/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာပြဿနာတွေဟာ-ကိုယ်အလေးချိန်နဲ့-သက်ဆိုင်ပါတယ်

ဓမ္မတာပြဿနာတွေဟာ ကိုယ်အလေးချိန်နဲ့ သက်ဆိုင်ပါတယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကိုယ်အလေးချိန် တက်ခြင်း၊ ကျခြင်းဟာ ကျန်းမာရေးကို ဘက်ပေါင်းစုံကနေ ထိခိုက်စေတတ်ပါတယ်။
ကိုယ်အလေးချိန် သတ်မှတ်ထားတာထက် ကျနေခဲ့ရင် သားဥအိမ်က သားဥတွေ မထုတ်တော့ဘဲ ဓမ္မတာကမောက်ကမဖြစ်တာ၊ လုံးလုံးမလာတာတွေ ဖြစ်နိုင်ပါတယ်။ အစားအသောက် မစားချင်တဲ့ အမျိုးသမီးတွေဟာ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်အောက်ကို အများကြီး ကျနေတတ်ပါတယ်။ သားဥမကြွေဘူးဆိုရင် ခန္ဓာကိုယ်ကလည်း ထုတ်ရမယ့် အီစထရိုဂျင်ဟော်မုန်းကို မထုတ်လွှတ်တော့ပါဘူး။ ဒီလို အပျိုဖော်ဝင်ချိန်နဲ့ သွေးဆုံးချိန်ကြားမှာ အီစထရိုဂျင် ပုံမှန်မထုတ်လုပ်တဲ့အခါ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ကိုယ်အလေးချိန် သတ်မှတ်ထားတာထက် များနေခဲ့ရင် သာမန်ကိုယ်အလေးချိန်ရှိသူထက်စာရင် ဓမ္မတာမမှန်တာ၊ ဓမ္မတာလုံးလုံးမလာတာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကိုယ်ဝန်ရဖို့လည်း ခဲယဉ်းပါတယ်။ သားဥအိမ်က အီစထရိုဂျင်ဟော်မုန်း ထုတ်လွှတ်ပါတယ်။ အဆီဆဲလ်တွေကလည်း အီစထရိုဂျင် ထုတ်ပါတယ်။ ဝလာတာနဲ့အမျှ အဆီတွေကလည်း ပိုများလာပြီး အီစထရိုဂျင်တွေ ပိုထုတ်လာပါတယ်။ အီစထရိုဂျင်တွေ များလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းဆေးတွေ သောက်နေသလို၊ ကိုယ်ဝန်ရှိနေသလို တုံ့ပြန်ပါတယ်။ သားဥကြွေတာ၊ ဓမ္မတာပုံမှန်လာတာတွေကို တားဆီးနိုင်ပါတယ်။

Dolfenal 1

>>  ဒီလိုဓမ္မတာပြဿနာတွေက ကိုယ်ဝန်ကို ဘယ်လိုသက်ရောက်မှုရှိသလဲ?
ဓမ္မတာပြဿနာတွေအားလုံးကတော့ ကိုယ်ဝန်ကို သက်ရောက်မှုမရှိပါဘူး။ ဒါပေမဲ့ တချို့ဓမ္မတာပြဿနာတွေကတော့ ကိုယ်ဝန်မရနိုင်တာမျိုး ရှိပါတယ်။ တစ်နှစ်တိတိ (အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေမှာ ၆ လခန့်ထိ) ကြိုးစားပြီးနောက် ကလေးမရနိုင်သေးရင် ကိုယ်ဝန်မရနိုင် မြုံနေတယ်လို့ ဆိုနိုင်ပါတယ်။
●  ဓမ္မတာမမှန်တာ၊ ဓမ္မတာမလာတာဟာ သားဥမကြွေဘူးဆိုတာကို ပြနေပါတယ်။ ဒီလိုသားဥမကြွေတာဟာ အမျိုးသမီးတွေမှာ ကလေးမရနိုင်တဲ့ အများဆုံးအကြောင်းရင်းပါပဲ။
●  ဓမ္မတာလာတာ အရမ်းနာကျင်ပြီး ကြာရှည်တာ၊ မမှန်တာ၊ အရမ်းများတာတွေဟာလည်း ကိုယ်ဝန်မရနိုင်ကြောင်း ပြသနေတာဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဓမ္မတာပြဿနာတွေ ဖြစ်နေရသလဲဆိုတာပေါ် မူတည်ပါတယ်။ ဥပမာပြောရရင် သားဥအိမ်မှာ အရည်အိတ်တွေ အများကြီးတည်တဲ့ရောဂါစုဟာဆိုရင် ဓမ္မတာ အများကြီးလာတဲ့ ကိုယ်ဝန်မရနိုင်တဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။ သားအိမ်အလုံးရှိနေရင်လည်း ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

