/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/လူကြီးသူမတွေနဲ့-ဗီတာမင်စီ

လူကြီးသူမတွေနဲ့ ဗီတာမင်စီ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

ရေထဲပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီဟာ ခန္ဓာကိုယ်ကသဘာဝအတိုင်း မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင်စီကို ရရှိဖို့အတွက် အသီးအနှံ့တွေ၊ အရွက်တွေစားပေးဖို့လိုပါတယ်။ အမျိုးသမီးတွေဟာ တစ်နေ့ကို ၇၅ မီလီဂရမ်လိုအပ်ပြီး အမျိုးသားတွေကတော့ တစ်နေ့ကို ၉ဝ မီလီဂရမ်လိုအပ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာဆိုရင် ဗီတာမင်စီပိုလိုအပ်ပါတယ်။ အကြောင်းရင်းတွေကတော့

 

၁။ အင်တီအောက်စီဒန့်လည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။

 

ဗီတာမင်စီဟာ အအေးမိပိုးမွားတွေကို ကာကွယ်ပေးနိုင်ကြောင်း လူအများစုသိထားကြပါတယ်။ နာတာရှည်ရောဂါအများစုဟာလည်း ဓာတ်တိုးဖိစီးမှုတွေကြောင့် ဖြစ်လာရတာများပါတယ်။ ဗီတာမင်စီမှာ ဆဲလ်ကလဒ်စည်းတွေကို ဓာတ်တိုးမှုဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်စီဒန့်ဓာတ်တွေ ပါဝင်တာမို့ အရွယ်မတိုင်ခင်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီအများကြီးစားပေးခြင်းက ခန္ဓာကိုယ်ထဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်ပတ်မှုကို ၃ဝရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

 

၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။

 

ကိုယ်လက်လှုပ်ရှားမှုနည်းသွားတာကြောင့် အသက်ကြီးလာတဲ့အခါ အဝလွန်လာတတ်ကြပါတယ်။ နောက်တစ်ချက်က ခန္ဓာကိူယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကလည်း နှေးကွေးသွားတာကြောင့်ပါ။ ဗီတာမင်စီက ဓာတ်တိုးဖိစီးမှုကို လျော့နည်းစေတာကြောင့် ဇီဝကမ္မဖြစ်စဉ်တွေ ပိုပြီးကောင်းကောင်းအလုပ်လုပ်နိုင်လာပါတယ်။ ဒါမှ ကိုယ်အလေးချိန်ကိုလည်း ကောင်းကောင်းထိန်းသိမ်းနိုင်မှာပေါ့။

Ultra C 1

၃။ ခုခံအားစနစ်ကိုတိုးမြှင့်ပေးပါတယ်။

 

လူကြီးတွေအသက်ကြီးလာတဲ့အခါ ခုခံအားစနစ်တွေ ကျဆင်းလာပါတယ်။ ရောဂါပိုးမွားတွေ၊ ကင်ဆာဆဲလ်တွေကို ကောင်းကောင်းတိုက်ထုတ်နိုင်ဖို့ ခုခံအားစနစ်က အလုပ်မလုပ်နိုင်တော့ပါဘူး။ ခုခံအားစနစ်ဆဲလ်တွေ ကောင်းကောင်းအလုပ်လုပ်အောင် တွန်းအားပေးမယ့် ဓာတ်ပစ္စည်းတွေလည်း ထွက်မလာနိုင်တော့ပါဘူး။ ဗီတာမင်စီဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာပြန့်နေတဲ့အရာပါ။ ဒါပေမယ့် သွေးဖြူဥတွေမှာ ဗီတာမင်စီကို အများဆုံးတွေ့ရပါတယ်။ ဒါကြောင့် ဗီတာမင်စီသာ ပြည့်ဝအောင်စားမယ်ဆိုရင် ခုခံအားဆဲလ်တွေကောင်းကောင်း ထုတ်လုပ်နိုင်မှာပါ။

 

သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်သူတွေမှာလည်း ခုခံအားကောင်းနေဖို့ ကောင်းကောင်းစားဖို့လိုပါတယ်။

 

၄။ အသားအရည်ကျန်းမာရေးအတွက်ကောင်းပါတယ်။

 

အသက်ကြီးလာတဲ့အခါ အရေပြားကို သိသိသာသာထိခိုက်လာပါတယ်။ Fibrin, ကော်လဂျင်နဲ့ အဆီပမာဏတွေ လျော့နည်းလာတဲ့အခါ အသားတွဲတာ၊ အရေးအကြောင်းဖြစ်တာတွေ ဖြစ်လာပါတော့တယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်ရဲ့ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်နိုင်တာမို့ လုံလောက်မျှတခဲ့ရင် အသားအရည်ကိုပိုပြီးတင်းရင်းစေနိုင်မှာပါ။

