ဆီးခုံမွှေးမရိတ်မီ ကြိုတင်သိထားသင့်သော အချက်များ
1. အမွှေးအမျှင်များကို ဖယ်ရှားခြင်းကြောင့် ပြည်တည်နာဖြစ်နိုင်ပါတယ်
အမွှေးအမျှင်များကိုဖယ်ရှားလိုက်သောကြောင့် ဆံပင်အမြစ်များမှတဆင့် ခန္ဓာကိုယ်တွင်းသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းဖြင့် ပြည်တည်နာများဖြစ်လာရခြင်းဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးတွေနဲ့ လွယ်လွယ်ကူကူကုသလို့ရနိုင်ပေမယ့်လည်း တခါတရံမှာတော့ ပြည်တွေကိုစုတ်ထုတ်ဖို့လိုအပ်နိုင်ပါတယ်။
2. အမွှေးရိတ်ခြင်းသည် Waxing (ဖယောင်း)နည်းဖြင့် ဖယ်ရှားခြင်းထက် ပိုမဆိုးပါ
Waxing နည်းဖြင့် အမွှေးအမျှင်ဖယ်ရှားခြင်းသည် ပိုကောင်းသည်ဟုအထင်ရှိကြသော်လည်း အမှန်တကယ်တွင်တော့ Waxing ဖြင့်လည်း ဆီးစပ်မွှေးများကို ကုန်စင်အောင်မဖယ်ရှားနိုင်ပေ။ မည်သည့်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ အမွှေးအမျှင်များကိုဖယ်ရှားခြင်းဖြစ်သည့်အတွက် အကျိုးရလဒ်ကတော့ ထူးမခြားပေ။
3. အမွှေးအမျှင်များကိုဖယ်ရှားခြင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားခြင်းကို မြင့်တက်စေပါတယ်
2012 ခုနှစ်မှာပြုလုပ်တဲ့ သုတေသနပြုလုပ်ချက်အရ အမွှေးအမျှင်ဖယ်ရှားခြင်းဟာ အရေပြားအပေါ်ယံလွှာကို ပျက်စီးစေခြင်းကြောင့် ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်ခြင်းဖြစ်ကြောင့် တွေ့ရှိရပါတယ်။
ဆီးစပ်မွှေးတွေရှိတာကြောင့် အစိုဓာတ်ကိုစုပ်ယူပေးပြီး အမွှေးအမျှင်တွေအောက်က ဖုံးအုပ်ထားတဲ့နေရာကိုမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမွှေးအမျှင်တွေမရှိတော့ပါက အရေပြားအတွင်းသို့ ရောဂါပိုးများ (ဥပမာ - ရေယုံ) ဝင်ရောက်နိုင်ရန် အခွင့်အလမ်းပိုမိုများပြားလာစေပါတယ်။
4. အမွှေးအမျှင်များကို ညှပ်ခြင်းသည်အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်
သဘာဝအတိုင်းမနေလိုတဲ့ အမျိုးသမီးများအတွက် အမွှေးအမျှင်များကိုညှပ်ပစ်ခြင်းက စိတ်အချရဆုံးနည်းလမ်းဖြစ်ပါတယ်။ ညှပ်ပစ်ခြင်းဖြင့် ဆံပင်အောက်ခြေများအတွင်း အမွှေးငုတ်တိုများ ကျန်ရှိခြင်းကိုလည်း မဖြစ်စေနိုင်ပါ။ တစ်ခုတည်းသော မကောင်းတဲ့အချက်ကတော့ အမွှေးအမျှင်များရှည်လာသည်နှင့်အမျှ ယားယံစေနိုင်ပါတယ်။
Dr. Moe Thauk Pan (www.drmyanmar.com)