/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဆွဲဆောင်မှုရှိတဲ့-အမျိုးသမီးလေးတွေ-ဖြစ်ချင်တယ်ဆိုရင်

ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးလေးတွေ ဖြစ်ချင်တယ်ဆိုရင် ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1. အပြုံး
အပြုံးမျက်နှာလေးဟာ အမျိုးသားတွေအနေနဲ့ ပထမဆုံးသတိထားမိစေတဲ့ ပျိုမေတို့ရဲ့ ဆွဲဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။ အပြုံးအလှပိုင်ရှင် (သို့) မျက်နှာချိုသူတစ်ဦးဟာ ပိုပြီးဆွဲဆောင်မှုရှိသလို လူချစ်လူခင်လည်းပေါများတတ်ကြပါတယ်။ အပြုံးဟာ ခင်မင်မှုအစ သငေ်္ကတတစ်ခုလို့ သတ်မှတ်လို ရနိုင်သလို မိမိရဲ့အပြုံးကြောင့် အခြားသူတစ်ယောက်မျက်နှာမှာပါ အပြုံးရောင်သမ်းစေပါတယ်။ ဒါကြောင့် မျက်နှာကို အမြဲတမ်းပြုံးပြုံးလေးထားပါ။ အသက်၀င်တဲ့အပြုံး တစ်ခုဖြစ်ဖို့တော့လိုအပ်ပါတယ်။ နှစ်လိုဖွယ်ကောင်းပြီး သဘာ၀ကျကျပြုံးနိုင်တဲ့အပြုံးအလှပိုင်ရှင် တစ်ယောက်ဖြစ်ဖို့ မှန်ရှေ့မှာ အခါခါလေ့ကျင့်ကြည့်သင့်ပါတယ်။

2. မျက်၀န်း
မျက်လုံးဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်သန္တန်ကို ပေါ်လွင်စေနိုင်တဲ့ ပြတင်းပေါက်လို့တောင်ဆိုနိုင်ပါတယ်။ လိမ်ညာနေသလား၊ အမှန်အတိုင်းပြောနေသလားဆိုတာ မျက်လုံးကိုကြည့်လိုက်တာနဲ့ အလွယ်တကူ ခန့်မှန်း သိရှိနိုင်ပါတယ်။ အမျိုးသား ၇၀ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးရဲ့မျက်၀န်းကို ဦးဆုံးသတိပြုမိတတ်လေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှန်းလဲ့တောက်ပနေတဲ့ မျက်၀န်းအလှကြောင့် မျက်နှာအလှကို ပိုမိုပေါ်လွင်စေသလို ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွှေပြောဆိုဆက်ဆံတတ်ကြောင်းကိုလည်း ထင်ရှားစေတာကြောင့်ပါ။

3. ဆံပင်
ဆံပင်ပုံစံဟာ အမျိုးသမီးတစ်ဦးရဲ့မျက်နှာအလှကို ထင်ပေါ်စေနိုင်တဲ့အလှတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဆံပင်ပုံစံကြောင့် ပိုပြီးငယ်ရွယ်နုပျိုသွားစေနိုင်သလို အသက်ပိုကြီးသွားစေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ဆံကေသာနူးညံ့ပျော့ပျောင်းတဲ့အမျိုးသမီးတွေကို ပိုပြီးဂရုပြုမိတတ်ကြသလို ဆံပင်ရှည်ရှည် အမျိုးသမီးတွေကပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်လေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာနှင့် လိုက်ဖက်မယ့် ဆံပင်ပုံစံကို သေချာရွေးချယ်သင့်ပါတယ်။

4. ခန္ဓာကိုယ်အချိုးအစား
အမျိုးသားတွေအနေနဲ့ ပျိုမေတို့အား သတိထားမိစေနိုင်တဲ့အချက်က ခန္ဓာကို်ယ်အချိုးအစားပဲဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပိန်ပါးသွယ်လျလွန်းခြင်းဟာ ကြည့်မကောင်းစေနိုင်သလို ၀ဖိုင့်လွန်းခြင်းဟာလည်း ဆွဲဆောင်မှုအားလျော့ကျစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အစားအသောက်၊ သင့်တော်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းကို လုပ်ဆောင်ကာ ညီမျှတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

5. ရင်သား
ရင်သားဖွံ့ဖြိုးသူအမျိုးသမီးတွေအနေနဲ့ ဘယ်လိုအကျႌဒီဇိုင်းမျိုးကိုမဆို၀တ်ဆင်တဲ့အခါ အချိုးအစားကျကျ လှပစေနိုင်သလို ဆွဲဆောင်မှုလည်းပိုရှိစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ အ၀တ်အစား၀တ်လိုက်ချိန်တိုင်းမှာ မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေပြီး၊ လှပကျော့ရှင်းသော ပြီးပြည့်စုံတဲ့အလှကို ပိုင်ဆိုင်နိုင်ဖို့ ရင်သားဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်သင့်တဲ့အပြင် နွားနို့သောက်ခြင်း၊ သငေ်္ဘာသီးဖျော်ရည်သောက်ခြင်း၊ ရင်သားလိမ်း ခရင်မ်လိမ်းခြင်း၊ ဆေးဖက်၀င်အရွက်များစားသုံးခြင်း၊ အသားဓာတ်များများစားသုံးခြင်း၊ စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

