အမျှင်ဓာတ်များများစားခြင်းက အသက်ရှည်ကျန်းမာစေ
အမျှင်ဓာတ်က သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ စတဲ့အပင်ထွက်ပစ္စည်းတွေကရရှိပြီးတော့ ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ အမျှင်ဓာတ်မှာ ရေမှာပျော်ဝင်တဲ့အမျှင်နဲ့ ရေမှာမပျော်ဝင်တဲ့အမျှင်ဆိုပြီး 2 မျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့အမျှင်ကတော့ ရေကိုစုပ်ယူပြီး ဂျယ်ပုံစံဖြစ်သွားပါတယ်။ အစာချေခြင်းကိုနှေးစေပြီး သွေးတွင်းကိုလက်စထရောလ်ဓာတ်ကိုလျော့ကျစေခြင်းဖြင့် နှလုံးရော ဂါဖြစ်ပွားမှုကိုကာကွယ်ပေးပါတယ်။ ဒါကိုတော့ အခွံမာသီးများ၊ အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ ပဲနီကလေး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အချို့မှာတွေ့ရှိနိုင်ပါတယ်။
ရေမှာမပျော်ဝင်တဲ့အမျှင်တွေကိုတော့ ဂျုံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံတွေမှာတွေ့ရပြီးတော့ အစာချေစနစ်ကို မြန်စေပြီး ၀မ်းကို အတုံးအခဲပုံစံ ပိုဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အမျှင်၊ သကြားစားသုံးမှု စတဲ့အစားအစာအမျိုးမျိုးထဲမှာမှ အမျှင်ဓာတ်က အသက်ကြီးသူတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိတာကိုတွေ့ရှိရပါတယ်။
အမျှင်ဓာတ်စားသုံးမှုများသူတွေနဲ့ အမျှင်ဓာတ်သက်သက်ပဲစားသုံးသူတွေက အမျှင်ဓာတ် အစားနည်းသူတွေထက် အသက်ရှည်ရှည်နေနိုင်ပြီး 10 နှစ်လောက်ပိုပြီး ကျန်းမာတာကိုတွေ့ရပါတယ်။ ဒါကတော့ အမျှင်ဓာတ်အစားများသူတွေမှာ သွေးတိုး၊ ဆီးချို၊ သတိမေ့ရောဂါ၊ စိတ်ကျခြင်း နဲ့ မသန်စွမ်းခြင်းတွေကို ခံစားရမှုနည်းလို့ပဲဖြစ်ပါတယ်။
Dr. Mya Myo Myo Swe






