 

၅။ ထိခိုက်မှုတွေကိုကောင်းကောင်းအနာကျက်စေနိုင်ပါတယ်။

 

အသက်ကြီးသူတွေမှာ မတော်တဆထိခိုက်မှုတွေ၊ ခွဲစိတ်မှုတွေကြောင့် အရေပြား၊ ကြွက်သားတွေနဲ့ အရိုးတွေထိခိုက်မိခဲ့ရင် အနာကျက်နှုန်းနှေးပါတယ်။ ဒါပေမယ့် ဗီတာမင်စီသာ လုံလောက်အောင်သောက်ထားမယ်ဆိုရင် အနာကျက်နှုန်းကို ပိုမိုမြန်ဆန်စေနိုင်လာပါတယ်။

 

၆။ ကင်ဆာကုသမှုကာကွယ်မှုတို့မှာလည်း အသုံးဝင်ပါတယ်။

 

ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေ၊ အရွက်တွေစားပေးခြင်းက ကင်ဆာကုသမှုခံယူနေသူတွေအတွက်လည်း ကောင်းပါတယ်။ ကင်ဆာဆေးတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေ အင်မတန်များပါတယ်။ ဒါပေမယ့် ဗီတာမင်စီပမာဏကို များများစားပေးသူတွေမှာ ကင်ဆာဆေးနောက်ဆက်တွဲတွေ နည်းတာကို တွေ့ရပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Ultra C 2

ေရထဲေပ်ာ္ဝင္ႏိုင္တဲ့ ဗီတာမင္တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္စီဟာ ခႏၶာကိုယ္ကသဘာဝအတိုင္း မထုတ္လုပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဗီတာမင္စီကို ရရွိဖို႔အတြက္ အသီးအႏွံ႔ေတြ၊ အ႐ြက္ေတြစားေပးဖို႔လိုပါတယ္။ အမ်ိဳးသမီးေတြဟာ တစ္ေန႔ကို ၇၅ မီလီဂရမ္လိုအပ္ၿပီး အမ်ိဳးသားေတြကေတာ့ တစ္ေန႔ကို ၉ဝ မီလီဂရမ္လိုအပ္ပါတယ္။ သက္ႀကီး႐ြယ္အိုေတြမွာဆိုရင္ ဗီတာမင္စီပိုလိုအပ္ပါတယ္။ အေၾကာင္းရင္းေတြကေတာ့

 

၁။ အင္တီေအာက္စီဒန႔္လည္ပတ္မႈကို ေကာင္းေစႏိုင္ပါတယ္။

 

ဗီတာမင္စီဟာ အေအးမိပိုးမြားေတြကို ကာကြယ္ေပးႏိုင္ေၾကာင္း လူအမ်ားစုသိထားၾကပါတယ္။ နာတာရွည္ေရာဂါအမ်ားစုဟာလည္း ဓာတ္တိုးဖိစီးမႈေတြေၾကာင့္ ျဖစ္လာရတာမ်ားပါတယ္။ ဗီတာမင္စီမွာ ဆဲလ္ကလဒ္စည္းေတြကို ဓာတ္တိုးမႈဒဏ္ကေန ကာကြယ္ေပးႏိုင္တဲ့ အင္တီေအာက္စီဒန႔္ဓာတ္ေတြ ပါဝင္တာမို႔ အ႐ြယ္မတိုင္ခင္ပ်က္စီးမႈေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္စီအမ်ားႀကီးစားေပးျခင္းက ခႏၶာကိုယ္ထဲ ဓာတ္တိုးဆန႔္က်င္ပစၥည္းလည္ပတ္မႈကို ၃ဝရာခိုင္ႏႈန္းအထိ တိုးေစႏိုင္ပါတယ္။

 

၂။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေပးပါတယ္။

 

ကိုယ္လက္လႈပ္ရွားမႈနည္းသြားတာေၾကာင့္ အသက္ႀကီးလာတဲ့အခါ အဝလြန္လာတတ္ၾကပါတယ္။ ေနာက္တစ္ခ်က္က ခႏၶာကိူယ္ရဲ႕ဇီဝကမၼျဖစ္စဥ္ေတြကလည္း ေႏွးေကြးသြားတာေၾကာင့္ပါ။ ဗီတာမင္စီက ဓာတ္တိုးဖိစီးမႈကို ေလ်ာ့နည္းေစတာေၾကာင့္ ဇီဝကမၼျဖစ္စဥ္ေတြ ပိုၿပီးေကာင္းေကာင္းအလုပ္လုပ္ႏိုင္လာပါတယ္။ ဒါမွ ကိုယ္အေလးခ်ိန္ကိုလည္း ေကာင္းေကာင္းထိန္းသိမ္းႏိုင္မွာေပါ့။

