/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/လေဆာဖြင့်-အမွှေးအမျှင်များဖယ်ရှားခြင်း

လေဆာဖြင့် အမွှေးအမျှင်များဖယ်ရှားခြင်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        မလိုလားတဲ့ အမွေးအမျှင်တွေ ကြောင့် စိတ်ရှုပ်နေပါသလား? သင် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး၊၊ ယနေ့ ခေတ်သစ်ပျိုမေ တွေဟာ ချိုင်း၊ ခြေသလုံး၊ မျက်နှာတို့မှာ အမွေးအမျှင် ရှိနေခြင်းကို မနှစ်သက်ကြပါဘူး၊၊ နေ့စဉ် လိုလို ချိုင်းဟိုက်၊ ခြေသလုံးပေါ် အ၀တ်အစား တမျိုးမဟုတ် တမျိုး ၀တ်နေရသူတွေမို့ အမြဲတမ်း အမွေးမျှင်ကင်းနေအောင် ထိန်းသိမ်းဖို့ ဆိုတာ ပြောသလောက် မလွယ်ကူပါဘူး၊၊ Hairless Body ဖြစ်ဖို့ အချိန်တခု သီးသန့်ပေးထားမှ ဖြစ်တာပါ၊၊ အမွေးရိတ်ခြင်း(shaving) ၊ အမွေးနှုတ်ခြင်း(plucking) ၊ ဖယောင်းကပ်ခွာခြင်း (waxing) တို့ကလဲ စိတ်ကျေနပ်စေတဲ့ အဖြေတခု မဖြစ်ခဲ့ပါဘူး၊၊ Shaving လုပ်ခြင်းကြောင့် ingrown hair လို့ခေါ်တဲ့ အမွေးက အပြင်မထွက်ဘဲ အထဲမှာ မြုံနေပြီး ၀က်ခြံလို အဖုတွေဖြစ်တတ်ပါတယ်၊၊ waxing လုပ်ရင်း အပူလောင်တာမျိုး၊ အရေပြား ဓာတ်မတည့်လို့ အသားရေ ထိခိုက်တာမျိုးတွေက မကြာခဏ ကြားရတတ်ပါတယ်၊၊ ဖြစ်နိုင်ရင် အပြီးတိုင် အမွေးအမျှင် တွေကို ဖယ်ရှားဖို. နည်းလမ်းကို လိုချင်တောင့်တလာကြတယ်၊၊

          မကြာသေးတဲ့ကာလတခုကစပြီး လေဆာ နဲ့ အမွေးအမျှင် ဖယ်ရှားတာက အမိျုးသမီးတွေ ကြားမှာ ရေပန်းစားလာတယ်၊၊ ပံှမှန် သာမန်ရိုးကျ နည်းလမ်းတွေလို တခဏဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘဲ ရေရှည်အကိျုးရှိမယ့် အဖြေတခုလို့ ယူဆကြတယ်၊၊ ဒါကို permanent hair reduction by Laser လို့ သုံးနှုန်းကြတယ်၊၊ တိုက်ရိုက် ဘာသာပြန်ပါက ရာသက်ပန် အမွေးအမျှင် လျော့နည်းအောင် ပြုလုပ်ခြင်းလို့ ဆိုနိုင်တယ်၊၊ Hair reduction လို့သာ သုံးနှုန်းထားတယ်၊၊ Permanent hair removal လို့ US FDA က ပေးမသုံးဘူး၊၊ ဆိုလိုတာ က ၁၀၀ ရာခို်င်နှုန်း မဟုတ်ပေမယ့် အချိန်ကာလ အတိုင်းအတာ တခုအထိတော့ အမွေးအမျှင်တွေ ပါးသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်၊၊

 

လေဆာနဲ့ အမွေးအမျှင် ဖယ်ရှားခြင်း

လေဆာနဲ့အမွေးအမျှင်ဖယ်ရှားခြင်းဟာ U.S မှာ လူကြိုက်အများဆုံး အလှအပ ကုထုံးဖြစ်လာတယ်၊၊ အကြမ်းဖျင်း နားလည်အောင်ရှင်းပြရရင် လေဆာကို အသုံးပြုပြီး အမွေးအိတ် (hair follicle) တွေကို အားနည်းချည့်နဲ့အောင်ပြုလုပ်တာ ဖြစ်ပါတယ်၊၊ အမွေးအိတ်က ချည့်နဲ့သွားတဲ့အခါ တဖြည်းဖြည်းနဲ့ အမွေးကြမ်း ထွက်ရာကနေ အမွေးနု၊ နောက်ပိုင်း လေဆာ နဲ့ ၅ ကြိမ်လောက် ပစ်ပြီးရင် အမွေးအိတ်ကနေ အမွေး မထွက် နိုင်လောက်အောင် အားနည်းသွားပါတယ်၊၊ ဒါဆိုရင်တော့ လိုချင်တဲ့ permanent hair reduction ကို ရပြီပေါ့၊၊

 

