ချက်မျိုးအနေနဲ့လိုအပ်တယ်။ ဘောင်းဘီ၊ အင်္ကီျမကြပ်လွန်း၊ မပွလွန်းအနေအထားပေါ့။ ပြီးရင် ယောဂဖျာလေးရယ်…ဒီလောက်ပါပဲ။
မေး ။ ။ ဆရာမအနေနဲ့ ထပ်မံဖြည့်စွက်ပြောကြားလိုတာလေးတွေရှိရင် ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ကျွွန်မဒီကနေ ယောဂကိုစိတ်၀င်စားတဲ့ လူကြီးလူငယ်မရွေးအားလုံးကို ကျွွန်မတို့ Yoga Land ကနေ ဖိတ်ခေါ်ပါတယ်။ ယောဂကျင့်စဉ်တွေရဲ့ စစ်မှန်တဲ့အနှစ်သာရကိုပေးဖို့က ကျွွန်မတို့ Yoga Land မှာ အဆင်သင့် ရှိနေပါတယ်။ အားလုံးလာခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။
May Su Hlaing






























