/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာကိုက်ခဲတာကို-သက်သာစေတဲ့-အပြေးလေ့ကျင့်ခန်း

ဓမ္မတာကိုက်ခဲတာကို သက်သာစေတဲ့ အပြေးလေ့ကျင့်ခန်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဓမ္မတာလာနေချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ လေ့လာမှုတွေအရတော့ လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၄၅-၆၀ မိနစ်လောက်ကြာကြာကို တစ်ပတ်သုံးကြိမ်လောက် လုပ်ပေးရင် ဓမ္မတာနာကျင်မှုတွေကို သက်သာစေတယ်လို့ တွေ့ရပါတယ်။

ဓမ္မတာလာစဉ်မှာ ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ အပြေးလေ့ကျင့်ခန်းပါပဲ။ ဓမ္မတာလာနေချိန်မှာ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၁။ စိတ်တက်ကြွစေခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က ပျော်ရွှင်ခြင်းဟော်မုန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ အန်ဒရိုဖင်းဟော်မုန်း (endrophin) ကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ စိတ်ကိုတက်ကြွစေရုံသာမက ကိုက်ခဲနာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

၂။ တင်ပါးဆုံကြွက်သားတွေကို ပျော့ပျောင်းစေခြင်း
လှုပ်ရှားမှုမရှိတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေလို့ နာကျင်တာ ပိုဆိုးနိုင်ပါတယ်။ ပြေးလိုက်ခြင်းအားဖြင့် တင်ပါးဆုံကြွက်သားတွေ ပျော့ပျောင်းလာပြီး သွေးလှည့်ပတ်မှုကောင်းလို့ ဆီးစပ်ကိုက်တာကို သက်သာစေပါတယ်။

Dolfenal 2022 IA 1

၃။ အခြားသော ဓမ္မတာလာချိန်ဖြစ်တတ်တဲ့ လက္ခဏာများကို သက်သာစေခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ ဆီးစပ်ကိုက်တာကို သက်သာစေတဲ့အပြင် အခြားသော ဓမ္မတာလာချိန်ဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်တဲ့ စိတ်အပြောင်းအလဲမြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတာတွေကိုပါ သက်သာစေပါတယ်။

၄။ လန်းဆန်းတက်ကြွစေခြင်း
တချို့သောအမျိုးသမီးတွေဟာ ဓမ္မတာလာပြီဆို ပျင်းရိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ပြေးလိုက်ခြင်းအားဖြင့် တစ်သျှူးတွေဆီကို အောက်ဆီဂျင် ထောက်ပံ့မှုများလာလို့ အားအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွလာတာကို ခံစားရမှာပါ။

Dolfenal 2022 IA 2

ဓမ္မတာလာချိန်မှာ နာကျင်မှုကို သက်သာစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး Mefanamic Acid ပါတဲ့ ဆေးဝါးတွေ မှီဝဲလို့လည်း ရပါတယ်။ ပြေးတာဟာ ကိုက်ခဲမှုတွေကို သက်သာစေပြီး ကျန်းမာရေးအတွက်ကောင်းပေမယ့် တန်ဆေးလွန်ဘေးဆိုတာမျိုး မဖြစ်ရအောင် ဖော်ပြပေးမယ့်အချက်တွေကိုတော့ လိုက်နာပေးဖို့ လိုပါလိမ့်မယ်။
● အပြင်းအထန်မလုပ်ဘဲ ကိုယ်ခံနိုင်ရည်ရှိသလောက်သာ ပြေးပါ။
● မပြေးခင်နဲ့ ပြေးအပြီးမှာ အကြောလျှော့ပေးပါ။
● လေ့ကျင့်ခန်းလုပ်နေစဉ်မှာ သက်သောင့်သက်သာရှိတဲ့ လစဉ်သုံးပစ္စည်းကိုပဲ အသုံးပြုပါ။
● သွေးဆင်းများတဲ့ရက်တွေမှာ မပြေးပါနဲ့။
● ဓမ္မတာလာနေချိန်မှာ ရေများများသောက်ပေးပြီး ကျန်းမာရေးနဲ့ညီညွတ်တာကိုပဲ စားသောက်ပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)