အယ်ဇိုင်းမားဝေဒနာကို လျှော့ချပေးနိုင်တဲ့ အင်ဇိုင်း
ဦးနှောက်တွင်းရှိ အင်ဇိုင်းတမျိုးက အယ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ Journal PIOS Biology မှာ ဖော်ပြထားပါတယ်။ ထိုအင်ဇိုင်းကို Indiana ရှိ Psychological and Brain Science ဌာနမှ လေ့လာသူတွေက ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပါတယ်။ အင်ဇိုင်းရဲ့ နာမည်က Nicotinamide Mononucleotide Adenylyl transferase 2 (NMNAT 2) ဖြစ်ပြီး အာရုံကြောဆဲလ် လှုပ်ရှားမှုများခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဦးနှောက်အပေါ်ထိခိုက်မှုတွေကို ကာကွယ်ပေးမယ့် ပစ္စည်း Nicotinamide Adenine Dinucleotide (NAD) ကို ထုတ်လုပ်ပေးမယ့် အင်ဇိုင်းလည်း ဖြစ်ပါတယ်။
NMNAT 2 အင်ဇိုင်းက အယ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါများဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ tau ပရိုတင်းများ စုပုံခြင်းကိုကာကွယ်ပေးနိုင်ပြီး အသိဉာဏ်၊ တွေးခေါ်မှု၊ မှတ်ဉာဏ်ချို့တဲ့ခြင်းတို့မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။
ဒါဟာ ဦးနှောက်ချို့ယွင်းမှုဆိုင်ရာ ရောဂါများအတွက် ကုထုံးအသစ်များပေါ်ပေါက်လာဖို့ လမ်းစဖြစ်ပြီး NMNAT 2 ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် အသိဉာဏ်ပိုင်း၊ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ လျော့ပါးမသွားအောင် ထိန်းထားနိုင်မှာ ဖြစ်တယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)