ဓမ္မတာလာခါနီး အစားအရမ်းစားချင်စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ
ဓမ္မတာလာခါနီးဆို ခံတွင်းတွေအရမ်းလိုက်ပြီး ဟိုဟာ၊ ဒီဟာ အကုန်စားချင်နေရင်တော့ ဒါဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ အမျိုးသမီး တော်တော်များများဟာ ဓမ္မတာလာခါနီး တစ်ပတ် (သို့) နှစ်ပတ် အလိုလောက်တည်းက ဒီလိုဖြစ်တတ်ပါတယ်။
ဒါဟာ ဟော်မုန်းအပြောင်းအလဲနဲ့ သွေးတွင်း ဆီရိုတိုနင်ပမာဏ ကျဆင်းလာလို့ ဖြစ်ရတာပါ။ ဟော်မုန်းပြောင်းလဲခြင်းက သွေးတွင်းသကြားဓာတ်ကို ကျစေလို့ အချိုစားချင်စိတ်ကို ဖြစ်စေပြီး ဆီရိုတိုနင်နည်းခြင်းက ကစီဓာတ်ကြွယ်ဝတာတွေ (အထူးသဖြင့် အာလူးကြော်) စားချင်စိတ်ကို ဖြစ်စေပါတယ်။
Dolfenal 2022 IA 1

ဒါကြောင့် ဓမ္မတာလာခါနီးမှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို မစားသောက်မိစေဖို့ ကိုယ့်ကိုယ်ကို ဒီနည်းလမ်းတွေနဲ့ ထိန်းချုပ်ကြည့်လိုက်ပါနော်။
● ကစီဓာတ်ကို တောင့်တတဲ့အခါ အမျှင်ဓာတ်ကြွယ်ဝတဲ့ ကစီဓာတ် (ပေါင်မုန့်ညို၊ မပြုပြင်ထားတဲ့ စီရီယယ်၊ ပါစတာ၊ ဘာလီ၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး) စတာတွေကို စားပေးပါ။
● ပမာဏနည်းနည်းကို မကြာခဏစားပေးတာက သွေးတွင်းသကြားဓာတ်မကျအောင် ထိန်းပေးနိုင်လို့ တစ်နေ့ကို ထမင်းသုံးနပ် အဝစားမယ့်အစား ပမာဏနည်းနည်းကို ခြောက်ကြိမ်လောက် စားပေးပါ။ ဒါမှမဟုတ် ပမာဏနည်းနည်းကို သုံးကြိမ်နဲ့ ပေါ့ပေါ့ပါးပါးသရေစာတွေကို သုံးကြိမ်လောက် စားပေးပါ။
Dolfenal 2022 IA 2

● ဓမ္မတာလာခါနီးကို ချောကလက် စားချင်ရင်တော့ ဒါဟာ မဂ္ဂနီဆီယမ်ဓာတ်ကို တောင့်တနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မဂ္ဂနီဆီယမ်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစိမ်းရောင်အရွက်ဖားဖားတွေ၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ပဲအမျိုးမျိုး၊ နှံစားပြောင်း စတာတွေကနေပဲ ရယူပေးပါ။ ချောကလက်မှ ချောကလက်ပဲဆိုရင်တော့ ချောကလက်အမည်းကိုသာ စားပေးပါ။
● တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။
● နေရောင်ခြည်က ဆီရိုတိုနင်ပမာဏကို များစေတာကြောင့် နေရောင်ခံပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























