/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သက်ကြီးရွယ်အိုတွေမှာဖြစ်တတ်တဲ့-နာကျင်ကိုက်ခဲမှုဝေဒနာ

သက်ကြီးရွယ်အိုတွေမှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

    သက်ကြီးရွယ်အိုတွေမှာ နာတာရှည်နာကျင်မှုဝေဒနာတွေ ခံစားကြရတတ်ပါတယ်။
    နာကျင်ကိုက်ခဲမှုတွေကို မထိန်းချုပ်နိုင်ခဲ့ရင် နေ့စဉ်ဘဝကိုပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။
    သက်ကြီးရွယ်အိုအများစုဟာ နာကျင်ကိုက်ခဲတာတွေကို အသက်ကြီးလာလို့ဖြစ်တာပဲဆိုပြီး မိမိဘာသာကျိတ်ကု၊ နာတာကိုသည်းခံတတ်ကြပါတယ်။ ဒီလိုနဲ့ကြာလာတဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေတောင် မလုပ်နိုင်တော့လောက်အောင် ဖြစ်လာတတ်ကြတယ်။
    လည်ပင်းနာတာ၊ ခါးနာတာ၊ ဒူးနာ၊ အာရုံကြောနာတာ၊ ဘာပဲနာနာ ဆိုးလာတဲ့အထိကို မစောင့်ဘဲ ချက်ချင်းကုသဖို့ အရေးကြီးပါတယ်နော်။
    ၃ လထက် ပိုကြာလာတဲ့နာကျင်ကိုက်ခဲမှုမျိုးကို နာတာရှည်လို့ခေါ်ပြီး အဆစ်အမြစ်ရောင်၊ ကျီးပေါင်း၊ ကင်ဆာ စသဖြင့် အကြောငး်ရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
    စင်ကာပူနာကျင်မှုထိန်းချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ အသက် ၆၅ နှစ်ကျော် စင်ကာပူနိုင်ငံသား ၅ယောက်မှာ၁ယောက်ဟာ အဆစ်အမြစ်နာနေတတ်တယ်လို့ ဆိုပါတယ်။

>>    သက်ကြီးရွယ်အိုတွေမှာနာကျင်ကိုက်ခဲတတ်ပုံများ
●    လက်ချောင်းတွေ၊ ဒူး၊ တင်ပါးဆုံနဲ့ ကျောရိုး နာကျင်ရောင်ရမ်းခြင်း
●    မနက်ခင်းမှာအဆစ်အမြစ်တောင့်တင်းနေခြင်း
●    ခါးနာခြင်း
●    လည်ပင်းနာခြင်း
●    အာရုံကြောနာခြင်း

>>    ဘာကြောင့်ဒီလိုနာတတ်သလဲဆိုရင် -
၁။    အဆစ်အမြစ်ရောင်ခြင်း
    အဆစ်အမြစ်ရောင်ခြင်းဆိုတာဟာ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းပြီး တောင့်တင်းတတ်တဲ့ ရောဂါတစ်မျိုးပါ။ များသောအားဖြင့် အရိုးကျီးပေါင်းနဲ့ အဆစ်အမြစ်လေးဘက်နာရောဂါတွေကြောင့် ဖြစ်တတ်တယ်။
    အရိုးကျီးပေါင်းဆိုတာဟာ အဆစ်အရိုးနုတွေ ကြာရှည်ပွတ်တိုက်မှုများပြီး ကျုံ့နိုင်ဆန့်နိုင်အားနဲ့ အရိုးချင်းပွတ်တိုက်မှုကို ထိန်းချုပ်နိုင်အားလျော့နည်းသွားတဲ့ ရောဂါတစ်ခုပါပဲ။
    ဒီလို အရိုးကျီးပေါင်းရောဂါရှိနေသူ သက်ကြီးရွယ်အိုတွေဟာ မနက်ခင်းမှာ လက်ချောင်း၊ဒူး၊တင်ပါးဆုံနဲ့ ခါးဆစ်ရိုး အဆစ်အမြစ်တွေ တောင့်တင်းနေတတ်တာ၊ ကိုက်ေ်နတတ်တာမျိုးနဲ့ လာတတ်ကြပါတယ်။
    အဆစ်အမြစ် လေးဘက်နာဆိုတာကတော့ ခုခံအားစနစ်ကမောက်ကမဖြစ်ပြီး အဆစ်အမြစ်တွေကို ကိုယ့်ခုခံအားစနစ်က ပြန်တိုက်ခိုက်တဲ့ရောဂါတစ်မျိုးပါပဲ။ လက်ချောင်း၊ ဒူးဆစ်နဲ့ လက်ကောက်ဝတ်တွေမှာ ရုတ်တရက်နာကျင်၊ ရောင်ရမ်းပြီး ပုံပျက်ပန်းပျက်ဖြစ်သွားစေတဲ့ ရောဂါတစ်မျိုးဆိုလည်း မမှားပါဘူးနော်။ ကြာလာရင်ပိုဆိုးလာပြီး သုံးစားမရတဲ့အထိကို ဖြစ်သွားတတ်ပါတယ်။
    ဒီရောဂါရှိသူတွေမှာ မနက်ခင်းအိပ်ရာနိုးချိန် အကြာကြီးတောင့်တင်းနေတာ၊ အဆစ်အမြစ်တွေ နီရဲပူနွေးပြီး နာကျင်နေတတ်သေးတယ်နော်။