လေဆာနဲ့ အကျိုးအပြစ်

အသိသာဆုံးအကျိုးကျေးဇူးကတော့ အမွေးအမျှင် ဖယ်ရှားတဲ့ နည်းလမ်းတွေထဲမှာ ဒီနည်းလမ်းက အရေပြားထိခိုက်မှုအနည်းဆုံးဘဲ၊၊ ဘာလို့ပြောရလဲဆိုရင် ချိုင်းသားမဲရခြင်းရဲ့ အဓိက အချက်က shaving လုပ်ခြင်းကြောင့် ဖြစ်တယ်၊၊ ပြီးတော့ အမွေး ရိတ်ခြင်းကြောင့် မွေးညှင်းပေါက်ထိပ် အသီးဖြစ်တာတွေကိုလဲ ရှောင်ရှားပြီးသားဖြစ်တယ်၊၊ နောက်ထပ် အကျိုးကျေးဇူး က ရေရှည်မှာ အကျိုးရှိစေတယ်၊၊ ၆ ပတ် တခါနှုန်းနဲ့ ၅ ကြိမ်ပစ်ပြီးသွားရင် ၄-၅ နှစ်လောက် လုံး၀ ပြန်လှည့်ကြည့်စရာမလိုလောက်အောင် အမွေးမျှင် ကင်းစင်သွားစေတယ်၊၊ အပြစ်ကိုပြောရ ရင်တော့ ဈေးကြီးတယ်။ လူတိုင်း တတ်နိုင်တဲ့အနေအထား မရှိသေးပါဘူး၊၊ ပြီးတော့ ရလဒ် က လေဆာစက် အမျိုးအစားပေါ် မူတည်နေတယ်၊၊ ဆိုလိုတာက စက်ကောင်းမှ result ကောင်းတတ်တယ်၊၊ ဘေးထွက်ဆိုးကျိုး ကတော့ သိပ်မရှိလှဘူး၊၊ အသားရောင် အညိုဘက်သန်းတဲ့ သူတွေမှာတော့ နည်းနည်းသတိထားဖို့လိုတယ်၊၊ တတ်ကျွမ်းတဲ့ ဆရာ၀န်နဲ့ပစ်ရင်တော့ စိတ်ပူစရာမရှိပါဘူး၊၊

 

လေဆာ မပစ်ခင် ကြိုတင်ပြင်ဆင်မှု

Laser Hair Reduction လုပ်ဖို့ အစီအစဉ် ရှိတယ်ဆို တလ လောက်ကြိုပြီး အမွေးကို Shaving လုပ်ခြင်း၊ Waxing လုပ်ခြင်း ရှောင်ထားသင့်တယ်၊၊ ကပ်ကြေး နဲ့ ညှပ်တာတော့ ရတယ်၊၊ လေဆာပစ်တဲ့အခါမှာ အမွေးက အရေပြား အပေါ်မှာ မီလီမီတာ အနည်းငယ်လောက် ထွက်နေဖို့လိုတယ်၊၊ အမွေး အရမ်းရှည် နေရင်ကျပြန်တော့ အရေပြား လောင်တတ်တယ်၊၊ သင့်တော်တဲ့ အတိုအရှည်ကို လေဆာမပစ်ခင် ကပ်ကြေးနဲ. ချိန်ညှပ်ပေးလိမ့်မယ်၊၊ လေဆာမပစ်ခင် နေရောင်ကို တတ်နိုင်သလောက် ကြိုတင်ရှောင်ထားတာ ကောင်းပါတယ်၊၊ နေလောင်ပြီး အသားညိုနေပါက ကုသမှုမှာ အနှောက်အယှက် ဖြစ်စေပါတယ်၊၊

 

လေဆာ ကုသချိန်၊ အကြိမ်အရေအတွက်

လေဆာကုသမှုအချိန်ကြာမြင့်ချိန်က အမွေးအမျှင်ဖယ်ရှားမယ့် နေရာအနည်းအများ၊ အမွေးမျှင် သိပ်သည်းဆ ပေါ်မှာ မူတည်ပါတယ်၊၊ ဥပမာ ချိုင်း ကို လေဆာနဲ့ အမွေးမျှင်ဖယ်ရှားဖို့ ၁၀ မိနစ်ခန့်သာ ကြာမြင့်ပါတယ်၊၊ ခြေသလုံးလို ဧရိယာ ကျယ်တဲ့နေရာ ဆိုရင်တော့ အချိန်ပိုယူရတယ်၊၊ တကြိမ်ပစ်ပြီး နောက်တကြိမ် ပစ်ဖို့ ၆ ပတ်ခန့် စောင့်ရပါတယ်၊၊ ဒါကလဲ Hair cycle သဘောအရ အမွေးသစ်ထွက်မယ့် အချိန်ကို စောင့်ဆိုင်းရတာပါ၊၊ တကြိမ် ကုသပြီးပါက ၂၀ ရာခိုင်နှုန်း အကြမ်းဖျင်း လျော့ကျသွားမှာဖြစ်ပါတယ်၊၊ ပြန်ထွက်လာတဲ့ အမွေးမျှင်တွေက လဲ တဖြည်းဖြည်း အရောင်ဖျော့ပြီး နုလာတယ်လို့ သတိထားမိမှာပါ၊၊ ၅ ကြိမ်မြောက် ကုသပြီးပါက လုံး၀ ၁၀၀ ရာခိုင်နှုန်း နီးပါး hairless ဖြစ်နေပါပြီ။ ဒါဆိုရင်တော့ လေဆာနဲ့ ကုသမှူ ပြီးဆုံးပြီလို့ ယူဆပါတယ်၊၊ ၄-၅ နှစ်လောက် အမွေးမျှင် အတွက် အချိန်ပေးစရာ မလိုဘဲ စိတ်ပေါ့ပါးစွာ နေနိုင်ပါပြီ၊၊ အသားရောင် အရမ်းညိုတဲ့သူတွေနဲ့ အမွေးအရမ်းနုတဲ့သူတွေမှာ ရလဒ် သိပ်မကောင်းတာမျိုး ဖြစ်တတ်တာကို ဆရာ၀န်နဲ့ လေဆာမပစ်ခင် အရင်ဆွေးနွေးသင့်ပါတယ်၊၊

 

Dr. ရဲသွင် (Clinique de Skin)

www.drmyanmar.com