/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာလာစဉ်-အနေရ-မခက်စေဖို့

ဓမ္မတာလာစဉ် အနေရ မခက်စေဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဓမ္မတာဆိုတာ အမျိုးသမီးတွေဘဝမှာ ခန့်မှန်းရခက်တဲ့အရာတစ်ခုပါ။ လာမယ့်ရက်ကို အတိအကျ မခန့်မှန်းနိုင်တာအပြင် ဘယ်လိုဝေဒနာမျိုး ခံစားရမယ်ဆိုတာလည်း ခန့်မှန်းရခက်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဓမ္မတာကာလအတွင်း အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းကောင်းလေး‌တွေကို ဝေမျှပေးလိုက်ပါမယ်။

၁။  ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း ပြုလုပ်ပါ။
ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေဖြစ်တဲ့ အကြောလျော့တာ၊ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ ရေကူးတာတွေက သွေးလည်ပတ်မှုကို ကောင်းစေတာမို့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ မလှုပ်မရှားနေထိုင်တာက နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပါတီမှာသူငယ်ချင်းနဲ့ ကခုန်တာ၊ နောက်ဆုံး ကိုယ့်အခန်းထဲမှာကိုယ် ကခုန်တာတွေက စိတ်ကိုပြေလျော့စေနိုင်သလို နာကျင်တာလည်း သက်သာစေနိုင်ပါတယ်။

၂။  ရေနွေးအိတ်ကပ်ပါ။
ဗိုက်နာနေချိန် ဗိုက်ပေါ် ရေနွေးအိတ်ကပ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး နေရထိုင်ရ သက်သာစေနိုင်ပါတယ်။

၃။  ရေများများ သောက်ပါ။
တစ်ကိုယ်လုံး ဖော‌ရောင်ကိုင်းနေချိန်မှာ ရေများများ‌သောက်ပါဆိုတော့ နောက်နေတယ် မထင်လိုက်ပါနဲ့နော်။ ရေများများသောက်ခြင်းက ခန္ဓာကိုယ်ထဲက စုပုံနေတဲ့ရေတွေကို စွန့်ထုတ်ပစ်ရာမှာ အထောက်အကူပြုပါတယ်။ တစ်နေ့ကို ရေ ၈ အောင်စ (၂၄၀ ml) ဝင်ခွက်နဲ့ အရည် ၈ ခွက်ကနေ ၁ဝ ခွက်လောက် သောက်ပေးနိုင်ပါတယ်။ အရည်ဆိုရာ မှာ ရေ၊ ဖျော်ရည်၊ နို့စတာတွေကို တစ်နေကုန် နည်းနည်းစီ သောက်ပေးပါ။

၄။  ခန္ဓာကိုယ်အတွက်ကောင်းတဲ့ အစားအသောက်တွေကို စားသောက်ပေးပါ။
အသီးအရွက်တွေကို များများစားပေးပါ။ ဖြစ်နိုင်ရင် တစ်နေ့ ၅ ကြိမ်လောက် စားပေးသင့်ပါတယ်။ အသီးအနှံတွေ စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်မကောင်းတဲ့ သရေစာမုန့်တွေ၊ ချော့ကလက်၊ ဆားများတဲ့ အစားအသောက်တွေကို ရှောင်ရှားပြီးသားလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် အသီးအနှံတွေ စားပေးခြင်းဖြင့် ဗိုက်ပြည့်စေတဲ့အပြင် ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။

pH Care 1

၅။  ကဖိန်းဓာတ်ကို ရှောင်ပါ။
ကဖိန်းဟာ လူကို ရင်ပြည့်ရင်ကယ် မအီမသာဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်ဆိုတာ ကော်ဖီ၊ လက်ဖက်ရည်မှာ တင်မကဘဲ ဆိုဒါတို့၊ ချော့ကလက်တို့မှာ ပါပါတယ်။ ဒါကြောင့် ချင်းလက်ဖက်ရည်၊ ဆေးဖက်ဝင်လက်ဖက်ရည်တို့၊ ရေတို့ကိုသာ သောက်ပေးပါ။ ချော့ကလက် အရမ်းစားချင်ရင်လည်း ချော့ကလက်အခါးလေး နည်းနည်းပါးပါးလောက်သာ စား‌ပေးပါ။

၆။  အိပ်ရေးဝအောင် အိပ်ပါ။
တစ်နေ့ကို ၈ နာရီကနေ ၉ နာရီလောက်အထိ အိပ်ချိန် လိုအပ်ပါတယ်။ အထူးသဖြင့် ရာသီလာနေစဉ်မှာ အိပ်ရေးဝနေမှ လူက လန်းဆန်းကြည်လင်နေမှာပါ။

