ချစ်မဝတဲ့ သမီးလေးကို ယုံကြည်မှု ပြည့်ဝစေဖို့ ဒီလိုလေး ပြောပြပေးနော်
♦ ပိန်မှ လှတာလာ? ၊ အရပ်ရှည်မှ ကြည့်ကောင်းမှာလား?
♦ အသားဖြူမှ ချစ်ခင်ကြမှာလား?
♦ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ဟာ ထင်သလောက်တော့ အရေးမပါ,ပါဘူး။
♦ တကယ်တော့ ပန်းတိုင်းဟာ သူ့ရနံ့နဲ့သူ လှနေကြတာပဲ မဟုတ်ပါလား။
အသက် (၁၀) နှစ်အရွယ် သမီးငယ်က သူ့လက်မောင်း တုတ်တုတ်ခဲခဲလေးတွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ သူက လက်မောင်းတုတ်တာကို သဘောမကျဘူးလေ။ တကယ်တော့ သမီးလေးရဲ့ မေမေကိုယ်တိုင်ကလည်း ဒီလိုမျိုး မိမိခန္ဓာကိုယ်ပေါ်ကို ယုံကြည်မှု နိမ့်ပါးစွာနဲ့ အသက်ရှင်သန် ကြီးပြင်းလာတယ်ဆိုတာ သမီးကော သိပါ့မလား။ တကယ့်တော့ မိမိကိုယ်ကို ချစ်မြတ်နိုးတယ် ဆိုတာ မိမိအနေနဲ့ လက်ရှိ အကောင်ဆုံးလုပ်နိုင်တဲ့ ဂရုစိုက်မှု ဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ ပြုံးရွှင်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဆွဲဆောင်မှုအပြည့်နဲ့ ဖြစ်နေမှာပါ။
>> မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝစေဖို့ ဒီလိုလေးတွေ တွေးကြည်ရအောင် ...
၁။ မိမိခန္ဓာကိုယ်ဟာ မိမိပိုင်ဆိုင်တဲ့ တစ်ခုတည်းသောအရာပါ။
၂။ ခန္ဓာကိုယ်က အစိတ်အပိုင်းတိုင်းဟာ မြတ်နိုးတန်ဖိုးထားရမယ့် မိဘပေးတဲ့အမွေပါ။
၃။ တန်ဖိုးထားချင်ရင် ကျန်းမာရေး ဂရုစိုက်ရမယ်။ သန့်ရှင်းသပ်ရပ်စွာ နေရပါမယ်။
၄။ ဂရုစိုက်စောင့်ရှောက်သလို လှသထက်လှအောင် ပြုပြင်ရာမှာလည်း မလွန်ကဲသင့်ဘူးနော်။
၅။ သမီးက သိပ်လှပြီးသား ဒီထက် ပြုပြင်စရာမလိုတော့ဘူး။ ဒါပေမဲ့ သပ်သပ်ရပ်ရပ် ကြွကြွရွရွနဲ့ စနစ်တကျ နေထိုင်သင့်တာတော့ အမှန်ပါ။
၆။ ရှိသမျှအလှနဲ့ ရောင့်ရဲနေဖို့လည်း မဟုတ်သလို တတ်နိုင်သလောက် အလှတရားကို ဖော်ထုတ်တာကလည်း အပြစ်တော့မဟုတ်ဘူး။ အမျိုးသမီးတွေ လှနေမှ ကမ်ဘာကြီး သာယာမယ်၊ သဘာဝအလှဟာ အလတ်ဆတ်ဆုံး၊ အစင်ကြယ်ဆုံးဆိုတာ သမီးလေးကို ပြောပြပေးလိုက်ပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























