/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာလာချိန်ကို-အပြုံးမပျက်-ဖြတ်သန်းနိုင်ဖို့

ဓမ္မတာလာချိန်ကို အပြုံးမပျက် ဖြတ်သန်းနိုင်ဖို့ ရှောင်ကြဉ်သင့်တဲ့အရာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

တချို့အစားအစာတွေက လစဉ်ဓမ္မတာလာတဲ့အခါမှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေ၊ အိပ်မပျော်တာတွေနဲ့ တခြားလက္ခဏာတွေကို ပိုဆိုးစေပါတယ်။
●  ငန်တာတွေကို ဘယ်လောက်ပဲ စားချင်နေပါစေ မစားပါနဲ့။ ဓမ္မတာလာတဲ့အခါမှာ ဖြစ်ပေါ်တာမျိုးကို ပိုဆိုးစေလို့ပါ။
● ပါစတာ၊ ပီဇာ စတဲ့ ပြုပြင်ထားတဲ့ ဂျုံမှုန့်နဲ့လုပ်ထားတဲ့ အစားအစာတွေက ဝမ်းချုပ်တာ၊ လေထိုးတာတို့ကို ဖြစ်စေတဲ့အပြင် သွေးထဲက သကြားဓာတ်ကိုပါ တက်လိုက်၊ ကျလိုက် ဖြစ်စေပါတယ်။
● ဓမ္မတာလာချိန်မှာ အချိုကို ပိုပြီးတောင့်တတတ်ပေမယ့် တတ်နိုင်သလောက် ရှောင်ပါ။ သွေးထဲက သကြားဓာတ်ကို တက်စေတဲ့အတွက် စိတ်ခံစားချက် အတက်အကျမြန်စေသလို စိတ်တိုလွယ်စေတဲ့အပြင် ကိုက်ခဲတာကိုလည်း ပိုဆိုးစေပါတယ်။
● ဆီကြော်မုန့်တွေ၊ အသားတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ အဆီဓာတ်တွေဟာ ခန္ဓာကိုယ် ရောင်ရမ်းတာကို အားပေးလို့ ခါးနာတာ၊ ကြွက်တက်တာ၊ ရင်သားနာကျင်တာမျိုးတွေကို ပိုဆိုးစေပါတယ်။

Dolfenal 1

● ကော်ဖီတွေ၊ လက်ဖက်ရည်တွေမှာပါဝင်တဲ့ ကဖင်းဓာတ်က နာကျင်ကိုက်ခဲတာကို ပိုပြီးဆိုးစေနိုင်လို့ သောက်မယ်ဆိုရင် နို့မထည့်ဘဲ သောက်ပါ။ လျှော့သောက်ပါ။ ကော်ဖီအစားထိုး ချင်း (ဂျင်း) လက်ဖက်ရည် (ginger tea) လိုမျိုးတွေ သောက်ပါ။
● အရက်က အီစထရိုဂျင်ဟော်မုန်းပမာဏကို တက်စေလို့ စိတ်ခံစားချက် အတက်အကျတွေဖြစ်စေပြီး နာကျင်ကိုက်ခဲတာတွေလည်း ပိုဆိုးစေပါတယ်။
● Gas ပါတဲ့ အချိုရည်တွေကို သောက်တာကလည်း ဖောရောင်တာကို ပိုဆိုးစေပြီး ဝမ်းဗိုက်ကို ပိုပြီးနာကျင်ကိုက်ခဲစေပါတယ်။
● တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ဥပမာ - ချဉ်ဖတ်၊ ခေါက်ဆွဲခြောက်၊ စည်သွပ်ထားတဲ့ အသီးအနှံ၊ အစားအစာတွေက ဟော်မုန်းကို အတက်အကျဖြစ်စေလို့ မစားသင့်ပါဘူး။
ဒီလိုရှောင်သင့်တဲ့အစားအသောက်တွေကို ဂရုတစိုက် ရှောင်ကြဉ်ပေးခြင်းဖြင့် ဓမ္မတာလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေကို လျော့နည်းစေနိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)

Dolfenal 2

(Zawgyi)

