နွားနို့သောက်သုံးခြင်းဖြင့် အမျိုးသမီးများတွင် အရိုးအဆစ်ရောင်ရမ်းခြင်းကို လျော့ချနိုင်
Osteoarthritis (OA) ဆိုသည်မှာ အသက်အရွယ်ကြီးလျှင်ဖြစ်တတ်သည့် ရိုးဆစ်ရောင်ရမ်းနာရောဂါတစ်ခုဖြစ်ပြီး ထိုေ၀ဒနာကို ခံစားရသူများအနေဖြင့် အကိုက်အခဲပျောက်ဆေးများကို အမြဲလိုလိုမှီ၀ဲရလေ့ရှိပါတယ်။ ယခုအခါမှာတော့ အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် သဘာ၀ဆေးတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒါကတော့ နွားနို့ပဲဖြစ် ပါတယ်။ Harvard Medical School က ဒူးဆစ်ရောင်ရမ်းနာ (Knee OA) ရောဂါကို လေးနှစ်ကြာအောင် ခံစားနေရတဲ့ အမျိုးသမီးပေါင်း 2,148 ဦး ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအမျိုးသမီးများထဲမှ အချို့ကို နွားနို့ (အဆီဖယ်ပြီးသော နွားနို့) ပုံမှန်သောက်စေပြီး နှစ်ကာလကြာရှည်စွာ စောင့်ကြည့်ခဲ့ပါတယ်။ ထိုအခါ နွားနို့ပုံမှန်သောက်တဲ့အမျိုးသမီးတွေ ဟာ နွားနို့မသောက်တဲ့ အမျိုးသမီးတွေထက် OA ရောဂါ ပိုဆိုးလာနိုင်ခြေ လျှော့ကျသွားတာကို ၀မ်းမြောက်ဖွယ် တွေ့ရှိရပါတယ်။
၎င်းအကျိုးအာနိသင်သည် နွားနို့မှာသာ ပါ၀င်တာဖြစ်ပြီး အခြားသောနို့ထွက်ပစ္စည်းများမှာတော့ ပါ၀င်ခြင်းမရှိကြောင်းနဲ့ လေ့လာတွေ့ရှိမှုအရ အမျိုးသားများအပေါ်တွင်တော့ အကျိုးသက်ရောက်မှု မရှိကြောင်း သုတေသီများက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Dr. Htet Htet Aung






























