/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာမမှန်ခြင်းအတွက်-အိမ်တွင်းနည်းလမ်းများ

ဓမ္မတာမမှန်ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဓမ္မတာစက်ဝန်းဆိုတာ ဒီလ ဓမ္မတာစလာတဲ့ရက်ကနေစပြီး နောက်လ ဓမ္မတာစလာတဲ့ရက်ကို တစ်စက်ဝန်းလို့ သတ်မှတ်ပါတယ်။ ပျမ်းမျှဓမ္မတာစက်ဝန်းဟာ ၂၈ ရက်ရှိပြီး အမျိုးသမီးတစ်ဦးနဲ့တစ်ဦး၊ တစ်လနဲ့တစ်လ တူချင်မှတူမှာပါ။

၂၄-၃၈ ရက်တိုင်း လာနေတယ်ဆိုရင် ဓမ္မတာမှန်တယ်လို့ ယူဆနိုင်ပါတယ်။ တစ်လနဲ့တစ်လ လာတာမတူတာ၊ ဓမ္မတာတွေက စောလိုက်၊ နောက်ကျလိုက် ဖြစ်နေတာမျိုးရှိရင်တော့ မမှန်ဘူးလို့ ဆိုနိုင်ပါတယ်။
ဘာကြောင့် ဓမ္မတာမမှန်ဖြစ်နေရလဲဆိုတာပေါ် မူတည်ပြီးတော့ ကုသမှုလည်း ကွာခြားမှာဖြစ်ပါတယ်။ ဓမ္မတာမမှန်ခြင်းအတွက် အိမ်မှာပဲလုပ်ကြည့်လို့ရတဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။

Dolfenal 1

၁။  ယောဂကျင့်ပါ။
ယောဂဟာ ဓမ္မတာပြဿနာအမျိုးမျိုးအတွက် ထိရောက်တဲ့ကုထုံးတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို ၃၅-၄၀ မိနစ်၊ တစ်ပတ်ကို ၅ ရက်နဲ့ ၆ လလောက် ယောဂလေ့ကျင့်ခြင်းဟာ ဓမ္မတာမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းပမာဏကို လျှော့ချပေးပါတယ်။
ယောဂဟာ ဓမ္မတာနာကျင်မှုကိုလည်း လျော့နည်းစေပြီး ဓမ္မတာနဲ့ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်တာ စတဲ့ စိတ်ခံစားမှုအတက်အကျကိုလည်း ထိန်းပေးနိုင်ပါတယ်။ ဓမ္မတာလာချိန် အလွန်အမင်းနာကျင်တတ်သူတွေအတွက်လည်း ခံစားရတာ သက်သာစေနိုင်ပါတယ်။

၂။  ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းပါ။
ကိုယ်အလေးချိန်အပြောင်းအလဲဟာ ဓမ္မတာအပေါ် သက်ရောက်မှုရှိပါတယ်။ အဝလွန်နေသူတွေအဖို့ ကိုယ်အလေးချိန်လျှော့ချခြင်းဟာ ဓမ္မတာကို မှန်စေပါလိမ့်မယ်။
အလားတူပဲ အရမ်းပိန်နေခြင်းဟာလည်း ဓမ္မတာကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းဖို့ အရေးကြီးပါတယ်။
အဝလွန်သူတွေဟာ ဓမ္မတာမမှန်တာ၊ ပိုများတာ၊ ပိုနာတာတွေကို ပိုခံစားရတတ်ပါတယ်။ ဒါဟာ အဆီဆဲလ်တွေက ဟော်မုန်းနဲ့အင်ဆူလင်ပေါ် သက်ရောက်မှုကြောင့်ပါပဲ။ ကိုယ့်ဟာကိုယ် အဝလွန်တာကြောင့် ဓမ္မတာမမှန်ဘူးလို့ထင်နေရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်။

၃။  လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဓမ္မတာဖြစ်နေချိန်မှာ အရမ်းအထောက်အကူဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်သလို သားဥအိမ်ရေအိတ်များတည်ခြင်းရောဂါစု PCOS ဖြစ်နေသူတွေမှာလည်း လေ့ကျင့်ခန်းက ကုသမှုတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ PCOS ဟာ ဓမ္မတာကို မူမမှန် ဖြစ်စေနိုင်ပါတယ်။
>>  လတ်တလောလေ့လာမှုတွေအရဆိုရင် -
လေ့ကျင့်ခန်းဟာ ဓမ္မတာလာချိန် ပုံမှန်ထက် နာကျင်သူတွေအတွက်လည်း ကောင်းပါတယ်။ လေ့လာချက်အရ တစ်နေ့ကို မိနစ် (၃၀)၊ တစ်ပတ်ကို (၃) ရက်၊ (၈) ပတ်လေ့ကျင့်ခန်းလုပ်ခြင်းက ဓမ္မတာလာချိန် နာကျင်မှု ပိုနည်းကြောင်းကို တွေ့ရပါတယ်။

Dolfenal 2

၄။ ချင်းသောက်ပါ။
ချင်းဟာ ဓမ္မတာမမှန်တာကို သက်သာစေနိုင်တယ်ဆိုပေမယ့် သိပ္ပံနည်းကျလေ့လာထားတာမျိုး မရှိသေးပေမယ့် ချင်းဟာ ဓမ္မတာပြဿနာ အတော်များများကို သက်သာစေနိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။
ဓမ္မတာမစခင် (၇) ရက်အလိုလောက်မှာ ချင်းစားပေးခြင်းဖြင့် ဓမ္မတာမတိုင်ခင် လက္ခဏာတွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

၅။  သစ်ကြံပိုးခေါက် ထည့်စားပေးပါ။
သစ်ကြံပိုးခေါက်ကလည်း ဓမ္မတာပြဿနာတွေကို သက်သာစေနိုင်ပါတယ်။
၂၀၁၄ လေ့လာချက်အရ သစ်ကြံပိုးခေါက်ဟာ ဓမ္မတာစက်ဝန်းကို မှန်စေပြီးတော့ PCOS ရှိတဲ့ အမျိုးသမီးတွေအတွက် အကျိုးရှိမယ့်ကုသမှုတစ်ခုလည်း ဖြစ်ပါတယ်။
ဓမ္မတာနာကျင်မှုနဲ့ သွေးဆင်းမှုကို လျော့နည်းစေပြီး နာကျင်မှုကြောင့် ပျို့ခြင်း၊ အန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ?
အမျိုးသမီးတွေမှာ တစ်သက်မှာတစ်ကြိမ်လောက်တော့ ဓမ္မတာမမှန်တာမျိုး ကြုံရတတ်ပါတယ်။ ဒီအတွက် တစ်ခုတည်းနဲ့တော့ ဆရာဝန်နဲ့ပြဖို့ မလိုပါဘူး။
●  ဓမ္မတာရုတ်တရက်ကြီး မမှန်ဖြစ်သွားရင်
●  ဓမ္မတာမလာတာ ၃ လကြာသွားရင်
●  ၂၁ ရက်တစ်ကြိမ်ထက် ပိုလာနေရင်
●  ၃၅ ရက်တစ်ကြိမ်တောင် မလာရင်
●  ပုံမမှန်အောင်များနေရင်၊ နာနေရင်
●  ဓမ္မတာ တစ်ပတ်ထက်ပိုလာနေရင် ဆရာဝန်နဲ့ ပြရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)