သက်သက်လွတ်စားတာကြောင့် သွေးတိုးရောဂါသက်သာနိုင်
သက်သက်လွတ်စားတာကြောင့် သွေးတိုးရောဂါကိုသက်သာစေနိုင်တယ်လို့ လေ့လာမှုများအရသိရပါ တယ်။ ဂျပန်နိုင်ငံမှလေ့လာသူများက လူပေါင်း 22,000 ပါ၀င်တဲ့ လေ့လာမှု 39 မျိုးကို ပြုလုပ်ခဲ့ရာသက်သက် လွတ်စားသူတွေရဲ့ သွေးပေါင်ချိန်ဟာအသားစားတဲ့သူတွေထက် လျော့နည်းနေတာကိုတွေ့ရပါတယ်။ ယေဘုယျအားဖြင့် သက်သက်လွတ်စားသူတွေမှာသွေးပေါင်ချိန် အပေါ်သွေးနဲ့အောက်သွေးပေါင်ချိန်ဟာ 5mmHg ထိကျဆင်းနေပါတယ်။
သွေးတိုးရောဂါကိုသက်သာစေတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားနှုန်းက 9% ထိ၊ လေဖြတ်နိုင်ခြေ က 14% ထိလျော့နည်းသွားပါတယ်။ အသီးအနှံများမှာအသားထက်ပိုပြီး ဆိုဒီယမ်လျော့နည်းခြင်း၊ ပိုတက်ဆီယမ်ဓါတ်မြင့်မားခြင်းစတဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် သက်သက်လွတ် စားခြင်းဖြင့် သွေးပေါင်ချိန်ကို လျော့ချနိုင်တာဖြစ်တယ်လို့ သုသေသီတို့ကယုံကြည်ကြပါတယ်။ ဒါပေမယ့် အာဟာရဓာတ်တွေ မျှတစုံလင်ဖို့အတွက် အသား (ဥပမာ - အဆီမပါ အမဲသား၊ ဆိတ်သား၊ အရေခွံမပါ ကြက်သား) ကိုလည်း အတိုင်းအတာတစ်ခုတော့ စားပေးဖို့လိုအပ်ပါတယ်။
Dr. Htet Htet Aung




