6. မိတ်ကပ်အပြင်အဆင်
သဘာ၀ဆန်တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေက အမျီုးသမီးတွေကို ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ မိမိအလှကို ပေါ်လွင်မြင်သာအောင် ပြင်ဆင်ပါ။ ဒါပေမယ့် မိမိမျက်နှာအလှကို ပိုပြီးရင့်သွားစေနိုင်တဲ့ ခြယ်သမှုမျိုးကိုတော့ သတိပြုသင့်ပါတယ်။

7. ခြေတံ
ခြေတံသွယ်လျပြီး ခြေသလုံးကြွက်သားပြေပြစ်လှပမှုဟာလည်း အမျိုးသမီးတို့ရဲ့ ဆွဲဆောင်စေနိုင်တဲ့ အလှများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သင့်အနေနဲ့ ခြေတံသေးသွယ်ပြီး အရပ်ရှည်သူတစ်ယောက် မဖြစ်နိုင်ဘူးဆိုပြီး စိတ်အားမလျော့လိုက်ပါနဲ့၊ နေ့စဉ်ပေါင်တံမှ ခြေသလုံးတစ်လျှောက် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးခြင်း၊ ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ခြင်း၊ ထိုင်ထလေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ နောက်ကျောမှီ ထိုင်လျက်ခြေထောက်နှစ်ဖက်စလုံးကို မြှင့်တင်လိုက်ပြန်ချလိုက်ပြုလုပ်ခြင်း၊ သစ်သီး၀လံဟင်းသီးဟင်းရွက်စား သုံးခြင်း၊ နွားနို့သောက်ခြင်းတို့ ပြုလုပ်ပေးပါက ခြေသလုံးကြွက်သား၊ ပေါင်တံကြွက်သားတို့ကို ကျစ်လျစ်သွယ်လျစေနိုင်ရုံသာမက တင်ပါးကိုလည်း ဖွံ့ထွားစွံကားလာစေနိုင်ကာ ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပလာစေနိုင်ပါတယ်။

8. အသားအရေ
နူးညံ့ချောမွေ့ပြီးကြည်လင်တဲ့ အသားအရေပိုင်ရှင်အမျိုးသမီးတွေဟာ ဆွဲဆောင်မှုအားတစ်ခု ပိုသာတယ် လို့တောင်ဆိုနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတွေနေနဲ့ မိမိအသားအရေကို အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အသားအရေထိန်းသိမ်းရာမှာ အစိုဓာတ်ထိန်းပေးဖို့ အဓိကလိုအပ်ပြီး အိပ်ရေး၀၀အိပ်သင့်တဲ့အပြင် စိတ်ဖိစီးမှုတွေကင်းေ၀းစေဖို့ကလည်း ပဓာနကျပါတယ်။ ဒါ့အပြင် ရေများများသောက်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများစားသုံးခြင်း၊ မိမိအသားအရေနဲ့ ကိုက်ညီတဲ့အလှကုန်ပစ္စည်းကိုသာ ရွေးချယ် သုံးစွဲခြင်း၊ နေရောင်ကာ ခရင်မ်လိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် အသားအရေထိန်းသိမ်း ပေးသင့်ပါတယ်။

9. ၀တ်စားဆင်ယင်မှုပုံစံ
မိမိသွားမယ့်နေရာနဲ့လိုက်လျောညီထွေဖြစ်အောင် ၀တ်စားဆင်ယင်တတ်ခြင်းဟာလည်း အမျိုးသမီးတစ် ဦးရဲ့ဆွဲဆောင်မှုတစ်ရပ်ဖြစ်စေနိုင်သလို ဒေါက်မြင့်ဖိနပ်၊ အ၀တ်အစားနဲ့လိုက်ဖက်အောင် ဆင်ယင်ထားတဲ့ တွဲဖက် ပစ္စည်း၊ ပျိုမေတို့ရဲ့ကိုယ်သင်းရနံ့ဟာ မိမိဘယ်လောက်ခေတ်မီစတိုင်ကျလှပတယ်ဆိုတာ ကို ဖော်ကျူးနိုင်တဲ့ အပြင်အဆင်များဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေဖို့ ပိုပြီးဆွဲဆောင်မှုရှိစေဖို့ အတွက် ခေတ်နဲ့အညီ၀တ်စားဆင်ယင်တတ်ဖို့က အဓိကအခန်းကဏ္႑မှာ ပါ၀င်နေပါတယ်။

CMS (www.drmyanmar.com)