/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/လေဖြတ်ခြင်းရဲ့-ရှေ့ပြေးလက္ခဏာများ

လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

         လေဖြတ်သူတွေမှာ ဦးနှောက်က လိုသလောက်သွေးထောက်ပံ့မှု မရတော့ပါဘူး။ မြန်မြန်ကုသမှု ရရှိလေလေ ရောဂါပိုဆိုးမှုကို ကာကွယ်နိုင်ပြီး နောက်ဆက်တွဲပြဿနာတွေကို လျော့ကျစေလေလေဖြစ်တဲ့ အပြင် ပြန်ကောင်းနိုင်ဖို့လည်း အခွင့်အရေးများပါတယ်။

ရောဂါလက္ခဏာများ

- မျက်နှာ၊ လက်၊ ခြေထောက်များအားနည်းခြင်း၊ ထုံခြင်း (အထူးသဖြင့် တစ်ဖက်တည်းတွင်)

- စိတ်ရှုပ်ထွေးခြင်း (သို့) အခြားသူများပြောစကားကို နားလည်ရန်ခက်ခြင်း

- စကားပြောရခက်ခဲခြင်း

- မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးကြည့်ရခက်ခြင်း

- မူးဝေခြင်း

- အကြောင်းမရှိဘဲ ခေါင်းပြင်းထန်စွာကိုက်ခြင်း

 

အောက်ပါစမ်းသပ်မှုက ရောဂါလက္ခဏာတွေကိုစမ်းသပ်ဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။

 

မျက်နှာ - ပြုံးခိုင်းပါ။ (မျက်နှာတစ်ဖက်ဖက်ကို ဆွဲနေလားကြည့်ပါ။)

လက် - လက်နှစ်ဖက်လုံးမြှောက်ခိုင်းပါ။ (လက်တစ်ဖက်က အခြားတစ်ဖက်ထက်ပိုမြင့်နေသလား၊ လက်မြှောက်ရခက်ခဲနေလား ဆိုတာကြည့်ပါ။ )

စကား - တိုပြီး ရိုးရှင်းတဲ့ ဝါကျတစ်ခုကို ထပ်ခါထပ်ခါပြောခိုင်းပါ။ (စကားလုံးများဝါးနေခြင်း၊ ပြောတာကိုနားလည်ရန်ခက်ခြင်းများရှိ/မရှိ ကြည့်ပါ။ )

အချိန် - အထက်ပါ အချက်များတွေ့ရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com