/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/၀ိတိုရိယဆေးရုံ၏ကလေးများနေ့-ပျော်ရွှင်ပွဲ-4th-victoria

၀ိတိုရိယဆေးရုံ၏ကလေးများနေ့ ပျော်ရွှင်ပွဲ 4th Victoria Kids’ Day ကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          နှစ်စဉ်ကျင်းပမြဲဖြစ်သော ၀ိတိုရိယဆေးရုံ၏ ကလေးများနေ့ပျော်ရွှင်ပွဲကို ဖေဖော်ဝါရီလ 5ရက်နေ့တွင် ၀ိတိုရိယဆေးရုံရှေ့ မြက်ခင်းပြင်၌ ညနေ 4 နာရီမှ ည 8 နာရီအချိန်ထိ ကျင်းပခဲ့သည်။

          အဆိုပါပျော်ပွဲရွှင်ပွဲသည် ၀ိတိုရိယဆေးရုံတွင် မွေးဖွားခဲ့ကြသော ကလေးမိသားစုများအတွက် အထူးစီစဉ်ပေးခြင်းဖြစ်ကာ ယခုနှစ်ကျင်းပသည့် Victoria Kids’ Dayမှာ စတုတၳအကြိမ်မြောက်ဖြစ်ကာ စင်တင်ဖျော်ဖြေပွဲ၊ Mr.Top၏ မျက်လှည့်၊ အမှတ်တရအရုပ်လေးများဖြင့် ဓာတ်ပုံလှလှရိုက်နိုင်စေရန် PP Board အရုပ်လေးများ စီစဉ်ထားပေးခြင်းနှင့် အခြားလက်ဆောင်များပေးခြင်း၊ အာဟာရဆိုင်ရာအထူးကုဆရာ၀န်ကြီး ဒေါက်တာဒေါ်၀င်း၀င်းမြင့်က အခမဲ့ကြည့်ရှုပေးခြင်း အစရှိသည့် အစီအစဉ်ပေါင်းများစွာပါ၀င်ခဲ့သည်။

          “ဒီနေ့ဟာ ကျွန်မတို့၀ိတိုရိယရဲ့ 4 နှစ်မြောက် Kids’ Day ဖြစ်ပါတယ်။ အရင်ကတော့ ကျွန်မတို့ရဲ့ Victoria Kids’ Day ကို ကလေးများနေ့မှာ ကျင်းပခဲ့ပါတယ်။ အခုတော့ ကျွန်မတို့နဲ့အတူ ပါ၀င်ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့တွေအားလုံးအဆင်ပြေမယ့်နေ့တစ်နေ့ကို ရွေးလိုက်ရတဲ့အတွက် ဒီနေ့လေးကို ရွှေ့လိုက်ရတာပါ။ ဒီနေ့ကလည်း တနင်္ဂနွေနေ့ဖြစ်တယ်ဆိိုတော့ မိဘတွေလည်း အားကြမယ်၊ ကလေးတွေကိုလည်း လာပို့ပေးနိုင်မယ်ပေါ့နော်။ အဲ့ဒါနဲ့ဒီရက်ကိုရွေးရတာပါ။ အခုဆိုရင် ကွင်းထဲမှာ 4 နာရီကစတယ်ဆိုပေမယ့် အများကြီး ပူးပေါင်းပါ၀င်ဆောင်ရွက်ကြတာတွေ့လို့ အရမ်းပဲ၀မ်းသာပါတယ်။ ကျွန်မတို့ Victoria Kids’ Day လေးဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြချင်ပါတယ်။ ကျွန်မတို့အနေနဲ့ ၀ိတိုရိယဆေးရုံမှာမွေးဖွားသွားကြတဲ့ ကလေးငယ်လေးတွေကို ဆေးရုံအနေနဲ့ တန်ဖိုးထားကြောင်း၊ ဒီကလေးတွေရဲ့ ကာယအား၊ ဉာဏအားတိုးတက်ဖို့အတွက်လည်း ကျွန်မတို့အနေနဲ့ အမြဲမျှော်လင့်ကြောင်း၊ သူတို့တွေ ပျော်ပွဲရွှင်ပွဲလေးတွေအတွက်လည်း အချိန်တစ်နေ့လေး သတ်သတ်မှတ်မှတ်ထားပြီးတော့ အမှတ်တရလေးဆောင်ရွက်ပေးချင်တာကြောင့် ကျွန်မတို့ ဒီလိုအခမ်းအနားလေးတွေ ကျင်းပတာဖြစ်ပါတယ်။ ဒီလိုနေ့ အခမ်းအနားမှာ ကျွန်မတို့အနေနဲ့ ထည့်သွင်းထားတာ အဓိကတော့ ကလေးတွေနဲ့ မိသားစုတွေအတူတကွ ပျော်ရွှင်နိုင်မယ့် နေ့လေးတစ်နေ့ဖြစ်အောင် ကလေးတွေအတွက် ဂိမ်းလေးတွေရော၊ သူတို့ ဉာဏ်ရည်ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးနိုင်မယ့် Activityလေးတွေရော တချို့ဆိုလို့ရှိရင်လည်း ကလေးတွေအတွက် ဗဟုသုတရမယ့် စာအုပ်စာတမ်းလေးတွေအပြင် အာဟာရရှိမယ့် ကလေးတွေအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေကိုလည်း မိဘတွေလာရင်းနဲ့ တနေရာတည်းမှာပဲ တစ်ခါတည်းလေ့လာပြီး ဗဟုသုတရသွားနိုင်အောင် ရည်ရွယ်ချက်နဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့နဲ့အတူ ကုမ္ပဏီပေါင်း 40 လောက်ကလည်း အကုန်လုံး ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးတဲ့အတွက် ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ အခုဒီပျော်ပွွဲရွှင်ပွဲလေးတွေကနေ တဆင့် ကလေးတွေအတွက် ကျန်းမာရေး၊ ပညာရေးကို အမြဲတာ၀န်ယူစောင့်ရှောက်ပေးနေတဲ့ မိဘတွေနဲ့အတူတူ ၀ိတိုရိယအနေနဲ့လည်း ဒီကလေးတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အဆင်ပြေတဲ့နေရာကနေပြီးတော့ ကျွန်မတို့ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအသင့်ရှိပါတယ်လို့ ပြောကြားချင် ပါတယ်”ဟု ၀ိတိုရိယဆေးရုံ၏ CEO ဒေါက်တာအေးအေးစန်းက ပြောသည်။

          Victoria Kids’ Day ကို နောင်နှစ်များတွင်လည်းပြုလုပ်ပေးသွားမည်ဖြစ်ကာ ၀ိတိုရိယဆေးရုံ တွင် မွေးဖွားခဲ့ကြသော မိသားစုများအတွက် စိတ်၀င်စားစရာအစီအစဉ်များနှင့် ပြိုင်ပွဲများပြုလုပ်မည့် အကြောင်းအရာများကို Witoriya General Hospital Facebook Page မှာလည်း တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 May Su Hlaing

www.drmyanmar.com