/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်တွင်-ကင်ဆာဖြစ်သော်လည်း-ကိုယ်၀န်ဖျက်ချပြီး

ကိုယ်၀န်ဆောင်ချိန်တွင် ကင်ဆာဖြစ်သော်လည်း ကိုယ်၀န်ဖျက်ချပြီး ကင်ဆာရောဂါကုသဖို့မရွေးချယ်သူ စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         အသက် 32 နှစ် အရွယ် အင်္ဂလန်နိုင်ငံသူအမျိုးသမီး Heidi Loughlin သည် သူမ၏တစ်နှစ်သားအရွယ်သားလေး Tait အား နို့တိုက်နေစဉ်အတွင်း ရင်သား၌အဖုအပိမ့်တစ်ခုရှိနေသည်ကို သတိထားမိခဲ့သည်။ အစပိုင်းတွင် ဆရာ၀န်များကိုယ်တိုင်ကပင်  ကင်ဆာရောဂါဖြစ်နေသည်ဟု မထင်ကြပေ။  သို့ဖြစ်၍  နို့အုံရောင်ရမ်းနာကုသသည့်ဆေးဝါးဖြင့် ရောဂါပျောက်ကင်းစေရန်ကုသသော်လည်း အဖုအပိမ့်သည်  စတင်ပျံ့လာခြင်းကြောင့် တစ်စုံတစ်ရာမှားယွင်းနေပြီဟုခံစားမိပြီး မိသားစုဆရာ၀န်အားပြခဲ့ရာ သူမ၏မျိုးရိုးတွင်ကင်ဆာဖြစ်ဖူးသူလည်းမရှိ၊ သူမသည် ဆေးလိပ်၊ အရက်လည်းသောက်ခြင်း မရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်သူဖြစ်ခြင်းကြောင့် ကင်ဆာမဖြစ်နိုင်ဟုယူဆကာ ပဋိဇီ၀ဆေးပေး၍ကုသခဲ့သည်။ သို့သော်  နို့သီးခေါင်းချိုင့်၀င်သွားပြီး   ၄င်းအနီးတစ်၀ိုက်ရှိရင်သားပြင်သည်  လိမေ္မာ်ခွံပုံသဏာန်သို့ပြောင်းလာခဲ့သည်။   သူမအနေဖြင့် ပိုး၀င်သည်ဟုထင်မှတ်ကာ  ဆရာ၀န်ထံသို့သွားပြခဲ့ရာ ဆရာ၀န်၏ညွှန်ကြားချက်အရ  အသားစယူစစ်ဆေးခြင်းကိုခံယူခဲ့ရပြီး ရလဒ်၏အဖြေအရ Inflammatory breast cancer  ဖြစ်ကြောင်းသိရှိ ခဲ့ရသည်။ ကိုယ်၀န်သုံးလရှိနေစဉ် အဆိုပါကင်ဆာရောဂါကိုခံစားရသူဖြစ်၍   ဓာတုဆေးသွင်းကုသရာတွင် သနေ္ဓသားအား အန္တရာယ်သက်ရောက်စေနိုင်သည့်အတွက် ဆရာ၀န်များအနေဖြင့် ကိုယ်၀န်ဖျက်ချပြီး ကုသမှုစတင်စေချင်သော်လည်း  ရင်သွေးကိုဆက်လက်လွယ်ထားလိုသည့် ဆန္ဒရှိခြင်းကြောင့် ရောဂါဆေးအာနိသင်သိပ်မပြင်းသည့်ဆေးဖြင့်သာ ကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့သည်။

         သူမသည် စိတ်ဓာတ်မာသူတစ်ယောက်ဖြစ်ပြီး  ရောဂါကြောင့်တုန်လှုပ်ခြောက်ခြားမိပေမယ့် သားလေးနှစ်ယောက်အား  အမိမဲ့ဖြစ်သွားမည်ကို စိုးရွံ့သည့်စိတ်အပါအ၀င်  ၀မ်းနှင့်လွယ်ထားရသည့် ရင်သွေးကို လက်လွတ်ဆုံးရှုံးရသည့်အဖြစ်အား လက်သင့်မခံနိုင်သည့်အတွက်  စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင် ထားကာ ဖြစ်လာသမျှကိုရဲရဲဝံ့ဝံ့ ရင်ဆိုင်မည်ဟုဆုံးဖြတ်ချက်ကို ခိုင်မာပြတ်သားစွာချမှတ်နိုင်ခဲ့သူဖြစ်သည်။  ကလေးမွေးမည့် သတ်မှတ်ရက်ထက် 10 ပတ် စောပြီးမွေးရမည်ဟု   ဆရာများ၏ပြောကြားချက်ကို လိုက်နာကာ ဗိုက်ခွဲမွေးခဲ့ပြီး၊ မွေးဖွားပြီးနောက်တွင် ပိုထိရောက်သော ကင်ဆာနှိမ်နင်းကုသမှုများဖြစ်သည့် ဓာတ်ရောင်ခြည်ပြခြင်း၊ ဓာတုဆေးသွင်းကုသခြင်း၊  ဟော်မုန်းကုသမှုခံယူခြင်း၊ သားမြတ်ဖြတ်ထုတ်ခြင်း စသည့်ကင်ဆာကုထုံးများကိုခံယူရပြီး ကင်ဆာကုသမှုကိုခံယူရသည့် လူနာတို့၏ထုံးစံအတိုင်း ဆံပင်တွေကျွတ်လာခြင်းကြောင့်  ကတုံးတုံးလိုက်ရသည်။   

          အမျိုးသမီးတွေအနေဖြင့်  ရင်သားအနီးတစ်၀ိုက်တွင်ဖြစ်သည့် လက္ခဏာတိုင်းကို ပေါ့ပေါ့ဆဆ သာမန်ဟုသာသဘောမထားစေချင်သည့်အတွက် Miss Loughlin  သည် သူမကြုံတွေ့ရသည့်  ကင်ဆာရောဂါအခြေအနေနှင့်ပက်သတ်ပြီး  ပြောကြားထားခြင်းဖြစ်သည်။ Inflammatory breast cancer   စစဖြစ်ခြင်းတွင် နို့အုံရောင်ရမ်းနာနှင့်ဆင်တူတတ်ပြီး ရင်သားနေရာတစ်၀ိုက်ရှိ ပြန်ရည်ကို သယ်ဆောင်သောပြွန်တွင် ကင်ဆာဆဲလ်တွေပိတ်ဆိို့သွားခြင်းကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ရောဂါလက္ခဏာများမှာ ရင်သား ဖူးရောင်၊ နီမြန်းတတ်ပြီး   နို့သီးခေါင်းအတွင်းဘက် သို့ချိုင့်၀င်ခြင်း၊   ရင်သားပြင်မှာ   လိမေ္မာ်ခွံပုံသဏာန် အဖြစ်သို့ပြောင်းလာခြင်း၊ ရောဂါဖြစ်နေသော ရင်သားနေရာတစ်၀ိုက်မှာ ပူနေသလိုခံစားရခြင်းတို့ဖြစ်တတ်သည်။ အ၀လွန်သူ၊ လူမည်းအမျိုးသမီးများ တွင် ဖြစ်နိုင်ခြေများသည်။

 

CMS

www.drmyanmar.com