/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်-၅၀-အရွယ်မှာ-ပြုလုပ်သင့်သော-ကျန်းမာရေးစစ်ဆေးမှုများ

အသက် ၅၀ အရွယ်မှာ ပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှုများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

သင် အသက် ၅၀ ကျော်လာတဲ့အချိန်မှာ နေထိုင်မကောင်း ဖြစ်နေမယ်ဆိုရင် သင့်ရဲ့အိုမင်းစပြုချိန်တွေဟာ စိတ်ညစ်ညူးစရာကောင်းနေပါလိမ့်မယ်။
ဒီလိုမဖြစ်စေဖို့အတွက် အသက် ၅၀ နား ချဉ်းကပ်လာပြီဆိုကတည်းက လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘယ်လိုစစ်ဆေးမှုတွေကို ပြုလုပ်ရမယ်ဆိုတာ လေ့လာဖို့အတွက် ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုပေးပါနော်။

(၁)  အူမကြီးကင်ဆာစစ်ဆေးမှု
အသက် ၅၀ အရွယ်တိုင်း စစ်ဆေးသင့်ပါတယ်။

(၂)  သွေးပေါင်ချိန်
သွေးတိုးရောဂါဖြစ်ပေါ်ပါက နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကိုပါ ဖိတ်ခေါ်သလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး သွေးတိုးရောဂါရှိနေပါက ဆေးကုသမှုခံယူပါ။

(၃)  ကိုလက်စထရော
အဝလွန်နေသူများ၊ နှလုံးရောဂါဖြစ်ရန် အလားအလာများသူများ၊ ဆေးလိပ်သောက်သူများအနေနှင့် ကိုလက်စထရောစစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။

(၄)  သွေးတွင်းအချိုဓာတ်
ဆီးချိုဖြစ်ရန် အလားအလာများသူများအနေနှင့် သွေးတွင်းအချိုဓာတ် ပုံမှန်စစ်ဆေးခြင်း၊ ဆီးချိုရောဂါကို ကုသမှုခံယူခြင်းဖြင့် အခြားသောဆိုးကျိုးများစွာကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၅)  အရေပြား
မိမိကိုယ်ပေါ်ရှိ မှဲ့များနှင့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို စစ်ဆေးကြည့်ရှုပါ။

(၆)  မျက်စိ
အသက်ကြီးလာတာနှင့်အမျှ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ပါဝါကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

(၇)  အမျိုးသမီးများအတွက် ရင်သားဓာတ်မှန်စစ်ဆေးခြင်းနှင့် သားအိမ်ခေါင်းအသားစစစ်ဆေးခြင်း (Pap Smear)
အသက် ၄၀ ကျော်ပြီဆိုတာနှင့် ရင်သားကင်ဆာ ရှိ၊ မရှိကို သိရှိစေဖို့ ရင်သားဓာတ်မှန်ရိုက်သင့်ပါပြီ။
သားအိမ်ခေါင်းကင်ဆာရောဂါကို စစ်ဆေးဖို့အတွက်လည်း HPV ဗိုင်းရပ်စ်စစ်ဆေးခြင်းနှင့်အတူ သားအိမ်ခေါင်းအသားစ စစ်ဆေးမှုကိုလည်း လုပ်ဆောင်သင့်ပါတယ်။

(၈)  အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်း
အသက် ၅၀ အမျိုးသားတိုင်းဟာ ဆီးကျိတ်နှင့်ပတ်သက်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါပြီ။ ဒါမှသာ ဆီးကျိတ်ရောင်ရောဂါနှင့် ဆီးကျိတ်ကင်ဆာရောဂါတို့ကို ကြိုတင်ကာကွယ်နိုင်မှာပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)