ဘယ်လိုအကျင့်ဆိုးတွေက အရိုးအဆစ်တွေကို နာကျင်စေသလဲ
အရိုးအဆစ်နဲ့ ကြွက်သားနာကျင်ခြင်းကြောင့် နေ့စဉ်လူမှုဘဝကိုသာမက လုပ်ငန်း ဆောင်တာများကိုပါ ထိခိုက်စေတတ်တဲ့အပြင် ဆိုးရွားပါက နာတာရှည် အိပ်ရာထဲ လဲခြင်းကိုပါ ဖြစ်စေတတ်လို့ မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် ဘယ်လိုအကျင့်ဆိုးတွေက အရိုးအဆစ်တွေ နာကျင်စေလဲဆိုတာ သိခြင်းဖြင့် ရှောင်ကြဉ်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အဝလွန်ခြင်း
ပညာရှင်များရဲ့ လေ့လာချက်အရ ကိုယ်အလေးချိန်တစ်ပေါင်တိုးတိုင်းမှာ သင့်ဒူးခေါင်းက ၄ ပေါင်စာလောက် ဖိအားခံစားရတယ်လို့ သိရပါတယ်။ ဒူးခေါင်းတစ်ခုပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ အဝလွန်ခြင်းကြောင့် တင်ပါးဆုံရိုး၊ ကျောရိုးနဲ့ ခြေထောက်ရိုးများကိုပါ ဖိအားများစွာ သက်ရောက်စေနိုင်ပါတယ်။
(၂) စာရိုက်ရာတွင် လက်မကိုသာ အသုံးပြုခြင်း
ကျွမ်းကျင်သူများအဆိုအရ လက်မဟာ လက်လှုပ်ရှားမှုတိုင်းရဲ့ ၆၀ ရာနှုန်းကို တာဝန်ယူရပါတယ်။ ပိုဆိုးတာက လက်မကိုအသုံးပြုပြီး စာရိုက်ခြင်းကြောင့် လက်မ အဆစ်များပေါ်တွင် ဖိအား ၁၂ ဆတောင် သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ တစ်ချိန်လုံး စာရိုက်ခြင်းကို ရှောင်သင့်ပြီး ဖြစ်နိုင်ရင် voice message သာ ပို့သင့်ပါတယ်။
(၃) ဒေါက်မြင့်များစီးခြင်း
ဒေါက်မြင့်များကြောင့် ယုံကြည်မှုတိုးစေပြီး ဖက်ရှင်ကျစေတာအမှန်ပါပဲ။ ဒါပေမယ့် ဒေါက်မြင့်စီးခြင်းက သင့်ခြေထောက်ကို မှားယွင်းသောအနေအထားကို ပို့ဆောင်ပေးပြီး အရိုးအဆစ် နာစေတယ်ဆိုတာ သိပါသလား။ ဒါကြောင့် နေ့စဉ်ဒေါက်မြင့်စီးသူများအနေနဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ ခြေထောက်နာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) လက်ဆစ်ချိုးခြင်း
အချို့လူတွေအနေနဲ့ လက်ဆစ်ချိုးတာကို အကျင့်ပါလေ့ရှိကြပါတယ်။ ဒါကိုအကျင့်ဆိုးတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး လေ့လာချက်တစ်ခုအရ လက်ဆစ်ချိုးခြင်းဖြင့် လက်ဖဝါး ရဲ့ဆုပ်ကိုင်မှုစွမ်းရည်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် လက်ဆစ်ချိုးမယ့်အစား ရာဘာဘောလုံးကို ဆုပ်ကိုင်ခြင်းဖြင့် လက်ကြွက်သားများကို ပိုမိုသန်မာစေပါလိမ့်မယ်။
(၅) ကျောပိုးအိတ်နဲ့လွယ်အိတ် အလေးများလွယ်ခြင်း
လူတိုင်းနီးပါး သိကြပါလိမ့်မယ်။ ကျောပိုးအိတ်အလေးကြီးတွေ သယ်ပိုးရခြင်းကြောင့် ကျောကုန်းနဲ့ ပခုံးတွေကို နာကျင်စေတာအမှန်ပါပဲ။ ဒါကြောင့် ပေါ့ပါးသော ကျောပိုးအိတ်နဲ့ လွယ်အိတ်များကိုသာ သယ်ဆောင်သင့်ပြီး မလိုအပ်သောပစ္စည်းများကို အိမ်မှာ ထားခဲ့သင့်ပါတယ်။
(၆) မှားယွင်းသော ကြွက်သားများအပေါ် မှီခိုခြင်း
