/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/နာတာရှည်ရောင်ရမ်းမှုများကို-သက်သာစေဖို့-နှစ်ခြိုက်စွာ-အိပ်စက်ပါ

နာတာရှည်ရောင်ရမ်းမှုများကို သက်သာစေဖို့ နှစ်ခြိုက်စွာ အိပ်စက်ပါ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

အိပ်ရေးမ၀ခြင်း၊ နှစ်ခြိုက်စွာအိပ်မပျော်ခြင်းတို့ကြောင့် နာတာရှည်ရောင်ရမ်းမှု များ ဖြစ်ပေါ်စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အ၀လွန်ရောဂါ၊ အမျိုးအစား (2) ဆီးချိုရောဂါနဲ့ အရွယ်မတိုင်မီ သေဆုံးမှုနှုန်းကို မြင့်တက်စေပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုများအရ အသက်ကြီးသောသူများတွင် အိပ်မပျော်ခြင်းကို ကုသလိုက်ခြင်းဖြင့် ရောင်ရမ်းမှုများကိုဟန့်တားနိုင်ပြီး နာတာရှည်ရောဂါများဖြစ်ပွားနှုန်းကို လျော့ချနိုင်တယ်လို့ သိရပါတယ်။ လေ့လာစမ်းသပ်မှုတွင် အသက် 55 နှစ်အရွယ်ရှိလူကြီး 123 ယောက်ပါ၀င်ခဲ့ပြီး နှစ်ခြိုက်စွာ အိပ်ပျော်သူများတွင် ခန္ဓာကိုယ်ရဲ့ရောင်ရမ်းခြင်းကိုဖော်ပြပေးတဲ့ ပရိုတင်း (C-Reactive) ပမာဏ လျော့နည်းနေတာကိုတွေ့ရပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်နေစေရန် Cognitive Behavioral Treatment (CBT) ဟုခေါ်သော အဆိုးမြင်ဝါဒများ၊ အကြောင်းကိစ္စများအပေါ်တွင် ထားရှိသော အမြင်ကို ပြုပြင်ပြောင်းလဲသော ကုထုံးဖြင့် ကုသခြင်း၊ ထိုက်ကျိကစားခြင်း၊ တရားထိုင်ခြင်း၊ ညနေခင်းများတွင် ပန်းခြံတွင်းလမ်းလျှောက်ခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)