၇။  သေချာရေးမှတ်ထားပါ။
ဓမ္မတာနဲ့ပတ်သက်ရင် ကြိုတင်ပြင်ဆင်မှုရှိနေဖို့လိုပါတယ်။ ဒါကြောင့် လစဉ် ဘယ်ရက်လာတယ်၊ ဘယ်လောက် များတယ်၊ ဘယ်ရက်မှာ ဘာဖြစ်တယ်၊ ရာသီမတိုင်ခင်၊ လာနေစဉ်၊ လာအပြီး ဘာတွေဖြစ်တယ်ဆိုတာကို သေချာရေးမှတ်ထားခြင်းဖြင့် ကိုယ် ဘာတွေကြုံတွေ့ရနိုင်တယ်ဆိုတာ ပြင်ဆင်နိုင်တာပေါ့။

၈။  လစဉ်သုံးကို စနစ်တကျ ရွေးချယ်အသုံးပြုပါ။
ပုံမှန် pantyliner အဖြူခံအပါးလေးတွေ ခံပေးခြင်းဖြင့် ရာသီစလာစဉ် ကသိကအောက် မဖြစ်တော့ဘူးပေါ့။ လစဉ်သုံးဂွမ်းထုပ်တွေမှာလည်း ပါးလွှာပြီး လှုပ်ရှားရလွယ်ကူတာကို ရွေးချယ်ပါ။ အင်မတန် လှုပ်ရှားမှုများသူတွေမှာတော့ မိန်းမကိုယ်အတွင်း ထည့်သုံးရတဲ့ တန်ပွန်မျိုးကို ရွေးချယ်နိုင်ပါတယ်။ ၄ နာရီက‌နေ ၈ နာရီခြာ တစ်ခါလောက် လဲပေးပါ။

အမျိုးသမီးတိုင်း ဓမ္မတာ‌နေ့ရက်တိုင်းကို လွတ်လပ်ပေါ့ပါး အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

pH Care 2

(Zawgyi)

ဓမၼတာဆိုတာ အမ်ိဳးသမီးေတြဘဝမွာ ခန႔္မွန္းရခက္တဲ့အရာတစ္ခုပါ။ လာမယ့္ရက္ကို အတိအက် မခန႔္မွန္းႏိုင္တာအျပင္ ဘယ္လိုေဝဒနာမ်ိဳး ခံစားရမယ္ဆိုတာလည္း ခန႔္မွန္းရခက္ပါတယ္။ ဘယ္လိုျဖစ္ျဖစ္ ဓမၼတာကာလအတြင္း အဆင္ေျပေျပ ျဖတ္သန္းႏိုင္ဖို႔ နည္းလမ္းေကာင္းေလး‌ေတြကို ေဝမွ်ေပးလိုက္ပါမယ္။

၁။  ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္း ျပဳလုပ္ပါ။
ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေတြျဖစ္တဲ့ အေၾကာေလ်ာ့တာ၊ ေယာဂက်င့္တာ၊ လမ္းေလွ်ာက္တာ၊ ေရကူးတာေတြက ေသြးလည္ပတ္မႈကို ေကာင္းေစတာမို႔ နာက်င္ကိုက္ခဲမႈေတြကို သက္သာေစႏိုင္ပါတယ္။ မလႈပ္မရွားေနထိုင္တာက နာက်င္မႈကို ပိုဆိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ ပါတီမွာသူငယ္ခ်င္းနဲ႔ ကခုန္တာ၊ ေနာက္ဆုံး ကိုယ့္အခန္းထဲမွာကိုယ္ ကခုန္တာေတြက စိတ္ကိုေျပေလ်ာ့ေစႏိုင္သလို နာက်င္တာလည္း သက္သာေစႏိုင္ပါတယ္။

၂။  ေရေႏြးအိတ္ကပ္ပါ။
ဗိုက္နာေနခ်ိန္ ဗိုက္ေပၚ ေရေႏြးအိတ္ကပ္ေပးတာက ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး ေနရထိုင္ရ သက္သာေစႏိုင္ပါတယ္။

၃။  ေရမ်ားမ်ား ေသာက္ပါ။
တစ္ကိုယ္လုံး ေဖာ‌ေရာင္ကိုင္းေနခ်ိန္မွာ ေရမ်ားမ်ား‌ေသာက္ပါဆိုေတာ့ ေနာက္ေနတယ္ မထင္လိုက္ပါနဲ႔ေနာ္။ ေရမ်ားမ်ားေသာက္ျခင္းက ခႏၶာကိုယ္ထဲက စုပုံေနတဲ့ေရေတြကို စြန႔္ထုတ္ပစ္ရာမွာ အေထာက္အကူျပဳပါတယ္။ တစ္ေန႔ကို ေရ ၈ ေအာင္စ (၂၄၀ ml) ဝင္ခြက္နဲ႔ အရည္ ၈ ခြက္ကေန ၁ဝ ခြက္ေလာက္ ေသာက္ေပးႏိုင္ပါတယ္။ အရည္ဆိုရာ မွာ ေရ၊ ေဖ်ာ္ရည္၊ ႏို႔စတာေတြကို တစ္ေနကုန္ နည္းနည္းစီ ေသာက္ေပးပါ။

