ဓမ္မတာလာစဉ် ရှောင်ကြဉ်ရမယ့်အရာများ
အမျိုးသမီးတွေဘဝက လစဉ်လတိုင်း နာကျင်မှုဝေဒနာတွေ၊ ဗိုက်ကြီးကယ်နေတာတွေ၊ စိတ်ခံစားချက်တွေ အမျိုးမျိုး ပြောင်းလဲနေတာတွေကို ခံစားကြရပါတယ်။ ဒီလိုအချိန်မျိုး ရောက်လာပြီဆိုရင် အာလူးကြော်တစ်ထုပ်နဲ့ အိပ်ရာထဲမှာခွေပြီး ရုပ်ရှင်တွေပဲ ကြည့်နေချင်တော့တာပေါ့။ ဒါပေမဲ့လည်း ဒီလိုဖြစ်ချင်ရာ ဖြစ်နေလိုက်တာက ရေရှည်အတွက် ပိုပြီးတော့မကောင်းပါဘူး။
ဒီတော့ ဓမ္မတာလာချိန်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆင်ပြေပြေ ဖြတ်ကျော်သွားနိုင်ဖို့ ရှောင်ကြဉ်ရမယ့်အရာလေးတချို့ကို ဖော်ပြသွားပါ့မယ်နော်။
၁။ ဆားများတဲ့ အစားအသောက်တွေကို လျှော့စားပါ။
ဓမ္မတာလာချိန်မှာ အမျိုးသမီးအများစုဟာ ခန္ဓာကိုယ်ထဲ ရေတွေ ပုံလာပြီး ဖောရောင်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ဆားများတာတွေကို ရှောင်ပေးပါ။ ဆားစားတာ များသွားပြီး ဖောဖောရောင်ရောင်ကြီး ခံစားနေရရင်လည်း ခန္ဓာကိုယ်ထဲက ဆားတွေထွက်သွားအောင် ရေတွေ အများကြီး သောက်ချလိုက်ပါ။
၂။ ကဖိန်းတွေ အများကြီ းမသောက်ပါနဲ့။
ကော်ဖီအပါအဝင် ကဖိန်းပါတဲ့ဖျော်ရည်တွေဟာ ရာသီလာနေစဉ်မှာ ရင်ဘတ်နာတာတွေ ဖြစ်စေနိုင်ပါသတဲ့။ ကဖိန်းဓာတ်က ဦးနှောက်ထဲက GABA ဆိုတဲ့ အာရုံကြောဆက်သွယ်ပစ္စည်းကို ပိတ်ချလိုက်တာကြောင့် စိတ်ပူပန်တာ၊ ရင်တုန်တာတွေ ဖြစ်လာနိုင်ပါတယ်။
၃။ အကာအကွယ်မမေ့ပါနဲ့။
ဓမ္မတာလာနေစဉ်မှာ အမျိုးသားနဲ့အတူနေလို့ ရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ အင်မတန် ကူးစက်နိုင်တာမို့ အကာအကွယ်သုံးပါ။ ဒါ့အပြင် ဓမ္မတာလာနေစဉ်လည်း ကိုယ်ဝန်ရနိုင်ခြေရှိတာမို့ သတိထားတာ မမှားပါဘူး။
pH Care 1

၄။ မိန်းမကိုယ်အတွင်းထဲထိ မဆေးပါနဲ့။
မိန်းမကိုယ်အတွင်းထဲထိ ဆေးကြောတာဟာ မိန်းမကိုယ်အတွင်းက ကောင်းတဲ့ပိုးမွှားတွေကို သေကြေစေပြီး မကောင်းတဲ့ပိုးမွှားတွေ များပြားလာစေနိုင်ပါတယ်။ မိန်းမကိုယ် အပြင်ပိုင်းကိုသာ မိန်းမကိုယ်သန့်စင်ဆေးရည်ကို အသုံးပြုပြီး ဆေးကြောသင့်ပါတယ်။