ဓမ္မတာ ပုံမှန်လာနေတယ်ဆိုတာဟာ ကိုယ်ခန္ဓာက ပုံမှန်အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါပဲ။
ကိုယ်ဝန်ရှိနေတာ၊ ကလေးနို့တိုက်နေတာ၊ သွေးဆုံးသွားတာ၊ ဓမ္မတာရပ်စေလောက်အောင် ရောဂါတစ်ခုခု ရှိနေတာမျိုးမဟုတ်ရင် ဓမ္မတာ ပုံမှန်လာရပါမယ်။ ဓမ္မတာမမှန်တာ၊ နာကျင်တာ၊ များတာတွေဟာ သတိထားရမယ့် ကျန်းမာရေးလက္ခဏာတွေပါပဲ။ ဓမ္မတာမမှန်ခြင်းကြောင့် ကိုယ်ဝန်ရဖို့လည်း ခဲယဉ်းနိုင်ပါတယ်။ ဓမ္မတာမှန်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့လိုအပ်ပါတယ်။

Dolfenal 2

>>  ဒီလိုဓမ္မတာပြဿနာတွေ မဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲ?
ဓမ္မတာပြဿနာတွေ မဖြစ်ရအောင်လို့ ကြိုတင်ကာကွယ်လို့တော့ မရပါဘူး။ ဓမ္မတာပြဿနာတွေဖြစ်တဲ့ ဓမ္မတာ များတာ၊ နာကျင်တာတွေဟာ မျိုးပွားအင်္ဂါလမ်းကြောင်းမှာ ပြဿနာဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးသောက်တာ၊ သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်တာ၊ ဆေးထိုးတာ၊ သားအိမ်ကွင်းစွပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတာမျိုး မဟုတ်ဘူးဆိုရင် တားဆေးသောက်ဖို့ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ တားဆေးဟာ ကိုယ်ဝန်တားဖို့တင်မက အမျိုးသမီးရောဂါတွေအတွက်ပါ ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်နိုင်ပါတယ်။
အမျိုးသမီးတွေ အများဆုံးဖြစ်တတ်တဲ့ ဓမ္မတာလက္ခဏာကတော့ ဗိုက်အောင့်တာပါပဲ။ အမျိုးသမီး အများစုမှာတော့  ဓမ္မတာမလာခင်လေး၊ ဒါမှမဟုတ် လာခါစမှာတင် အကိုက်အခဲပျောက်ဆေး သောက်လိုက်ရင် သက်သာသွားတတ်ကြပါတယ်။
ကိုယ့်ဓမ္မတာစက်ဝန်းနဲ့ လက္ခဏာတွေကို သေချာမှတ်ထားခြင်းက ရောဂါရှာဖွေရာမှာ အထောက်အကူပြုပါတယ်။ ဓမ္မတာစတဲ့ရက်၊ ဘယ်လောက်ကြာတယ်၊ ဆင်းတာ ဘယ်လောက်များတယ်၊ ဘယ်လိုနာတယ်ဆိုတာတွေကို မှတ်သားထားပေးပါ။ ဆရာဝန်နဲ့ပြတဲ့အခါ ဘယ်ဟာကတော့ ပုံမှန်ဖြစ်နေကျ၊ ဘယ်ဟာကတော့ အသစ်ဖြစ်လာတာ စသဖြင့် ပြောနိုင်ပါလိမ့်မယ်။
ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ထိန်းမယ်၊ ဆေးလိပ်ဖြတ်မယ်ဆိုရင် ဓမ္မတာမလာခင် လက္ခဏာတွေ၊ ဓမ္မတာမမှန်တာတွေ၊ ဓမ္မတာများတာ၊ နာကျင်တာ စတာတွေကို သက်သာစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)