ကျွန်မတို့ကိုယ်ခန္ဓာတွင် ကြွက်သားအကြီးနဲ့ အသေးဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်မတို့ လှုပ်ရှားမှုပြုရာတွင် ကြွက်သားအသေးများကို အသုံးပြုမိပါက အရိုးအဆစ်များပေါ်တွင် မလိုအပ်သော ဖိအားများသက်ရောက်စေတတ်ပါတယ်။ ဥပမာ - တစ်စုံတစ်ခုကိုလက်ဖြင့် သယ်ဆောင်တဲ့အခါ လက်ချောင်းများအစား လက်ဖဝါးကို အသုံးပြုခြင်း၊ လေးလံသော တံခါးများကိုဖွင့်ရာတွင် လက်ချောင်းများအစား ပခုံးကြွက်သားများဖြင့် အားစိုက်ခြင်း စသဖြင့် ပြုလုပ်သင့်ပါတယ်။
(၇) မှောက်အိပ်ခြင်း
မှောက်အိပ်ခြင်းဖြင့် ခေါင်းနဲ့လည်ပင်းများကို တစ်ဖက်သို့ လိမ်စောင်းထားရပါတယ်။ ဒါကြောင့် အာရုံကြောများတွင် ဖိအားသက်ရောက်စေပြီး ကျောရိုးမကြီးကိုပါ ဖိထားသလို ဖြစ်စေပါတယ်။ ဒါကြောင့် ဘေးစောင်းအိပ်တဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။
Ultra D3 1
(၈) အကြောလျှော့ဖို့ ပျင်းခြင်း
ပုံမှန်အကြောလျှော့ခြင်းဖြင့် ကြွက်သားများ ပျော့ပြောင်းစေပြီး အရိုးအဆစ် နာကျင်ခြင်းကို သက်သာစေပါတယ်။ ဒါ့ကြောင့် တစ်နေ့တစ်ခါတော့ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်နော်။
(၉) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် အီစတိုဂျင်ဟိုမုန်းကိုနည်းစေပြီး အရိုးသိပ်သည်းဆကို အားနည်းစေနိုင်ပါတယ်။
(၁၀) အိပ်ရေးမဝခြင်း
အရိုးအဆစ်ရောင်ရမ်းခြင်း ခံစားနေရသူ ၈၀ ရာခိုင်နှုန်းဟာ အိပ်ရေးပျက်သူများ ဖြစ်ကြပါတယ်။ အိပ်ရေးမဝခြင်းကြောင့် နာကျင်ရောင်ရမ်းခြင်းကို ဖြစ်စေသောအရာများ ထွက်စေနိုင်လို့ဖြစ်ပါတယ်။
(၁၁) ကိုယ်နေဟန်ထားမမှန်ခြင်း
ခါးကို မတ်မတ်ထားခြင်းဖြင့် ကိုယ်နေဟန်ထားမှန်စေပြီး မလိုလားအပ်သော ကြွက်သားနဲ့ အဆစ်နာကျင်ခြင်းဖြစ်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။
(၁၂) အဆစ်နာကျင်ခြင်းကို မကုသခြင်း
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းဟာ မပေါ့ဆသင့်သောလက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင့်အဆစ်အမြစ်များ နီရဲနာကျင်နေပါက ဆရာဝန်နဲ့အမြန်ဆုံး ပြသသင့်ပါတယ်နော်။
(၁၃) ကွန်ပျူတာရှေ့တွင် ကြာမြင့်စွာထိုင်ခြင်း
ကွန်ပျူတာ ကြာကြာသုံးခြင်းကြောင့် လည်ပင်း၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံးနဲ့ နောက်ကျောကို နာကျင်စေပါတယ်။ ပုံစံတစ်မျိုးတည်းတွင် ကြာကြာထိုင်ခြင်းကြောင့်လည်း အဆစ်များ နာကျင်စေပါလိမ့်မယ်။
(၁၄) ပုံစံမကျခြင်း
အားကစားလိုက်စားသူများအနေနဲ့ မိမိနှစ်သက်ရာ အားကစားကို ကျွမ်းကျင်သူများနဲ့ သေချာသင်ယူလေ့လာသင့်ပါတယ်။ မဟုတ်ပါက အဆစ်လွဲခြင်းနဲ့ ထိခိုက်ဒဏ်ရာများ ရစေတတ်လို့ သတိထားသင့်ပါတယ်။
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
Ultra D3 2
(Zawgyi)