၄။  ခႏၶာကိုယ္အတြက္ေကာင္းတဲ့ အစားအေသာက္ေတြကို စားေသာက္ေပးပါ။
အသီးအ႐ြက္ေတြကို မ်ားမ်ားစားေပးပါ။ ျဖစ္ႏိုင္ရင္ တစ္ေန႔ ၅ ႀကိမ္ေလာက္ စားေပးသင့္ပါတယ္။ အသီးအႏွံေတြ စားေပးျခင္းျဖင့္ ခႏၶာကိုယ္အတြက္မေကာင္းတဲ့ သေရစာမုန႔္ေတြ၊ ေခ်ာ့ကလက္၊ ဆားမ်ားတဲ့ အစားအေသာက္ေတြကို ေရွာင္ရွားၿပီးသားလည္း ျဖစ္ေစပါတယ္။ ဒါ့အျပင္ အသီးအႏွံေတြ စားေပးျခင္းျဖင့္ ဗိုက္ျပည့္ေစတဲ့အျပင္ ေရဓာတ္ကိုလည္း ျပည့္ဝေစႏိုင္ပါတယ္။

၅။  ကဖိန္းဓာတ္ကို ေရွာင္ပါ။
ကဖိန္းဟာ လူကို ရင္ျပည့္ရင္ကယ္ မအီမသာျဖစ္ေစႏိုင္ပါတယ္။ ကဖိန္းဓာတ္ဆိုတာ ေကာ္ဖီ၊ လက္ဖက္ရည္မွာ တင္မကဘဲ ဆိုဒါတို႔၊ ေခ်ာ့ကလက္တို႔မွာ ပါပါတယ္။ ဒါေၾကာင့္ ခ်င္းလက္ဖက္ရည္၊ ေဆးဖက္ဝင္လက္ဖက္ရည္တို႔၊ ေရတို႔ကိုသာ ေသာက္ေပးပါ။ ေခ်ာ့ကလက္ အရမ္းစားခ်င္ရင္လည္း ေခ်ာ့ကလက္အခါးေလး နည္းနည္းပါးပါးေလာက္သာ စား‌ေပးပါ။

၆။  အိပ္ေရးဝေအာင္ အိပ္ပါ။
တစ္ေန႔ကို ၈ နာရီကေန ၉ နာရီေလာက္အထိ အိပ္ခ်ိန္ လိုအပ္ပါတယ္။ အထူးသျဖင့္ ရာသီလာေနစဥ္မွာ အိပ္ေရးဝေနမွ လူက လန္းဆန္းၾကည္လင္ေနမွာပါ။

၇။  ေသခ်ာေရးမွတ္ထားပါ။
ဓမၼတာနဲ႔ပတ္သက္ရင္ ႀကိဳတင္ျပင္ဆင္မႈရွိေနဖို႔လိုပါတယ္။ ဒါေၾကာင့္ လစဥ္ ဘယ္ရက္လာတယ္၊ ဘယ္ေလာက္ မ်ားတယ္၊ ဘယ္ရက္မွာ ဘာျဖစ္တယ္၊ ရာသီမတိုင္ခင္၊ လာေနစဥ္၊ လာအၿပီး ဘာေတြျဖစ္တယ္ဆိုတာကို ေသခ်ာေရးမွတ္ထားျခင္းျဖင့္ ကိုယ္ ဘာေတြႀကဳံေတြ႕ရႏိုင္တယ္ဆိုတာ ျပင္ဆင္ႏိုင္တာေပါ့။

၈။  လစဥ္သုံးကို စနစ္တက် ေ႐ြးခ်ယ္အသုံးျပဳပါ။
ပုံမွန္ pantyliner အျဖဴခံအပါးေလးေတြ ခံေပးျခင္းျဖင့္ ရာသီစလာစဥ္ ကသိကေအာက္ မျဖစ္ေတာ့ဘူးေပါ့။ လစဥ္သုံးဂြမ္းထုပ္ေတြမွာလည္း ပါးလႊာၿပီး လႈပ္ရွားရလြယ္ကူတာကို ေ႐ြးခ်ယ္ပါ။ အင္မတန္ လႈပ္ရွားမႈမ်ားသူေတြမွာေတာ့ မိန္းမကိုယ္အတြင္း ထည့္သုံးရတဲ့ တန္ပြန္မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ၄ နာရီက‌ေန ၈ နာရီျခာ တစ္ခါေလာက္ လဲေပးပါ။

အမ်ိဳးသမီးတိုင္း ဓမၼတာ‌ေန႔ရက္တိုင္းကို လြတ္လပ္ေပါ့ပါး အဆင္ေျပေျပနဲ႔ ျဖတ္သန္းႏိုင္ဖို႔ ဆႏၵျပဳလိုက္ပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)