/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/နွေရာသီမှာ-လူကြီးတွေကို-ဂရုစိုက်ပါ

နွေရာသီမှာ လူကြီးတွေကို ဂရုစိုက်ပါ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          နွေပူပူ နေ့လယ်ပိုင်းတစ်ခုမှာ အသက် 72 နှစ်အရွယ် ဒေါ်ဆုယဉ်တစ်ယောက်ဟာ ဘတ်စ်ကားစောင့်ရင်း စိတ်မရှည်တော့ ဆိုင်ကနေ အိမ်ကို လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက် 72 နှစ်ရှိပေမယ့် ကျန်းမာရေးကောင်းပြီး ဖျတ်လတ်သန်မာတုန်း ဖြစ်တာကြောင့် နွေအပူကို အန်တုပြီး လမ်းလျှောက်တဲ့အခါ တစ်လမ်းကျော်လောက်ပဲ ရှိသေးပေမယ့် ရုတ်တရက်မူးပြီး တလှပ်လှပ် ဖြစ်လာပါတယ်။

          အသက်ကြီးသူတွေဟာ အပူဓာတ်နဲ့ စိုစွတ်မှုတွေကို မခံစားနိုင်တတ်ကြပါဘူး။ အပူချိန် 100°F (38°C) လောက်နဲ့တင် အပူဝေဒနာ ခံစားရတတ်ပါတယ်။

          ခေါင်းကိုက်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းစတဲ့ လက္ခဏာတွေဟာ အပူဒဏ်ကြောင့်ဖြစ်တဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ကြုံလာတဲ့အခါ ဆရာဝန်နဲ့ ပြသတာ၊ အရေးပေါ်ကို ပြသတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

          အပူဒဏ်ကိုခံစားရတဲ့အခါ အပူမရှပ်စေဖို့ -

●        နေပူထဲက ထွက်ပြီး အရိပ်ထဲနေပါ။ လေအေးပေးစက်ဟာ နွေရာသီမှာ အကောင်းဆုံး ဖြစ်ပါတယ်။

●        ရေများများ သောက်ပါ။ ဒါပေမဲ့ ကော်ဖီနဲ့ အရက်ကို ရှောင်ပါ။ ရေနဲ့ အသီးဖျော်ရည်တွေ များများသောက်ပေးပါ။

●        ရေအေးအေးနဲ့ ရေပတ်တိုက်ပါ။ ရေချိုးပါ။

●        အေးတဲ့နေရာမှာ လှဲလျောင်း အနားယူပါ။

●        အလွယ်တကူနဲ့ မအေးတဲ့အခါ ဆရာဝန်နဲ့ ပြသတာ၊ အရေးပေါ်သွားတာမျိုး ပြုလုပ်သင့်ပါတယ်။

          ပူအိုက်တဲ့ရာသီဥတုမှာ အသက်အရွယ်ကြီးတဲ့ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေကို ဂရုစိုက်ပေးပါ။ ရောဂါတစ်ခုခုကြောင့် ဆရာဝန် ရှောင်ခိုင်းထားတာကလွဲလို့ ရေများများ သောက်ခိုင်းပါ။ အပူလှိုင်းဖြတ်တဲ့အခါ လူကြီးတွေကို အေးတဲ့နေရာတွေကို လိုက်ပို့ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)