၅။ အိပ်ရာထဲချည်း ခွေမနေပါနဲ့။
ရာသီလာစဉ် ရှောင်ရှားရမယ့် လှုပ်ရှားမှုရယ်လို့ မရှိပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က endorphin တွေ ထွက်လာတာမို့ နာတာ၊ ကျင်တာတွေကိုတောင် သက်သာစေနိုင်ပါသေးတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေကိုလည်း ကောင်းစေနိုင်ပါတယ်။
၆။ လစဉ်သုံးပစ္စည်းတွေကို အကြာကြီး မလဲဘဲမနေပါနဲ့။
ကျန်းမာရေးနဲ့ညီညွတ်ဖို့ လစဉ်သုံးကို မကြာမကြာ လဲလှယ်ပေးဖို့ လိုပါတယ်။ တန်ပွန်သုံးတဲ့ အမျိုးသမီးတွေမှာဆိုရင် ဘက်တီးရီးယားအဆိပ်ကြောင့်ဖြစ်တဲ့ toxic shock syndrome မဖြစ်ရလေအောင် ၄ နာရီ၊ ၆ နာရီခြားတစ်ခါ လဲပေးဖို့ လိုပါတယ်။ လစဉ်သုံးခွက်ကလေးတွေ သုံးတယ်ဆိုရင်လည်း ၁၂ နာရီခြားတစ်ခါ၊ ဂွမ်းထုပ် သုံးလျှင် ၃ နာရီ၊ ၄ နာရီခြားတစ်ခါ လဲပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
pH Care 2

(Zawgyi)
အမ်ိဳးသမီးေတြဘဝက လစဥ္လတိုင္း နာက်င္မႈေဝဒနာေတြ၊ ဗိုက္ႀကီးကယ္ေနတာေတြ၊ စိတ္ခံစားခ်က္ေတြ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတာေတြကို ခံစားၾကရပါတယ္။ ဒီလိုအခ်ိန္မ်ိဳး ေရာက္လာၿပီဆိုရင္ အာလူးေၾကာ္တစ္ထုပ္နဲ႔ အိပ္ရာထဲမွာေခြၿပီး ႐ုပ္ရွင္ေတြပဲ ၾကည့္ေနခ်င္ေတာ့တာေပါ့။ ဒါေပမဲ့လည္း ဒီလိုျဖစ္ခ်င္ရာ ျဖစ္ေနလိုက္တာက ေရရွည္အတြက္ ပိုၿပီးေတာ့မေကာင္းပါဘူး။
ဒီေတာ့ ဓမၼတာလာခ်ိန္ကို က်န္းမာေရးနဲ႔ညီၫြတ္ၿပီး အဆင္ေျပေျပ ျဖတ္ေက်ာ္သြားႏိုင္ဖို႔ ေရွာင္ၾကဥ္မယ့္အရာေလးတခ်ိဳ႕ကို ေဖာ္ျပသြားပါ့မယ္ေနာ္။
၁။ ဆားမ်ားတဲ့ အစားအေသာက္ေတြကို ေလွ်ာ့စားပါ။
ဓမၼတာလာခ်ိန္မွာ အမ်ိဳးသမီးအမ်ားစုဟာ ခႏၶာကိုယ္ထဲ ေရေတြ ပုံလာၿပီး ေဖာေရာင္လာတတ္ပါတယ္။ ဒါေၾကာင့္ ဒီလိုအခ်ိန္မ်ိဳးမွာ ဆားမ်ားတာေတြကို ေရွာင္ေပးပါ။ ဆားစားတာ မ်ားသြားၿပီး ေဖာေဖာေရာင္ေရာင္ႀကီး ခံစားေနရရင္လည္း ခႏၶာကိုယ္ထဲက ဆားေတြထြက္သြားေအာင္ ေရေတြ အမ်ားႀကီး ေသာက္ခ်လိုက္ပါ။
