/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ရာသီဥတု-အပြောင်းအလဲကြောင့်-သွေးပေါင်ချိန်မြင့်တက်နိုင်သလား

ရာသီဥတု အပြောင်းအလဲကြောင့် သွေးပေါင်ချိန်မြင့်တက်နိုင်သလား

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        သွေးပေါင်ချိန်ကို လွှမ်းမိုးထားတဲ့ အကြောင်းအရာတွေထဲတွင် ရာသီဥတုကလည်း တစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သွေးပေါင်ချိန်က နွေရာသီတွင် နည်းပြီး ဆောင်းရာသီမှာ မြင့်မားနေ တတ်ပါတယ်။ အကြောင်းကတော့ ဆောင်းရာသီမှာ အပူချိန်နည်းလို့ပါပဲ။

        အပူချိန်နည်းပါးခြင်းက သွေးကြောတွေကို ကျဉ်းမြောင်းသွားစေ တာကြောင့် သွေးများစီးဆင်းရန် တွန်းအားများများ လိုအပ်ပါတယ်။ ဤနည်းအားဖြင့် သွေးပေါင်ချိန်မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ဟာ လေထုစိုထိုင်းမှု၊ လေထုဖိအား၊ တိမ်ထူထပ်ခြင်း စတာတွေပေါ်မှာ မူ တည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အေးသောရာသီဥတုတွင် ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် ပျင်းရိခြင်း၊ အစားအလွန် အကျွံစားခြင်းတို့ကြောင့်လည်း သွေးပေါင်ချိန်တက်လေ့ရှိပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူတွေအနေဖြင့် ဆရာ၀န်ဆီရောက်မှ သွေးပေါင်ချိန်တိုင်းတာခြင်း မပြုလုပ်ဘဲ အိမ်မှာသွေးပေါင်ချိန်စက်၀ယ်ထားပြီး အမြဲတိုင်းတာ ပါ။ သွေးပေါင်ချိန်ကို မှတ်သားထားပါ။ သွေးပေါင်ချိန် အတက်အကျကို ဆရာ၀န်ကိုပြောပြပြီး လိုအပ်လျှင် ကုသမှု ခံယူပါ။

Dr. Htet Htet Aung

www.drmyanmar.com