အသက်ကြီးလာချိန်မှာ ကိုယ်အလေးချိန်အလွန်အမင်းကျမသွားအောင် ထိန်းသိမ်းပါ
အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးမကောင်းလို့ပဲဖြစ်ဖြစ်၊ အစာစားချင်စိတ်လျော့နည်းသွားလို့ပဲဖြစ်ဖြစ် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ရရှိအောင်ထိန်သိမ်းခြင်းက အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
တကယ်လို့ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ်လေးချိန်ရုတ်တရက်ကျဆင်းသွားတယ်ဆိုရင် ဆရာဝန်နဲ့ပြပြီး ရောဂါရှိ/မရှိ စစ်ဆေးကြည့်ပါ။
တခြားဘာရောဂါမှမရှိဘူးဆိုရင်တော့ လူကြီးတွေမှာအစာစားချင်စိတ်ကျသွားခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းလေ့ရှိပါတယ်။ အစားအစာလုံလောက်အောင်မစားခြင်းန့ဲ စားတဲ့အစားအစာတွေမှာ လိုအပ်တဲ့စွမ်းအင်တွေ၊ ကယ်လိုရီတွေမပါဝင်ခြင်းကြောင့် ကိုယ်အလေးချိန်ပုံမှန်ထက်ကျစေပါတယ်။
ကိုယ်အလေးချိန် ရှိသင့်တာထက်လျော့နည်းခြင်းက ကျန်းမာရေးပြသနာဖြစ်နိုင်ချေများလို့ လူကြီးတွေအတွက်အရေးကြီးပါတယ်။ ကျန်းမာရေးပြသနာတွေကတော့ ချော်လဲပြီး အရိုးကျိုးခြင်း၊ ကိုယ်ခံအားနည်းပြီး ရောဂါပိုးများ အလွယ်တကူဝင်ရောက်ခြင်းတို့ဖြစ်ပါတယ်။ ဒါတွေအပြင်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်န့ဲ သတ္တုဓာတ်ချို့တဲ့မှုတွေဖြစ်နိုင်ပါတယ်။
အစာစားချင်စိတ်လျော့နည်းနေရင် ဘယ်လိုစားသောက်ကြမလဲ?
အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးမကောင်းလို့ပဲဖြစ်ဖြစ်၊ အစာစားချင်စိတ်လျော့နည်းသွား လို့ပဲဖြစ်ဖြစ် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ရရှိအောင် ထိန်သိမ်းခြင်းက အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
တကယ်လို့ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ်လေးချိန်ရုတ်တရက်ကျဆင်းသွားတယ်ဆိုရင် ဆရာဝန်နဲ့ပြပြီး ရောဂါရှိ/မရှိ စစ်ဆေးကြည့်ပါ။
တခြားဘာရောဂါမှမရှိဘူးဆိုရင်တော့ လူကြီးတွေမှာအစာစားချင်စိတ်ကျသွားခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းလေ့ရှိပါတယ်။ အစားအစာလုံလောက်အောင်မစားခြင်းန့ဲ စားတဲ့အစားအစာတွေမှာ လိုအပ်တဲ့စွမ်းအင်တွေ၊ ကယ်လိုရီတွေမပါဝင်ခြင်းကြောင့် ကိုယ်အလေးချိန်ပုံမှန်ထက်ကျစေပါတယ်။
ကိုယ်အလေးချိန် ရှိသင့်တာထက်လျော့နည်းခြင်းက ကျန်းမာရေးပြသနာဖြစ်နိုင်ချေများလို့ လူကြီးတွေအတွက်အရေးကြီးပါတယ်။ ကျန်းမာရေးပြသနာတွေကတော့ ချော်လဲပြီး အရိုးကျိုးခြင်း၊ ကိုယ်ခံအားနည်းပြီး ရောဂါပိုးများ အလွယ်တကူဝင်ရောက်ခြင်းတို့ဖြစ်ပါတယ်။ ဒါတွေအပြင်လိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်န့ဲ သတ္တုဓာတ်ချို့တဲ့မှုတွေဖြစ်နိုင်ပါတယ်။
အစာစားချင်စိတ်လျော့နည်းနေရင် ဘယ်လိုစားသောက်ကြမလဲ
အသက်ကြီးလာတာနဲ့အမျှ အစာစားချင်စိတ်နည်းလာပြီးတော့ ခန္ဓာကိုယ်အလေးချိန်လည်း ကျဆင်းလာလေ့ရှိပါတယ်။ ဒါဆိုရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေရရှိဖို့အရေးကြီးပါတယ်။
နည်းလမ်းသုံးမျိုးကတော့ -
- နည်းနည်းနဲ့ ခဏခဏစားပေးခြင်းဖြင့် တစ်နေ့သုံးကြိမ် အစာများများမစားချင်တာကို ပြေလည်စေပါလိမ့်မယ်။
