သွေးဆုံးခြင်းကြောင့် ပိုမိုလျှင်မြန်လာနိုင်သော အိုမင်းရင့်ရော်ခြင်း
သွေးဆုံးခြင်းက ခန္ဓာကိုယ်ထဲက ဆဲလ်တွေ အသက်ကြီးရင့်ခြင်းကိုမြန်စေပြီး အမျိုးသမီးတွေကို အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ပိုပြီးကြုံတွေ့ရစေပါတယ်။
သွေးဆုံးခြင်းဆိုတာကတော့ oestrogen နဲ့ progesterone ဆိုတဲ့ ဟော်မုန်းတွေထွက်တာရပ်တန့်သွားတဲ့အတွက် ရာသီသွေးရပ်သွားခြင်းကိုခေါ်ပါတယ်။ အသက် 51 လောက်မှာ သွေးဆုံးလေ့ရှိကြပေမယ့် ဒီထက်စောနိုင်သလို နောက်ကျမှလည်းသွေးဆုံးနိုင်ပါတယ်။ သွေးဆုံးခြင်းကြောင့် ခံစားရလေ့ရှိတဲ့လက္ခဏာတွေကတော့ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ မိန်းမကိုယ်နဲ့ ဆီးအိမ်ပြဿနာများဖြစ်ခြင်းတို့ဖြစ်ကြပါတယ်။
သွေးဆုံးခြင်းက ဆဲလ်တွေကြီးရင့်ခြင်းကို 6% ပိုမြန်စေတယ်လို့ လေ့လာတွေ့ရှိရပြီး အသက်ငယ်ငယ်နဲ့ သွေးဆုံးရင် အိုမင်းမှုပိုပြီးမြန်စေတာကိုလည်း တွေ့ရှိရပါတယ်။
အိုမင်းရင့်ရော်မှုကို အားပေးတဲ့ နောက်အချက်တစ်ခုကတော့ ညဘက်အိပ်မပျော်တာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ခြင်းကြောင့် ရှိသင့်တဲ့အသက်ထက် 2 နှစ်လောက် ပိုအိုတဲ့ပုံပေါက်စေတယ်လို့ သိရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)