 

၃။ ခုခံအားစနစ္ကိုတိုးျမႇင့္ေပးပါတယ္။

 

လူႀကီးေတြအသက္ႀကီးလာတဲ့အခါ ခုခံအားစနစ္ေတြ က်ဆင္းလာပါတယ္။ ေရာဂါပိုးမြားေတြ၊ ကင္ဆာဆဲလ္ေတြကို ေကာင္းေကာင္းတိုက္ထုတ္ႏိုင္ဖို႔ ခုခံအားစနစ္က အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ ခုခံအားစနစ္ဆဲလ္ေတြ ေကာင္းေကာင္းအလုပ္လုပ္ေအာင္ တြန္းအားေပးမယ့္ ဓာတ္ပစၥည္းေတြလည္း ထြက္မလာႏိုင္ေတာ့ပါဘူး။ ဗီတာမင္စီဆိုတာ ခႏၶာကိုယ္တစ္ခုလုံးမွာျပန႔္ေနတဲ့အရာပါ။ ဒါေပမယ့္ ေသြးျဖဴဥေတြမွာ ဗီတာမင္စီကို အမ်ားဆုံးေတြ႕ရပါတယ္။ ဒါေၾကာင့္ ဗီတာမင္စီသာ ျပည့္ဝေအာင္စားမယ္ဆိုရင္ ခုခံအားဆဲလ္ေတြေကာင္းေကာင္း ထုတ္လုပ္ႏိုင္မွာပါ။

 

သက္ႀကီး႐ြယ္အိုေတြကို ေစာင့္ေရွာက္သူေတြမွာလည္း ခုခံအားေကာင္းေနဖို႔ ေကာင္းေကာင္းစားဖို႔လိုပါတယ္။

 

၄။ အသားအရည္က်န္းမာေရးအတြက္ေကာင္းပါတယ္။

 

အသက္ႀကီးလာတဲ့အခါ အေရျပားကို သိသိသာသာထိခိုက္လာပါတယ္။ Fibrin, ေကာ္လဂ်င္နဲ႔ အဆီပမာဏေတြ ေလ်ာ့နည္းလာတဲ့အခါ အသားတြဲတာ၊ အေရးအေၾကာင္းျဖစ္တာေတြ ျဖစ္လာပါေတာ့တယ္။ ဗီတာမင္စီဟာ ခႏၶာကိုယ္ရဲ႕ေကာ္လဂ်င္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ႏိုင္တာမို႔ လုံေလာက္မွ်တခဲ့ရင္ အသားအရည္ကိုပိုၿပီးတင္းရင္းေစႏိုင္မွာပါ။

 

၅။ ထိခိုက္မႈေတြကိုေကာင္းေကာင္းအနာက်က္ေစႏိုင္ပါတယ္။

 

အသက္ႀကီးသူေတြမွာ မေတာ္တဆထိခိုက္မႈေတြ၊ ခြဲစိတ္မႈေတြေၾကာင့္ အေရျပား၊ ႂကြက္သားေတြနဲ႔ အ႐ိုးေတြထိခိုက္မိခဲ့ရင္ အနာက်က္ႏႈန္းေႏွးပါတယ္။ ဒါေပမယ့္ ဗီတာမင္စီသာ လုံေလာက္ေအာင္ေသာက္ထားမယ္ဆိုရင္ အနာက်က္ႏႈန္းကို ပိုမိုျမန္ဆန္ေစႏိုင္လာပါတယ္။

 

၆။ ကင္ဆာကုသမႈကာကြယ္မႈတို႔မွာလည္း အသုံးဝင္ပါတယ္။

 

ဗီတာမင္စီႂကြယ္ဝတဲ့ အသီးအႏွံေတြ၊ အ႐ြက္ေတြစားေပးျခင္းက ကင္ဆာကုသမႈခံယူေနသူေတြအတြက္လည္း ေကာင္းပါတယ္။ ကင္ဆာေဆးေတြဟာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ အင္မတန္မ်ားပါတယ္။ ဒါေပမယ့္ ဗီတာမင္စီပမာဏကို မ်ားမ်ားစားေပးသူေတြမွာ ကင္ဆာေဆးေနာက္ဆက္တြဲေတြ နည္းတာကို ေတြ႕ရပါတယ္။

 

Dr. Mya Phoo Ngon (www.drmyanmar.com)