အသက် 60 ကျော် လူကြီးများအတွက် အာဟာရပြည့်၀အောင် စားသောက်နည်း
အသက်ကြီးလာတာနဲ့အမျှ အစားသိပ်မစားနိုင်တာကြောင့် စားလိုက်သမျှအစားအစာအားလုံးဟာ အာဟာရပြည့်၀နေဖို့ အထူးလိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရတန်ဖိုးတွေအပြည့်အ၀ ရရှိနေစေရန် အောက်ပါနည်းလမ်းများကိုလိုက်လုပ်ကြည့်ပါ။
1. နည်းနည်းချင်းစီနဲ့ မကြာခဏစားပေးပါ။
2. အချိုဓါတ်ပါ၀င်မှုမြင့်မားတဲ့ ဖျော်ရည်၊ ကိတ်မုန့် စတာတွေကိုရှောင်ရှားပါ။
3. တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေနဲ့ အသင့်စားအစားအသောက်တွေ၊ အကြော်တွေကို တတ်နိုင်သလောက်ရှောင်ပါ။
4. စားတဲ့အစားအစာတွေထဲမှာ ကွေကာအုတ်၊ နို့ဆန်ပြုတ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက် စတာတွေကိုထိပ်ဆုံးကပါနေပါစေ။
5. မနက်ခင်းမှာပုံမှန်သောက်နေကျ လက်ဖက်ရည်ဒါမှမဟုတ် ကော်ဖီတစ်ခွက်နေရာမှာ နို့တစ်ခွက်ဖြင့် အစားထိုးလိုက်ပါ။ ညအိပ်ရာ၀င်ခါနီးဗိုက်ဆာပါက နို့တစ်ခွက်သောက်ပါ။
6. ပေါင်မုန့်မီးကင်နဲ့ ဆာဒင်းငါး၊ မြေပဲထောပတ်သုတ်ထားတဲ့ ပေါင်မုန့်မီးကင်၊ အသားစွပ်ပြုတ် စတာတွေကိုစားသုံးပေးပါ။
7. ဆားနဲ့လှော်ထားတဲ့ အခွံမာသီးတွေကိုရှောင်ရှားပါ။
8. အစားအသောက် စားချင်စိတ်နည်းပါးနေချိန်တွင် တစ်ယောက်တည်းမစားဘဲ သူငယ်ချင်းအပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ်အတူစားပါ။
Dr. Htet Htet Aung





























