/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်ကြီးသူများတွင်-သတိထားသင့်သော-ဗီတာမင်-b12-ချို့တဲ့ခြင်း

အသက်ကြီးသူများတွင် သတိထားသင့်သော ဗီတာမင် B12 ချို့တဲ့ခြင်း

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        အားအင်လျော့နည်းခြင်း၊ နုံးခွေခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့ဖြစ်နေပါက အသက်အရွယ်ကြီးလာတာ ကြောင့်ပဲဖြစ်ရမယ်လို့ တထစ်ချ မခံယူသင့်ပါဘူး။ ဗီတာမင် B12 ချို့တဲ့နေတဲ့အချိန်မျိုးမှာလည်း အဲဒီလိုမျိုးခံစား ရနိုင်ပါတယ်။

       ဗီတာမင် B12 ဟာ DNA များတည်ဆောက်ရာမှာ အရေးပါတဲ့အာဟာရဓာတ်ဖြစ်ရုံသာမက သွေးဆဲလ်များနဲ့ အာရုံကြောဆဲလ်များအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်လည်း ဖြစ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ပါက ခေါင်းနောက်ခြင်းနဲ့ ခြေလက်များထုံကျဉ်ခြင်း၊ ခံတွင်းပျက်ခြင်းတို့ကို ခံစားရပါတယ်။

       ဗီတာမင် B12 ကို နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ အသား၊ ပင်လယ်စာစတာတွေမှာ ပေါများစွာတွေ့ရ ပြီးခန္ဓာကိုယ်က တစ်နေ့လျှင် ဗီတာမင် B12 ပမာဏ 2.4 microgram လောက်လို့အပ်ပါတယ်။

 

        ဗီတာမင် B12 ချို့တဲ့ရတဲ့ အကြောင်းရင်းများမှာ -

-  သက်သက်လွတ်စားခြင်း

-  ဗီတာမင် B12 ကို ခန္ဓာကိုယ်မှ မစုပ်ယူနိုင်ခြင်း (ဥပမာ - အက်ဆစ်လျော့ချသော ဆေးများသုံးစွဲနေရသူများတွင် ခန္ဓာကိုယ်မှ B12 ကိုမစုပ်ယူနိုင်ပါ)

-  ဗီတာမင် B12 စုပ်ယူရာတွင် အရေးပါသောပစ္စည်း (Intrinsic factor) မရှိခြင်း

-  အသက်အရွယ်ကြီးခြင်း

- ‌‌သွေးအားနည်းခြင်းတို့ ဖြစ်ပါတယ်။

 

        ဗီတာမင် B12 ချို့တဲ့နေကြောင်းသိရပါက -

1)   ဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်ကုသပါ။

2)   အစားကို ပမာဏနည်းနည်းနဲ့မကြာခဏစားပေးပါ။

3)   အသားမစားသူဆိုရင်တော့ ဗီတာမင် B12 ကြွယ်၀တဲ့ ကောက်နှံများကို စားသုံးခြင်း၊ ဗီတာမင် B12 ဖြည့်စွက်ဆေးဝါးများကို မှီ၀ဲပေးပါ။

 

Dr. Htet Htet Aung (www.drmyanmar.com)