/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အဆစ်အမြစ်နာကျင်ခြင်းများ-သက်သာစေဖို့အတွက်-အကောင်းဆုံးအစားအစာများ

အဆစ်အမြစ်နာကျင်ခြင်းများ သက်သာစေဖို့အတွက် အကောင်းဆုံးအစားအစာများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုကြောင့် မနက်မိုးလင်းတာနဲ့ ဆေးသောက်နေရတဲ့သူတွေ အတွက် ဆေးဝါးများအပြင် အချို့သောအစားအစာ၊ ဆေးဖက်ဝင်အပင်နဲ့ ဖြည့်စွက်စာတွေဟာလည်း အထောက်အကူပြုနိုင်ပါတယ်။

1. မြေထဲပင်လယ်ဒေသအစားအစာများ

        မြေထဲပင်လယ်ဒေသအစားအစာတွေဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပေးနိုင်တဲ့အပြင် အကိုက်အခဲပျောက်ဆေးအနေနဲ့တောင် အသုံးပြုနိုင်ပါတယ်။

          မြေထဲပင်လယ်အစားအစာတွေမှာ အချိုဓာတ်နည်းတဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ သံလွင်ဆီကဲ့သို့ မပြည့်ဝဆီများ၊ ဟင်းချက်ဝိုင်၊ ငါးအမျိုးမျိ်ုးတွေ မြင့်မားစွာပါဝင်လေ့ရှိပြီး နို့ထွက်ပစ္စည်းနဲ့ အနီရောင်အသားတွေ ပါဝင်မှုကတော့ နည်းပါးပါတယ်။

          သုတေသနပြုလုပ်ချက်တွေအရလည်း အသီးအရွက်တွေပေါ် အခြေခံတဲ့အစားအစာ စားသုံးတဲ့ သူတွေဟာ အဆစ်အမြစ်ရောဂါကို သက်သာစေတဲ့အပြင် မိမိရဲ့စွမ်းဆောင်ရည်ကိုလည်းမြှင့်တင်နိုင်ပါတယ်။

2. ငါးကြီးဆီ

        ငါးကြီးဆီမှာပါဝင်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ အရောင်ကျစေတဲ့အပြင် အရိုးအဆစ် နာကျင်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

          ငါးကြီးဆီရနိုင်တဲ့သဘာဝအရင်းအမြစ်တွေကတော့ ဆယ်လ်မွန်၊ ငါးသေတ္တာ စတဲ့ရေချိုငါးများ၊ အစေ့အမျိုးမျိုးနဲ့ ပဲပိစပ်တို့မှပဲဖြစ်ပါတယ်။

          ငါးကြီးဆီဟာ အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုကို သက်သာစေရုံသာမက နှလုံးကျန်းမာရေး အတွက် ကောင်းမွန်စေကာ အကိုက်အခဲပျောက်ဆေးများသောက်သုံးရမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

          ရေချိုငါးတွေကို တစ်ပတ်လျှင်နှစ်ကြိမ်ခန့်စားသုံးရုံမျှဖြင့် လုံလောက်ပြီဖြစ်သော်လည်း အရည်အသွေးမြင့် ငါးကြီးဆီဖြည့်စွက်အာဟာရတွေကို နေ့စဉ်ထပ်မံသောက်သုံးနိုင်ပါတယ်။

3. Crucifesous ဟင်းသီးဟင်းရွက်များ

        အခြားဟင်းသီးဟင်းရွက်အမျိ်ုးအစားများအပါအဝင် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်း၊ ကွမ်းသီးပေါ်ဖီထုတ် စတဲ့ Crucifesous ဟင်းသီးဟင်းရွက်များကို နေ့စဉ်တစ်ပန်ကန်ခန့်စားသုံးသင့်ပါတယ်။ ၎င်းဟင်းသီး ဟင်းရွက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အမျှင်ဓာတ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အာဟာရအစုအပေါင်းတွေဖြစ်ကြပါတယ်။

