/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ရာသီဥတုကိုလိုက်ပြီး-သွေးပေါင်ချိန်-ပြောင်းလဲနိုင်သလား

ရာသီဥတုကိုလိုက်ပြီး သွေးပေါင်ချိန် ပြောင်းလဲနိုင်သလား ?

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

           သွေးပေါင်ချိန်ကိုလွှမ်းမိုးထားတဲ့ အကြောင်းအရာတွေထဲတွင် ရာသီဥတုကလည်း တစ်ခုဖြစ်ပါ တယ်။ ယေဘုယျအားဖြင့် သွေးပေါင်ချိန်က နွေရာသီတွင်နည်းပြီး ဆောင်းရာသီ မှာမြင့်မားနေတတ်ပါတယ်။ အကြောင်းကတော့ ဆောင်းရာသီမှာအပူချိန်နည်းလို့ပါပဲ။ အပူချိန်နည်းပါးခြင်းက သွေးကြောတွေကို ကျဉ်းမြောင်းသွားစေတာကြောင့် သွေးများစီးဆင်းရန် တွန်းအားများများလိုအပ်ပါတယ်။ ဤနည်းအားဖြင့် သွေးပေါင်ချိန်မြင့်တက်လာခြင်းဖြစ်ပါတယ်။

           ဒါ့အပြင် သွေးပေါင်ချိန်ဟာ လေထုစိုထိုင်းမှု၊ လေထုဖိအား၊ တိမ်ထူထပ်ခြင်း စတာတွေပေါ်မှာ မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ အေးသောရာသီဥတုတွင် ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် ပျင်းရိခြင်း၊ အစားအလွန် အကျွံစားခြင်းတို့ကြောင့်လည်း သွေးပေါင်ချိန်တက်လေ့ရှိပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူတွေအနေဖြင့် ဆရာ၀န်ဆီရောက်မှ သွေးပေါင်ချိန်တိုင်းတာခြင်းမပြုလုပ်ဘဲ အိမ်မှာသွေးပေါင်ချိန်စက်၀ယ်ထားပြီး အမြဲတိုင်းတာပါ။ စာအုပ်တစ်အုပ်ထဲမှာ မိမိရဲ့သွေးပေါင်ချိန်ပြောင်းလဲမှုတိုင်းကို မှတ်သားထားပါ။

 

Dr. Htet Htet Aung  (www.drmyanmar.com)