/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်ကြီးတဲ့သူတွေမှာ-ပိုပြင်းထန်နိုင်တဲ့-covid-19

အသက်ကြီးတဲ့သူတွေမှာ ပိုပြင်းထန်နိုင်တဲ့ Covid-19

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံရဲ့လေ့လာချက်တွေအရ Covid-19 ဟာ အသက် (၆၀) အောက်အရွယ်တွေမှာ ရောဂါပြင်းထန်မှုနည်းပါတယ်။ အသက်အရွယ်ကြီးလေ ရောဂါပြင်းထန်မှုများလေဖြစ်ပြီး ကလေးငယ်တွေမှာဆိုရင် ရာသီတုပ်ကွေးပုံစံလောက်သာ ဖြစ်ပေါ်ပါတယ်။ ဒါဟာ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားစနစ်ကလည်း ပြောင်းလဲလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

>>  ကိုယ်ခန္ဓာက ရောဂါပိုးကို တိုက်ထုတ်ပုံ
●  ပိုးဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ သွေးဖြူဥတွေ ပွားလာပြီး ရောဂါပိုးကို ဖမ်းယူကာ ရောဂါပိုးတွေရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ပေးပါတယ်။ T-Cell ကတော့ ရောဂါပိုးရှိနေတဲ့ဆဲလ်တွေကို မှတ်ထားပြီး အဲဒီဆဲလ်တွေကို သတ်ပေးပါတယ်။ အဲဒီလို အတူတကွလုပ်ဆောင်တဲ့ ကိုယ်ခံအားစနစ်ကို Adaptive Immune System လို့ ခေါ်ပါတယ်။
●  Adaptive Immune System မစခင် လူ့ခန္ဓာကိုယ်ရဲ့ဆဲလ်တိုင်းမှာ ရောဂါပိုးကို တိုက်ခိုက်ဖို့ ဓာတ်တစ်မျိုးကို ထုတ်ပေးတဲ့ Innate Immune System လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်လည်း ရှိပါသေးတယ်။ ဒီစနစ်နှစ်ခု အတူတကွလုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ပိုးတွေကို တားမြစ်ပေးပါတယ်။
အသက်အရွယ်ကြီးသူတွေမှာတော့ ဒီကိုယ်ခံအားစနစ် နှစ်ခုလုံး အားနည်းသွားပြီး ရောဂါကို တိုက်နိုင်စွမ်း လျော့နည်းသွားပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေမှာ ဒီကိုရိုနာဗိုင်းရပ်စ် အပါအဝင် အခြားကူးစက်ရောဂါတွေကို သေသေချာချာ ကာကွယ်ဖို့လိုပါတယ်။

Immunace 1

>>  ရောဂါကူးစက်မှုမှ ကာကွယ်ဖို့ အောက်ပါအချက်တွေကို သေသေချာချာ လိုက်နာကြဖို့ လိုပါတယ်။
●  တစ်ဦးနဲ့တစ်ဦး ဝေးဝေးနေခြင်း -  ရောဂါပိုးကို ကာကွယ်ဖို့ လက်ဆေးခြင်း၊ မျက်နှာကိုမထိခြင်းတို့အပြင် အသက်အရွယ်မရွေး ဒါကိုလိုက်နာဖို့ လိုအပ်ပါတယ်။
●  Covid-19 ဟာ အသက်ရှူလမ်းကြောင်း (တံတွေးစက်၊ နှာရည်စက်) ကနေ ကူးစက်တဲ့ပိုး ဖြစ်ပါတယ်။ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ အရွယ်ကြီးတဲ့ အရည်စက်တွေဟာ အောက်ကို မြန်မြန်ကျသွားပြီး သေးငယ်လွန်းတဲ့ အရည်စက်တွေကတော့ လေထဲမှာတင် ခြောက်သွားပါတယ်။ အလယ်အလတ်ဖြစ်တဲ့ အရည်စက်တွေကတော့ လေထဲမှာလွင့်နေပြီး အဲဒီလေကို ရှူလိုက်တဲ့သူရဲ့အဆုတ်ထဲကို ဝင်သွားတာပဲ ဖြစ်ပါတယ်။
●  တစ်ဦးနဲ့တစ်ဦး အနည်းဆုံး (၆) ပေခွာနေခြင်းဟာ အဲဒီအရည်စက်တွေထိစင်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အဲဒီအရည်စက်တွေထဲမှာပါတဲ့ ရောဂါပိုးကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
●  သို့သော်လည်း ရောဂါပိုးရှိသူ ထိသွားတဲ့၊ ချောင်းဆိုးသွားတဲ့နေရာ၊ ပစ္စည်းတွေကိုထိမိ၊ ကိုင်မိခြင်းကြောင့် ကူးစက်နိုင်တာမျိုးတော့ ရှိပါသေးတယ်။
●  ဒါကြောင့် အသက်အရွယ်ကြီးသူတွေအနေနဲ့ ရောဂါပိုးရှိနိုင်တဲ့သူတွေနဲ့ ဝေးဝေးနေခြင်း၊ တတ်နိုင်သမျှ အိမ်အပြင်မထွက်ခြင်းတို့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Immunace 2

(Zawgyi)

တ႐ုတ္ႏိုင္ငံနဲ႔ အီတလီႏိုင္ငံရဲ႕ေလ့လာခ်က္ေတြအရ Covid-19 ဟာ အသက္ (၆၀) ေအာက္အရြယ္ေတြမွာ ေရာဂါျပင္းထန္မႈနည္းပါတယ္။ အသက္အရြယ္ႀကီးေလ ေရာဂါျပင္းထန္မႈမ်ားေလျဖစ္ၿပီး ကေလးငယ္ေတြမွာဆိုရင္ ရာသီတုပ္ေကြးပုံစံေလာက္သာ ျဖစ္ေပၚပါတယ္။ ဒါဟာ အသက္ႀကီးလာတာနဲ႔အမွ် ကိုယ္ခံအားစနစ္ကလည္း ေျပာင္းလဲလာျခင္းေၾကာင့္ပဲ ျဖစ္ပါတယ္။

