/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်ကြီးလာချိန်မှာ-နေရောင်ခြည်က

အသက်ကြီးလာချိန်မှာ နေရောင်ခြည်က ကျန်းမာရေးအကျိုးကျေးဇူးများပေးစွမ်းနိုင်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        နေရောင်ခြည်အလွန်အကျွံထိတွေ့ခြင်းက ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကို လူတိုင်းသိကြပါတယ်။ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည်အလွန်အကျွံထိတွေ့မှုကြောင့် အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

       လေ့လာမှုတစ်ခုအရ လူကြီးတွေအတွက် နေရောင်ခြည်မှန်ကန်တဲ့ပမာဏထိတွေ့ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ဆိုပါတယ်။

       နေရောင်ခြည်က ခန္ဓာကိုယ်မှ ဗီတာမင် D ထုတ်လုပ်မှုကိုများစေပါတယ်။ ဗီတာမင် D က တင်ပါးဆုံရိုးကျိုးခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်းနဲ့ ရုတ်တရပ်နှလုံးရပ်ခြင်း စတာတွေဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။

      သုတေသီတွေက လူကြီးတွေအတွက် ခရမ်းလွန်ရောင်ခြည် အတော်အသင့်ထိတွေ့ခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို လေ့လာခဲ့ပါတယ်။ လူကြီးတွေက အိမ်ထဲမှာအနေများတဲ့အတွက် နေရောင်ခြည်ထိတွေ့မှုနည်းတဲ့အပြင် အသက်ကြီးခြင်းရဲ့ အပြောင်းအလဲအနေနဲ့ အရေပြားက နေရောင်ခြည်ကတဆင့် ဗီတာမင် D ထုတ်လုပ်နိုင်မှုလဲ ကျဆင်းလာပါတယ်။

      လူကြီးတွေအတွက် အရိုးကျန်းမာစေဖို့နဲ့ အူမကြီးကင်ဆာ၊ တင်ပါးဆုံရိုးကျိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းတွေကို လျော့ကျစေဖို့အတွက် ဗီတာမင် D လိုအပ်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ချေရှိသော်လည်း လူကြီးတွေအတွက်တော့ နေရောင်ခြည်ကနေ ကျန်းမာရေးအတွက်အကျိုးကျေးဇူးအများအပြားရရှိစေနိုင်ပါတယ်။

      နေရောင်ခြည်မှရရှိနိုင်တဲ့  အခြားအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်။ ဗီတာမင် D ထုတ်လုပ်နိုင်တဲ့အတွက် စိတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ခုခံအားစနစ်ကြွခြင်းတွေကိုလည်းကာကွယ်ပေးပါတယ်။ နေရောင်ခြည်ထိတွေ့မှုနဲ့ ကြွက်သားလုပ်ငန်းများတိုးတက်လာခြင်း၊ အရိုးနှင့် နှလုံးသွေးကြောကျန်းမာရေး၊ စိတ်ကျန်းမာရေး ( မှတ်ဉာဏ်တောင်ကောင်းလာစေပါတယ်) တို့အကြားမှာ ဆက်နွယ်မှုရှိပါတယ်။

ဘာလုပ်သင့်သလ

       လူကြီးတွေအနေနဲ့ နေရောင်ခြည်ကိုမျှမျှတတခံယူတတ်ဖို့အရေးကြီးပါတယ်။ နေရောင်အောက်မှာ နာရီအကြာကြီးမနေသင့်ပေမယ့် တစ်ပတ်မှာ ရက်တော်တော်များများတော့ နေရောင်နဲ့ထိတွေ့မှုရှိသင့်ပါတယ်။ နေရောင်ခြည်နဲ့ ပမာဏဘယ်လောက်ထိတွေ့သင့်တယ်ဆိုတာကိုတော့ လေ့လာမှုတွေဆက်ပြီးလုပ်ရပါဦးမယ်။

       ဗီတာမင် D လုံလောက်စွာရရှိဖို့အတွက် နေရောင်ခြည်တစ်မျိုးတည်းအပေါ်မှာ မမှီခိုသင့်ပါဘူး။ အချို့သောအစားအစာတွေက ဗီတာမင် D ကို ရရှိစေပါတယ်။ ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေကတော့ -

- ဆယ်မွန်၊ တူနာကဲ့သို့သော အဆီများသော ငါးများ

- နွားနို့

- လိမေ္မာ်ရည်

- ဥများ

- လိမေ္မာ်ရည်၊ ဒိန်ချဉ်၊ ထောပတ် စတဲ့အစားအစာတွေမှာ ဗီတာမင် D ကို တမင်သက်သက် ထပ်ပြီးပေါင်းထည့်ထားခြင်းဖြစ်တဲ့အတွက် ဗီတာမင် D ပမာဏတွေ ကွာခြားနိုင်လို့ ပါဝင်ပစ္စည်းတွေကို သေချာကြည့်ဖို့လိုပါတယ်။

နေရောင်ခြည်များများထိတွေ့ခြင်းက လူတိုင်းအတွက်တော့ မသင့်တော်ပါဘူး

      ပထဝီဝင်အနေအထားအရ ခရမ်းလွန်ရောင်ခြည်ပြင်းအား ကွာခြားမှုရှိတဲ့အတွက် နေရာနဲ့အသားအရည်အမျိုးအစားပေါ်မူတည်ပြီး နေရောင်ခြည်ကိုခံယူဖို့လိုအပ်ပါတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အချို့လူတွေက နေရောင်အောက်မှာ ဘယ်လောက်ကြာကြာနေခဲ့လဲဆိုတာကို တော်တော်သတိထားဖို့လိုပါတယ်။ ဒီလိုလူတွေကတော့ -

1. အရေပြားကင်ဆာဖြစ်ဖူးခြင်း

2. နေရောင်ခြည်အကြာကြီးထိတွေ့မှုကြောင့် အသားအရည်ပျက်စီးခြင်း

3. နေလောင်ဖူးခြင်း

4. အရေပြားကင်ဆာလက္ခဏာဟု သံသယရှိသည်များတွေ့ရခြင်း

ဖြည့်စွက်စာတွေစားလို့ရပါသလား

        ဗီတာမင် D ဓာတ်များသွားရင်လည်း ခန္ဓာကိုယ်မှာစုပုံနေတတ်လို့ ဗီတာမင်ဆေးတွေသောက်ဖို့လို/မလိုနဲ့ ဘယ်လောက်သောက်ရမယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com