တခ်ိဳ႕အစားအစာေတြက လစဥ္ဓမၼတာလာတဲ့အခါမွာ ျဖစ္တတ္တဲ့ နာက်င္ကိုက္ခဲမႈေတြ၊ အိပ္မေပ်ာ္တာေတြနဲ႔ တျခားလကၡဏာေတြကို ပိုဆိုးေစပါတယ္။
● ငန္တာေတြကို ဘယ္ေလာက္ပဲ စားခ်င္ေနပါေစ မစားပါနဲ႔။ ဓမၼတာလာတဲ့အခါမွာ ျဖစ္ေပၚတာမ်ိဳးကို ပိုဆိုးေစလို႔ပါ။
● ပါစတာ၊ ပီဇာ စတဲ့ ျပဳျပင္ထားတဲ့ ဂ်ဳံမႈန႔္နဲ႔လုပ္ထားတဲ့ အစားအစာေတြက ဝမ္းခ်ဳပ္တာ၊ ေလထိုးတာတို႔ကို ျဖစ္ေစတဲ့အျပင္ ေသြးထဲက သၾကားဓာတ္ကိုပါ တက္လိုက္၊ က်လိုက္ ျဖစ္ေစပါတယ္။
● ဓမၼတာလာခ်ိန္မွာ အခ်ိဳကို ပိုၿပီးေတာင့္တတတ္ေပမယ့္ တတ္ႏိုင္သေလာက္ ေရွာင္ပါ။ ေသြးထဲက သၾကားဓာတ္ကို တက္ေစတဲ့အတြက္ စိတ္ခံစားခ်က္ အတက္အက်ျမန္ေစသလို စိတ္တိုလြယ္ေစတဲ့အျပင္ ကိုက္ခဲတာကိုလည္း ပိုဆိုးေစပါတယ္။
● ဆီေၾကာ္မုန႔္ေတြ၊ အသားေတြ၊ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြမွာပါဝင္တဲ့ အဆီဓာတ္ေတြဟာ ခႏၶာကိုယ္ ေရာင္ရမ္းတာကို အားေပးလို႔ ခါးနာတာ၊ ႂကြက္တက္တာ၊ ရင္သားနာက်င္တာမ်ိဳးေတြကို ပိုဆိုးေစပါတယ္။
● ေကာ္ဖီေတြ၊ လက္ဖက္ရည္ေတြမွာပါဝင္တဲ့ ကဖင္းဓာတ္က နာက်င္ကိုက္ခဲတာကို ပိုၿပီးဆိုးေစႏိုင္လို႔ ေသာက္မယ္ဆိုရင္ ႏို႔မထည့္ဘဲ ေသာက္ပါ။ ေလွ်ာ့ေသာက္ပါ။ ေကာ္ဖီအစားထိုး ခ်င္း (ဂ်င္း) လက္ဖက္ရည္ (ginger tea) လိုမ်ိဳးေတြ ေသာက္ပါ။
● အရက္က အီစထ႐ိုဂ်င္ေဟာ္မုန္းပမာဏကို တက္ေစလို႔ စိတ္ခံစားခ်က္ အတက္အက်ေတြျဖစ္ေစၿပီး နာက်င္ကိုက္ခဲတာေတြလည္း ပိုဆိုးေစပါတယ္။
● Gas ပါတဲ့ အခ်ိဳရည္ေတြကို ေသာက္တာကလည္း ေဖာေရာင္တာကို ပိုဆိုးေစၿပီး ဝမ္းဗိုက္ကို ပိုၿပီးနာက်င္ကိုက္ခဲေစပါတယ္။
● တာရွည္ခံေအာင္လုပ္ထားတဲ့ အစားအစာေတြ ဥပမာ - ခ်ဥ္ဖတ္၊ ေခါက္ဆြဲေျခာက္၊ စည္သြပ္ထားတဲ့ အသီးအႏွံ၊ အစားအစာေတြက ေဟာ္မုန္းကို အတက္အက်ျဖစ္ေစလို႔ မစားသင့္ပါဘူး။
ဒီလိုေရွာင္သင့္တဲ့အစားအေသာက္ေတြကို ဂ႐ုတစိုက္ ေရွာင္ၾကဥ္ေပးျခင္းျဖင့္ ဓမၼတာလာခ်ိန္မွာ ခံစားရတဲ့ေဝဒနာေတြကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

Dr. Htar (www.drmyanmar.com)