ဒူးထိခိုက်ဒဏ်ရာရသွားရင်
1) အနားယူပါ။ အနားယူနေစဉ်အတောအတွင်းမှာ ဒူးခေါင်းအောက်မှာခေါင်းအုံးခံထားပါ။
2) ရေခဲကပ်ပါ။ နာကျင်မှုတွေသက်သာအောင် 10 မိနစ် မှ မိနစ် 20 ထိကြာအောင် ရေခဲကပ်ပေးပါ။ တနေ့ 3 ကြိမ်ကပ်ပါ။ ထိခိုက်ဒဏ်ရာရပြီး 46 နာရီအတွင်းအရက်သောက်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းတို့ကိုရှောင်ရှားပေးပါ။
3) ဖောရောင်မှုသက်သာစေရန် ပတ်တီး (Elastic bandage) သုံးပြီးစည်းထားပါ။
4) ဒဏ်ရာရတဲ့ခြေထောက်ကိုခေါင်းထက်မြင့်အောင် မြှင့်ထားပါ။
5) ဒဏ်ရာရတဲ့ ဒူးပေါ်မှာဖိအားသက်ရောက်မှုမရှိပါစေနှင့်။ လိုအပ်ပါကချိုင်းထောက်အသုံးပြုပါ။
6) သွေးလည်ပတ်မှု ကောင်းမွန်စေရန် ညင်သာစွာနှိပ်နှယ်ပေးပါ။
7) တံကောက်ကြောလျော့ လေ့ကျင့်ခန်းကဲ့သို့သော မပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ပါ။ ပြေးခြင်း၊ တင်းနစ် ကစားခြင်းကဲ့သို့သော ဒူးအပေါ်တွင် ဖိအားသက်ရောက်မှုများစေမယ့် လေ့ကျင့်ခန်းများကိုရှောင်ရှားပါ။
8) ဆေးလိပ်ဟာ သွေးစီးဆင်းမှုကို လျော့ကျစေတာကြောင့် အနာကျက်နှေးစေပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။
9) Paracetamol ကဲ့သို့သော အကိုက်အခဲပျောက်ဆေးမျိုးကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်းမှီ၀ဲပါ။
Dr. Htet Htet Aung






























