/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာနဲ့ပတ်သက်ပြီး-ဘယ်အချိန်မှာစိုးရိမ်ဖို့လိုမလဲ

ဓမ္မတာနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာစိုးရိမ်ဖို့လိုမလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဓမ္မတာလာတဲ့အခါ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရတာဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဘယ်အချိန်မှာ သတိပြုရတော့မယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

(၁)  ဓမ္မတာပမာဏ
ပုံမှန်ထက်ကို ဓမ္မတာ ပိုများလာပြီဆိုရင်၊ အထူးသဖြင့် မိုက်ခနဲဖြစ်တာ၊ မူးဝေတာ၊ ရင်တွေတုန်လာတာမျိုး ရှိလာပြီဆိုရင် ဆရာဝန်နဲ့ပြပါ။ ဓမ္မတာများတာဟာ ဟော်မုန်းမညီမျှမှု၊ သားအိမ်အသားလုံး၊ သိုင်းရွိုက်ပြဿနာ၊ ကင်ဆာ၊ သွေးရောဂါများနဲ့ သားအိမ်ဆဲလ်နေရာလွဲမှားတဲ့ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

(၂)  ဓမ္မတာနာကျင်ကိုက်ခဲမှုများ
နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်လောက်အောင် နာကျင်ကိုက်ခဲနေပြီ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေလောက်နဲ့ မသက်သာတော့ဘူးဆိုရင် စိုးရိမ်ရပါတယ်။ သားအိမ်အသားလုံး၊ သားအိမ်ဆဲလ်နေရာလွဲမှားတဲ့ရောဂါတွေနဲ့ တင်ပါးဆုံအောက်ပိုင်း ရောင်ရမ်းခြင်းတွေကြောင့် ဒီလိုနာကျင်မှုတွေ ဖြစ်တတ်ပါတယ်။

Dolfenal 1

(၃)  ဓမ္မတာထိန်ခြင်း
ဓမ္မတာထိန်ခြင်းဟာ ကိုယ်အလေးချိန် ရုတ်တရက်ပြောင်းလဲခြင်း၊ စားသောက်ခြင်း မူမမှန်စိတ်ရောဂါတွေ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ဟော်မုန်းမမှန်မှုတွေနဲ့ ဆေးတချို့တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၄)  ဓမ္မတာတစ်လနှင့် တစ်လအကြား သွေးဆင်းခြင်း
ဟော်မုန်းမညီမျှတာကြောင့်သော်လည်းကောင်း၊ သွေးဆုံးခါနီးလို့သော်လည်းကောင်း ဖြစ်နိုင်ပေမယ့် သားအိမ်ကင်ဆာတွေ၊ အသားလုံးတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်။

Dolfenal 2

(၅)  ဗိုက်ကယ်ခြင်း
ဓမ္မတာနဲ့မဆိုင်ဘဲ ဗိုက်ကယ်နေတယ်ဆိုရင် သားဥအိမ်ကင်ဆာကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။

(၆)  ဓမ္မတာစိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း
သာမန်မှာလည်း ဖြစ်တတ်ပေမယ့် အရမ်းပေါက်ကွဲထွက်တာမျိုး၊ စိတ်ဓာတ်အရမ်းကျတာမျိုး ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)