ချိုချိုနဲ့ ပတ်သက်သမျှ ဗဟုသုတ
အခုချိန်မှာ ဘရာလှလှတွေ ဘော်လီလန်းလန်းတွေနဲ့ အထဲရော အပြင်ပါမကျန် လှလှပပလေး ရှိုးထုတ်ချင်သူ မမတို့်အတွက် ရင်သားနဲ့ နို့သီးခေါင်းကနေတစ်ဆင့် သိနိုင်မယ့် ကျန်းမာရေး အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
● နို့သီးခေါင်း ပုံစံလေးတွေက အမျိုးမျိုးရှိသလို နို့သီးခေါင်းနဲ့ အေရီရိုလာကလည်း မတူဘူးနော်။ အေရီရိုလာက ရင်သားကို ဝိုင်းပတ်ထားတဲ့ ကွင်းလေးပါ။ အရောင်ကတော့ ပန်းရောင်၊ အညိုနဲ့ အမည်းရောင်လေး အမျိုးမျိုးပေါ့။
● အထဲကို ချိုင့်ဝင်နေတဲ့ နို့သီးခေါင်းလေးတွေကလည်း တကယ်တော့ ပုံမှန်ပါပဲ။ တစ်ဖက်က အထဲကိုဝင်နေပြီး နောက်တစ်ဖက်က သူများနည်းတူ စူတူတူလေးတွေ ဖြစ်နေတတ်တဲ့ မမတွေလည်းရှိပါရဲ့။
● အေရီရိုလာလေးမှာ နို့သီးခေါင်းနှစ်ခု ရှိတာလည်း ဖြစ်တတ်တယ်။ ပုံမှန်လိုပဲ နို့ရည်စီးကြောင်းတွေနဲ့ ချိတ်ဆက်နေပြီး နို့ထုတ်ပေးနိုင်ပါတယ်။
● အမည်းဖုလေးတွေ ပန်းရောင်ဖုလေးတွေက ပုံမှန်ပဲနော်။ အမွှေးတွေ ထွက်လာမယ့် အိတ်လေးတွေ။ မိန်းကလေးတချို့ နို့သီးခေါင်းဘေးမှာ အမွှေးရှိရင် ပိုမည်းပြီးကြမ်းကြမ်းတွေ ထွက်တတ််တယ်။ ရိတ်သင်ပစ်တာ၊ နုတ်ပစ်တာ လုပ်လို့ရပါတယ်။
● ချိုချိုတွေက ထွက်တဲ့နို့ရည်လောက် ပြည့်စုံကောင်းမွန်တဲ့ အာဟာရ မရှိတော့ပါဘူး။ အပြင်ဖော်မြူလာတွေ ဘယ်လောက်ကောင်းကောင်း မိခင်နို့ရည်ကို မမှီဘူးဆိုတာ သိကုန်ကြပါပြီ။
● အရေပြား ပွန်းတာလေးတွေ ဓာတ်မတည့်တာလေးတွေ ရှိတဲ့အခါ နို့သီးခေါင်းလေးတွေ နာတတ်ရောင်တတ်ပါတယ်။ နို့သီးခေါင်းကင်ဆာက ရင်သားကင်ဆာလိုမဟုတ်ဘဲ အလွန်ရှားပါးတဲ့ ရောဂါတစ်မျိုးပါ။
● နို့သီးခေါင်းနဲ့ အေရီရိုလာလေးရဲ့ အရွယ်အစားဟာ ပြောင်းလဲတတ်ပါတယ်။
● နို့သီးခေါင်းကနေ သွေးရည်ကြည်၊ ပြည်တွေထွက်တဲ့အခါ ဆရာဝန်ကို အမြန်ပြသ တိုင်ပင်စေလိုပါတယ်။
● အာသီးလီယားလို့ ခေါ်တဲ့ နို့သီးခေါင်းတစ်ဖက်မပါဘဲ မွေးဖွားလာတဲ့လူတွေ ရှိပါတယ်။ မထူးဆန်းပါဘူး။ တစ်ဖက်ထဲမှာ နို့သီးခေါင်းတွေ အများကြီးပါတာလည်း ဖြစ်တတ်တဲ့ကိစ္စပါ။
● မိခင် ၁၀ ယောက်မှာ ၃ ယောက်ဟာ နို့စတိုက်စဉ်မှာ နို့သီးခေါင်းတွေ နီတာ၊ ရောင်တာ၊ အက်ကွဲတာတွေ ကြုံရလေ့ရှိပါတယ်။
● လိင်ဆက်ဆံမှုဘဝမှာ ရင်သားနဲ့ နို့သီးခေါင်းတွေကို ထိတွေ့ပွတ်သတ်ပေးခြင်းဖြင့် လိင်သာယာမှုဘဝကို တင်းပြည့်ကြပ်ပြည့် ရရှိစေပါတယ်။
● နို့သီးခေါင်းတွေဟာ ရာသီလာချိန်၊ ကိုယ်ဝန်ရှိချိန်နဲ့ ပြင်ပအပူချိန်ကိုလိုက်ပြီး အရောင်ပြောင်းလဲတတ်ပါတယ်။
● ရင်သားနဲ့ နို့သီးက အာရုံကြောတွေဟာ ဖြာထွက်များပြားပါတယ်။
ရင်သားခွဲစိတ်မှု လုပ်ထားသူတွေမှာ နို့သီးခေါင်းကို ထိတွေ့တာကို တုံ့ပြန်နိုင်စွမ်း ပိုမိုများပြားနေတတ်ပါတယ်။
● နို့သီးခေါင်းတစ်ဝိုက်က အကျိတ်ငယ်လေးတွေမှာ အဆီတစ်မျိုး စစ်ထုတ်ပေးပြီး နို့သီးခေါင်းနဲ့ ရင်သားကို ချောမွေ့စေပါတယ်။
● မွေးမွေးချင်း နို့ စတိုက်လို့ရပါပြီ။
● ဘေဘီလေးအကြောင်း စဉ်းစားလိုက်ရုံနဲ့ နို့ရွှင်လာတတ်ပါတယ်။ ကလေ းငိုသံကြားရုံ၊ ကလေးအကြောင်း စဉ်းစားလိုက်ရုံနဲ့ နို့ရည်တွေ ပြည့်တင်းလာတတ်တဲ့ ထူးခြားဆန်းကျယ်တဲ့ မိခင်မေတ္တာပါ။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)




