၂။    ခါးဆစ်ရိုးလွဲခြင်း
    သက်ကြီးရွယ်အိုတွေမှာ ခါးနာတာနဲ့ လည်ပင်းနာတာဟာ အင်မတန်ကိုမှ အဖြစ်များပါတယ်။
    လည်ပင်းနဲ့ခါးမှာရှိတဲ့ ခါးဆစ်ရိုးဆက်ပြားဟာ အသက်ကြီးလာတာနဲ့အမျှ ယိုယွင်းလာပြီး ခါးဆစ်ရိုးအဆက်ပြားကြားထဲက အဆစ်ပျော့ကလေး ပွင့်ထွက်သွားတတ်ပါတယ်။ ဒီလိုပွင့်ထွက်တဲ့အခါမှာ အာရုံကြောတိူ့၊ အာရုံကြောမတို့ကို သွားဖိမိတတ်ပါတယ်။
    ဖြစ်တဲ့နေရာပေါ်မူတည်ပြီးတော့ လည်ပင်းနာတာတို့၊ ခါးနာတာတို့၊ တင်ပါးနဲ့ခြေထောက် နောက်ကြောတစ်လျှောက် စူးခနဲနာတာတို့ ဖြစိတော့တာပေါ့။ အသက် ၄၀ နောက်ပိုင်းလူတွေမှာ အဖြစ်များပြီး ၆၀ ကျော်လာတဲ့အခါ ပိုဆိုးလာတတ်ပါတယ်။

၃။    အရိုးအတက်ထွက်ခြင်း
    ကျောရိုးတစ်လျှောက်နဲ့ လည်ပင်း၊ ပုခုံး၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေထောက်တစ်လျှောက်မှာ အရိုးအတက်တွေ ထွက်တတ်ကြတယ်။
    ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အာရုံကြောတွေ၊ အရွတ်တွေကို အရိုးအတက်ဖိမိတဲ့အခါ လည်ပင်းနာ၊ ခါးနာ၊ ဒူးနာဖြစ်လာတတ်ပါတယ်။
    အဓိကကတော့ အာရုံကြောကိုဖိမိလို့ ထုံတာကျဉ်တာမျိုး ဖြစ်လာတတိပါတယိ။
    အသက်အရွယ်၊ အဆစ်တွေယိုယွင်းလာခြင်းနဲ့ အားကစားကြောင့်ထိခိုက်မှုတွေကြောင့် အရိုးအတက်ထွက်လာတတ်ပါတယ်။

၄။    လက်မောင်းကပ်ခြင်း
    အသက် ၄၀ နဲ့ ၇၀ ကြားလူတွေမှာ နောက်ထပ်အတွေ့များတဲ့ပြဿ    နာတစ်ခုကတော့ လက်မောင်းကပ်တာပါပဲ။ အထူးသဖြင့် ခွဲစိတ်ထားသူတွေ၊ နာတာရှည် အဆစ်အမြစ်ရောင်ရောဂါတွေ ခံစားရသူတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ပခုံးဆစ်တစ်ဝိုက်က တစ်သျှူးတွေထူပြီး တင်းကျပ်သွားတာကြောင့် ဖြစ်တတ်တယ်။

>>    ဒီလိုအခြေအနေတွေကို ဘယ်လိုကုသကြမလဲ?
●    နာတာကျင်တာကိုက်တာခဲတာသက်သာစေဖို့ အကြာကြီးအိပ်ရာထဲနားတာမျိုးကိုရှောင်ပါ။
●    နာတာရောင်တာတွေအတွက် အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးသင့်ပါတယ်။
●    နာတာရှည်အာရုံကြောနာကျင်တာတွေ သက်သာစေဖို့ အတက်ကျဆေးတွေ၊ စိတ်ကျရောဂါကျဆေးတွေ သောက်ပေးပါ။
●    ခါးနာ၊ လည်ပင်းနာတာတွေအတွက် ကြွက်သားပြေလျော့ဆေးတွေ သောက်ပေးပါ။
●    ကျောဘက်ကြွက်သားတွေနဲ့ ဗိုက်ကြွက်သားတွေ သန်မာစေတဲ့လေ့ကျင့်ခန်းတွေကလည်း အဆစ်အမြစ်နာကျင်တာတွေကို သက်သာစေပြီး အဆစ်အမြစ်လှုပ်ရှားနိင်မှုကို ပိုကောင်းစေနိုင်ပါတယ်။
●    ထုံဆေးနဲ့စတီးရွိုက်နည်းနည်းရောပြီး ထိုးပေးတာကလည်း ယာယီသက်သာစေနိုင်ပါတယ်။
●    ခွဲစိတ်လို့လည်း ရသေးတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)