/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာနောက်ကျတာ-ပုံမှန်ပဲလား

ဓမ္မတာနောက်ကျတာ ပုံမှန်ပဲလား ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရာသီစက်ဝန်းဟာ အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် မတူညီကြလို့ ဘယ်နှရက်နေရင်တစ်ခါ ဓမ္မတာလာတယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ ရာသီစက်ဝန်းပေါ်မူတည်ပြီးတော့ ဓမ္မတာလာပြီး နောက် ၂၁-၃၅ ရက်ကြာရင် နောက်တစ်ကြိမ် ဓမ္မတာလာလေ့ရှိပါတယ်။

Dolfenal 2022 IA 1

အကယ်၍ ရာသီစက်ဝန်း (၂၈) ရက်ကြာတဲ့သူက (၂၉) ရက်နေလို့မှ ဓမ္မတာမလာသေးရင်၊ ရာသီစက်ဝန်း (၃၂) ရက်ကြာတဲ့သူက (၃၃) ရက်နေလို့မှ ဓမ္မတာမလာသေးရင် လာတာနောက်ကျတယ်လို့ ပြောကြပါတယ်။ ရက်အနည်းငယ်နောက်ကျတာက အကြောင်းမဟုတ်ပေမဲ့ အပတ်ပေါင်းများစွာကြာအောင် နောက်ကျနေရင်တော့ ပြဿနာတစ်ခုခုရှိနေလို့ ဖြစ်နိုင်ပါတယ်။

Dolfenal 2022 IA 2

ဓမ္မတာနောက်ကျစေတဲ့ အကြောင်းရင်းတွေကတော့ -

●   စိတ်ဖိစီးမှုများခြင်း

●    ကိုယ်အလေးချိန် အရမ်းတက်လာခြင်း (သို့) ကျခြင်း

●    လေ့ကျင့်ခန်းကို လုပ်နေကျထက် ပိုပြီးပြင်းပြင်းထန်ထန် လုပ်လိုက်ခြင်း

●    သားဥအိတ်အရည်အိတ်တည်သောရောဂါ (PCOS) ရှိခြင်း

●    ဟော်မုန်းပါတဲ့တားဆေးတွေ အသုံးပြုနေခြင်း

●    သွေးဆုံးခါနီခြင်း

●    အရွယ်မတိုင်ခင် သွေးဆုံးခြင်း

●    သိုင်းရွိုက်ဟော်မုန်း ပုံမှန်မရှိခြင်း

●    ဆီးချိုသွေးချိုလိုမျိုး နာတာရှည်ရောဂါများရှိခြင်း

●    ကိုယ်ဝန်ရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဓမ္မတာနောက်ကျတာ အပတ်ရေ (၆) ပတ်ထက်ကျော်ရင်တော့ ရာသီထိန်တယ်လို့ သတ်မှတ်ပါတယ်။ ဒီလိုရာသီထိန်တာ ရံဖန်ရံခါဆို သိပ်ကိစ္စမရှိပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)