>>  ကိုယ္ခႏၶာက ေရာဂါပိုးကို တိုက္ထုတ္ပုံ
●  ပိုးဝင္လာတဲ့အခါ ကိုယ္ခံအားစနစ္မွာပါဝင္တဲ့ ေသြးျဖဴဥေတြ ပြားလာၿပီး ေရာဂါပိုးကို ဖမ္းယူကာ ေရာဂါပိုးေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို တားျမစ္ေပးပါတယ္။ T-Cell ကေတာ့ ေရာဂါပိုးရွိေနတဲ့ဆဲလ္ေတြကို မွတ္ထားၿပီး အဲဒီဆဲလ္ေတြကို သတ္ေပးပါတယ္။ အဲဒီလို အတူတကြလုပ္ေဆာင္တဲ့ ကိုယ္ခံအားစနစ္ကို Adaptive Immune System လို႔ ေခၚပါတယ္။
●  Adaptive Immune System မစခင္ လူ႔ခႏၶာကိုယ္ရဲ႕ဆဲလ္တိုင္းမွာ ေရာဂါပိုးကို တိုက္ခိုက္ဖို႔ ဓာတ္တစ္မ်ိဳးကို ထုတ္ေပးတဲ့ Innate Immune System လို႔ေခၚတဲ့ ကိုယ္ခံအားစနစ္လည္း ရွိပါေသးတယ္။ ဒီစနစ္ႏွစ္ခု အတူတကြလုပ္ေဆာင္ျခင္းျဖင့္ ခႏၶာကိုယ္ထဲ ဝင္ေရာက္လာတဲ့ပိုးေတြကို တားျမစ္ေပးပါတယ္။
အသက္အရြယ္ႀကီးသူေတြမွာေတာ့ ဒီကိုယ္ခံအားစနစ္ ႏွစ္ခုလုံး အားနည္းသြားၿပီး ေရာဂါကို တိုက္ႏိုင္စြမ္း ေလ်ာ့နည္းသြားပါတယ္။ ဒါေၾကာင့္ အသက္ႀကီးသူေတြမွာ ဒီကို႐ိုနာဗိုင္းရပ္စ္ အပါအဝင္ အျခားကူးစက္ေရာဂါေတြကို ေသေသခ်ာခ်ာ ကာကြယ္ဖို႔လိုပါတယ္။

>>  ေရာဂါကူးစက္မႈမွ ကာကြယ္ဖို႔ ေအာက္ပါအခ်က္ေတြကို ေသေသခ်ာခ်ာ လိုက္နာၾကဖို႔ လိုပါတယ္။
●  တစ္ဦးနဲ႔တစ္ဦး ေဝးေဝးေနျခင္း -  ေရာဂါပိုးကို ကာကြယ္ဖို႔ လက္ေဆးျခင္း၊ မ်က္ႏွာကိုမထိျခင္းတို႔အျပင္ အသက္အရြယ္မေရြး ဒါကိုလိုက္နာဖို႔ လိုအပ္ပါတယ္။
●  Covid-19 ဟာ အသက္႐ွဴလမ္းေၾကာင္း (တံေတြးစက္၊ ႏွာရည္စက္) ကေန ကူးစက္တဲ့ပိုး ျဖစ္ပါတယ္။ ႏွာေခ်၊ ေခ်ာင္းဆိုးလိုက္တဲ့အခါ အရြယ္ႀကီးတဲ့ အရည္စက္ေတြဟာ ေအာက္ကို ျမန္ျမန္က်သြားၿပီး ေသးငယ္လြန္းတဲ့ အရည္စက္ေတြကေတာ့ ေလထဲမွာတင္ ေျခာက္သြားပါတယ္။ အလယ္အလတ္ျဖစ္တဲ့ အရည္စက္ေတြကေတာ့ ေလထဲမွာလြင့္ေနၿပီး အဲဒီေလကို ႐ွဴလိုက္တဲ့သူရဲ႕အဆုတ္ထဲကို ဝင္သြားတာပဲ ျဖစ္ပါတယ္။
●  တစ္ဦးနဲ႔တစ္ဦး အနည္းဆုံး (၆) ေပခြာေနျခင္းဟာ အဲဒီအရည္စက္ေတြထိစင္ျခင္းမွ ကာကြယ္ေပးႏိုင္တာေၾကာင့္ အဲဒီအရည္စက္ေတြထဲမွာပါတဲ့ ေရာဂါပိုးကိုလည္း ကာကြယ္ၿပီးသား ျဖစ္သြားပါတယ္။
●  သို႔ေသာ္လည္း ေရာဂါပိုးရွိသူ ထိသြားတဲ့၊ ေခ်ာင္းဆိုးသြားတဲ့ေနရာ၊ ပစၥည္းေတြကိုထိမိ၊ ကိုင္မိျခင္းေၾကာင့္ ကူးစက္ႏိုင္တာမ်ိဳးေတာ့ ရွိပါေသးတယ္။
●  ဒါေၾကာင့္ အသက္အရြယ္ႀကီးသူေတြအေနနဲ႔ ေရာဂါပိုးရွိႏိုင္တဲ့သူေတြနဲ႔ ေဝးေဝးေနျခင္း၊ တတ္ႏိုင္သမွ် အိမ္အျပင္မထြက္ျခင္းတို႔ကို လိုက္နာက်င့္သုံးသင့္ပါတယ္။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)