/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သွေးတိုးရောဂါကို-အဆင့်ဘယ်လိုခွဲခြားမလဲ

သွေးတိုးရောဂါကို အဆင့်ဘယ်လိုခွဲခြားမလဲ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

         သွေးပေါင်ချိန်ကို 110/80 ဆိုပြီး ဂဏန်းနှစ်မျိုးဖြင့် ဖော်ပြလေ့ရှိပါတယ်။ 110 သည် အပေါ်သွေးကို ကိုယ်စား ပြုပြီး 80 ကတော့ အောက်သွေးကို ရည်ညွှန်းပါတယ်။ သွေးဖိအားကို မီလီမီတာမာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံး ကြွက်သားညှစ်ထုတ်စဉ် သွေးကြောအတွင်းဖြစ်ပေါ်နေတဲ့ ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟုခေါ် ပြီး နှလုံးကြွက်သား ပြန်ဆန့်နေစဉ် ဖြစ်ပေါ်နေတဲ့ ဖိအားကို အောက်သွေး (Dlastolic Blood Pressure) လို့ခေါ်ပါ တယ်။

          အသက်ကြီးတာနှင့်အမျှ သွေးပေါင်ချိန်အတက်အကျကို နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေး၀န်ထမ်းများနှင့် စစ်ဆေးသင့်ပါတယ်။ သွေးပေါင်ချိန် အတက်အကျကို အဆင့်ခွဲရမယ်ဆိုရင် Normal, Prehypertension, hypertension Stage 1, hypertension Stage 2, Hypertensive Crisis ဆိုပြီး အဆင့် 5 ဆင့်ရှိပါတယ်။

          သွေးပေါင်ချိန် အခြေအနေ အသက် 18 နှစ်နှင့် အထက်လူကြီး -

1. Normal

ပုံမှန် အပေါ်သွေး 120 အောက်နှင့် အောက်သွေး ၈၀ အောက်

2. Prehypertension

ပုံမှန်ထက်မြင့်မားပြီး သွေးတိုးရောဂါမဟုတ်သည့် အခြေအနေ အပေါ်သွေး 120 မှ 139 (သို့) အောက်သွေး 80 မှ 89

3. Stage 1 Hypertension (အဆင့် 1 သွေးတိုးရောဂါ )

အပေါ်သွေး 140 မှ 159 (သို့) အောက်သွေး 90 မှ 99

4. Stage 2 Hypertension (အဆင့် 2 သွေးတိုးရောဂါ)

အပေါ်သွေး 160 နှင် အထက် (သို့) အောက်သွေး 100 နှင့် အထက်

5. Hypertension Crtsis (အရေးပေါ်ကုသမှုကို လိုအပ်သည့်အခြေအနေ)

အပေါ်သွေး 180 နှင့် အထက် (သို့) အောက်သွေး 100 နှင့်အထက်

         Prehypertension အဆင့်ရောက်နေပြီဆိုပါက အငန်လျော့စားခြင်း၊ အ၀မလွန်အောင် ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို  ပြုလုပ်ခြင်းဖြင့် သွေးတိုးရောဂါ မဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။ အဆင့် (1) သွေးတိုး နှင့် အဆင့် (2) တွင် ရောက်နေပြီဆိုပါက နေထိုင်စားသောက်မှုပြောင်းလဲရုံသာမက ဆရာ၀န်နှင့် တိုင်ပင်ပြီး သွေးထိန်းဆေးသောက်သုံးသင့်ပါတယ်။

          အသက် 60 မကျော်သေးသူတွေအနေဖြင့် သွေးပေါင်ချိန်ကို 140/90 မကျော်အောင် ထိန်းသိမ်းထားသင့် ပါတယ်။ အသက် 60 ကျော်သူများကတော့ သွေးပေါင်ချိန် 150/90 ထက်နည်းအောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် 130/80 mm Hg အောက်တွင်ရှိနေရမှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com