          ထို့ပြင် ထိုဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဆဲလ်ဖိုရဖိန်းဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်စေတဲ့ အင်ဇိုင်းတစ်မျိ်ုးကို ပိတ်ဆို့နိုင်ပါတယ်။ အဆစ်အမြစ်တွေကို အားပြုကစားရတဲ့ အားကစားသမားတွေအနေနဲ့လည်း Crucifesous ဟင်းသီးဟင်းရွက်တွေကို စားခြင်းဖြင့် အဆစ်တွေပေါ်မှာ ဖိအားသက်ရောက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

4. ဟင်းခတ်အမွှေးအကြိုင်များ

        အိန္ဒိယအစားအစာတွေမှာပါဝင်လေ့ရှိတဲ့ နနွင်းနဲ့ဂျင်းတွေဟာ အရောင်ကျစေနိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် တိုင်းရင်းဆေးအနေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ နနွင်းဟာ သွေးလေးဖက်နာနဲ့ အရိုးပွခြင်းကိုကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

5. လက်ဖက်ရည် (Green Tea)

        Green Tea ဟာ ကမ်ဘာပေါ်မှာသောက်သုံးမှုအများဆုံးအရည်တစ်မျိ်ုးဖြစ်ပြီး အဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။

        အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်သုံးစွဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများစွာရှိတဲ့ အတွက် ဆေးအစား လက်ဖက်ရည် (Green Tea) ကိုသောက်သုံးခြင်းဖြင့် အာဟာရဓာတ်ပြည့်ဝစေတဲ့အပြင် ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

          အကောင်းဆုံးကတော့ ပိုးသတ်ဆေးတွေမသုံးဘဲ အော်ဂဲနစ်လက်ဖက်ရည်တွေကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

ရှောင်ရှားသင့်သော အစားအစာများ

        အဆစ်အမြစ်နာကျင်မှုတွေကို သက်သာစေဖို့အချို့သောအစားအစာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

          ဆန်၊ ဂျုံပြား၊ ပေါင်မုန့် ကဲ့သို့ သန့်စင်ထားတဲ့အစေ့အနှံများနှင့် သကြားတို့ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျှော့ချရာမှာ အဟန့်အတားဖြစ်စေတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။

          ခြေလေးချောင်း အနီရောင်အသား (အမဲသား၊ ဆိတ်သား၊ ဝက်သား) တွေကို စားသုံးခြင်း ဟာ ရောင်ရမ်းမှုကိုပိုဆိုးစေနိုင်တာကြောင့် လျှော့စားသင့်ပါတယ်။ နောက်ထပ် လုံးဝမစားသင့်တဲ့အစာကတော့ အသွင်ပြောင်းဆီနဲ့ အထပ်ထပ်ပြန်ကြော်ထားတဲ့ ဆီတွေ ဖြစ်ပါတယ်။ ပြောင်းဖူးဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ စပျစ်စေ့ဆီနဲ့ ဟင်းသီးဟင်းရွက်ဆီမှရရှိကာ စည်သွပ်ဘူးတွေမှာ ပါဝင်မှုမြင့်မားလေ့ရှိတဲ့ အိုမီဂါ - 6 တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါကြောင့် အစားအစာတစ်ခုကို မဝယ်ယူမီ ဘူးပေါ်မှာပါဝင်တဲ့ ပစ္စည်းတွေရဲ့စာရင်းကိုဦးစွာစစ်ဆေးသင့်ပါတယ်။

          အကယ်၍ မိမိရဲ့အစားအသောက်ပုံစံကိုပြောင်းလဲပြီးသည့်တိုင်အောင် အစားအစာနဲ့ဆက်နွယ်နေတဲ့ အဆစ်အမြစ်ကိုက်ခဲမှုတွေဟာ ဆက်ရှိနေဦးမယ်ဆိုပါက ဆရာ၀န်နှင့်တိုင်ပင်ကာ မိမိအတွက်အသင့်တော်ဆုံး နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲကျင့်သုံးနိုင်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com