၂။ ကဖိန္းေတြ အမ်ားႀကီ းမေသာက္ပါနဲ႔။
ေကာ္ဖီအပါအဝင္ ကဖိန္းပါတဲ့ေဖ်ာ္ရည္ေတြဟာ ရာသီလာေနစဥ္မွာ ရင္ဘတ္နာတာေတြ ျဖစ္ေစႏိုင္ပါသတဲ့။ ကဖိန္းဓာတ္က ဦးေႏွာက္ထဲက GABA ဆိုတဲ့ အာ႐ုံေၾကာဆက္သြယ္ပစၥည္းကို ပိတ္ခ်လိုက္တာေၾကာင့္ စိတ္ပူပန္တာ၊ ရင္တုန္တာေတြ ျဖစ္လာႏိုင္ပါတယ္။
၃။ အကာအကြယ္မေမ့ပါနဲ႔။
ဓမၼတာလာေနစဥ္မွာ အမ်ိဳးသားနဲ႔အတူေနလို႔ ရပါတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြ အင္မတန္ ကူးစက္ႏိုင္တာမို႔ အကာအကြယ္သုံးပါ။ ဒါ့အျပင္ ဓမၼတာလာေနစဥ္လည္း ကိုယ္ဝန္ရႏိုင္ေျခရွိတာမို႔ သတိထားတာ မမွားပါဘူး။
၄။ မိန္းမကိုယ္အတြင္းထဲထိ မေဆးပါနဲ႔။
မိန္းမကိုယ္အတြင္းထဲထိ ေဆးေၾကာတာဟာ မိန္းမကိုယ္အတြင္းက ေကာင္းတဲ့ပိုးမႊားေတြကို ေသေၾကေစၿပီး မေကာင္းတဲ့ပိုးမႊားေတြ မ်ားျပားလာေစႏိုင္ပါတယ္။ မိန္းမကိုယ္ အျပင္ပိုင္းကိုသာ မိန္းမကိုယ္သန႔္စင္ေဆးရည္ကို အသုံးျပဳၿပီး ေဆးေၾကာသင့္ပါတယ္။
၅။ အိပ္ရာထဲခ်ည္း ေခြမေနပါနဲ႔။
ရာသီလာစဥ္ ေရွာင္ရွားရမယ့္ လႈပ္ရွားမႈရယ္လို႔ မရွိပါဘူး။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ခႏၶာကိုယ္က endorphin ေတြ ထြက္လာတာမို႔ နာတာ၊ က်င္တာေတြကိုေတာင္ သက္သာေစႏိုင္ပါေသးတယ္။ ဒါ့အျပင္ စိတ္ခံစားခ်က္ေတြကိုလည္း ေကာင္းေစႏိုင္ပါတယ္။
၆။ လစဥ္သုံးပစၥည္းေတြကို အၾကာႀကီး မလဲဘဲမေနပါနဲ႔။
က်န္းမာေရးနဲ႔ညီၫြတ္ဖို႔ လစဥ္သုံးကို မၾကာမၾကာ လဲလွယ္ေပးဖို႔ လိုပါတယ္။ တန္ပြန္သုံးတဲ့ အမ်ိဳးသမီးေတြမွာဆိုရင္ ဘက္တီးရီးယားအဆိပ္ေၾကာင့္ျဖစ္တဲ့ toxic shock syndrome မျဖစ္ရေလေအာင္ ၄ နာရီ၊ ၆ နာရီျခားတစ္ခါ လဲေပးဖို႔ လိုပါတယ္။ လစဥ္သုံးခြက္ကေလးေတြ သုံးတယ္ဆိုရင္လည္း ၁၂ နာရီျခားတစ္ခါ၊ ဂြမ္းထုပ္ သုံးလွ်င္ ၃ နာရီ၊ ၄ နာရီျခားတစ္ခါ လဲေပးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