- နို့ပူတင်းလိုမျိုး အစားအစာတွေစားသုံးခြင်းဖြင့် ကယ်လိုရီများများရရှိပါစေ။
- ပြည့်ဝဆီ၊ သကြားများများပါဝင်သော အချိုရည်တွေ၊ ကိတ်မုန့်နဲ့ ဘီစကစ်များစားသုံးပြီး ဗိုက်ပြည့်စေခြင်းမှ ရှောင်ကြဉ်ပါ။
ကယ်လိုရီများများရရှိစေနိုင်သော အစားအစာများ
- သစ်သီး၊ သစ်သီးခြောက်များဖြူးထားသော နို့ဆန်ပြုတ်
- ပေါင်မုန့်ကင်နှင့် ငါးသေတ္တာ
- ပဲသီးဖြင့်ပြုလုပ်ထားသော စွပ်ပြုတ်
- အသားစင်းကောနှင့် အာလူးဟင်းလျာ
- အိပ်ရာဝင်ချိန်တွင် နွားနို့သောက်သုံးခြင်း
- ဆားမပါသော အခွံမာသီး
ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာများစားသောက်ခြင်းဖြင့် ကယ်လိုရီရရှိစေပြီး ကိုယ်အလေးချိန်တက်လာစေပါတယ်။
- စွမ်းအင်ပြည့်ဝပြီးကျန်းမာစေဖို့အတွက် ပေါင်မုန့်ကင်ပေါ်မှာ ထောပတ်သီးသုတ်စားပါ။
- ထောပတ်၊ ဂျုံ၊ နို့ တို့ဖြင့်ပြုလုပ်ထားသော ဆော့စ်အဖြူကို ငါးနှင့် ဟင်းသီးဟင်းရွက်များပေါ်တွင် စမ်းစားခြင်း
- ကော်ဖီ၊ လက်ဘက်ရည်သောက်မည့်အစာ နွားနို့ပူပူတစ်ခွက်သောက်သုံးပါ။
- ချေထားသော အာလူးပေါ်တွင် နို့၊ ထောပတ် ဖြူးစားပါ။
မိတ်ဆွေများ၊ မိသားစုများနှင့် အတူစားသောက်ပါ။
အစာစားချင်စိတ်မရှိဘူးဆိုရင် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ မကြာခဏ အတူတူစားသောက်ပါ။ အစားအစာပြင်ဆင်ဖို့ အခက်အခဲရှိရင်တော့ အောက်ပါနည်းလမ်းတွေကို ကျင့်သုံးနိုင်ပါတယ်။
- ဆားပါဝင်မှုနည်းတဲ့ အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေကိုစားသုံးပါ။ အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေရဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ပါဝင်တဲ့ပစ္စည်းတွေကို သေချာဖတ်ပြီးရွေးချယ်ပါ။
- စည်သွပ်ထားတဲ့ သစ်သီးတွေနဲ့ သစ်သီးခြောက်တွေကို အိမ်မှာဝယ်ထားပါ။ လတ်ဆတ်တဲ့သစ်သီးတွေအစား သစ်သီးခြောက်တွေက ပြင်ဆင်ဖို့မလိုဘဲ အလွယ်တကူစားသုံးနိုင်ပါတယ်။ သွားပြဿနာရှိရင်တော့ စည်သွပ်ထားတဲ့ အသီးတွေက စားဖို့လွယ်ကူစေပါတယ်။
- စည်သွပ်ထားသော၊ အေးခဲထားသော ဟင်းသီးဟင်းရွက်များ အိမ်မှာဝယ်ထားပါ။ ပြင်ဆင်ရလွယ်ကူပြီး 5 ရက်အထိထားနိုင်ပါတယ်။
- ဒိန်ချဉ်၊ ပူတင်း စတဲ့သွားရည်စာဗူးလေးတွေ ဝယ်ထားပါ။
- အစားအစာအစား ကယ်လိုရီမြင့်မားစွာပါဝင်တဲ့ အချိုရည်သောက်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အစားစာချင်စိတ်ကို ကောင်းမွန်စေပါတယ်။
အသက်ကြီးသူတွေအတွက် ကိုယ်လက်လှုပ်ရှားမှုရှိဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက လှုပ်ရှားမှုကောင်းစေပြီး ကျန်းမာစေပါတယ်။ ဒါအပြင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။ လှုပ်ရှားမှုများလေလေ ဗိုက်ပိုဆာလေလေပါပဲ။
ကိုယ်အလေးချိန်ရှိသင့်တာထက် နည်းနေတယ်၊ လှုပ်ရှားမှုပြဿနာရှိတယ် (သို့) မသန်စွမ်းဖြစ်နေတယ် ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ပမာဏက အခြားသူတွေနဲ့တူမှာမဟုတ်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။
Dr. Mya Myo Myo Swe






























