/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာလာတဲ့အခါ-ဆီးစပ်ကိုက်တာ-ဘာကြောင့်လဲ

ဓမ္မတာလာတဲ့အခါ ဆီးစပ်ကိုက်တာ ဘာကြောင့်လဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးအများစုဟာ ဓမ္မတာလာတဲ့အခါ ကိုက်ခဲနာကျင်တာကို ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် ဆီးစပ်ကိုက်လေ့ရှိပြီး ခါးကြွက်သားနဲ့ ပေါင်ကြွက်သားတွေအထိပါ ကိုက်ခဲတတ်ကြပါတယ်။ ဒီလိုကိုက်ခဲနာကျင်တာဟာ သားအိမ်ကြွက်သားတွေ ညှစ်လို့ ဖြစ်ရတာပါ။ သားအိမ်ကြွက်သားတွေဟာ သာမန်အချိန်မှာလည်း ညှစ်လေ့ရှိပေမယ့် မသိသာပါဘူး။ ဓမ္မတာလာချိန်မှာတော့ ထူထဲနေတဲ့ သားအိမ်နံရံ ကွာကျဖို့အတွက် ပိုပြီးပြင်းပြင်းထန်ထန် ညှစ်လေ့ရှိတာကြောင့် ဆီးစပ်ကိုက်တာကို ခံစားရတာပါ။

>>  ဓမ္မတာလာစဉ် ဆီးစပ်ကိုက်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
ရာသီစက်ဝန်းရဲ့ ဖြစ်နေကျဖြစ်စဉ်တစ်ခုလို့ ပြောလို့ရလောက်အောင် ရောဂါအခံတစ်ခုခုရှိလို့ ဆီးစပ်ကိုက်တယ်ဆိုတာ ရှားပါတယ်။ ရှားတယ်ဆိုပေမယ့်လည်း အမျိုးသမီးအနည်းစုမှာတော့ ရောဂါတစ်ခုခုရှိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Dolfenal 2022 IA 1

ဘယ်လိုရောဂါတွေလဲဆိုတော့ -
●  သားအိမ်နံရံကဆဲလ်တွေဟာ သားအိမ်ထဲမှာမရှိဘဲ သားဥပြွန်၊ သားဥအိမ် စတာတွေမှာ နေရာမှားရောက်နေခြင်း
●  သားအိမ်ထဲတွင် အလုံးတည်ခြင်း
●  မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ ဘက်တီးရီးယားပိုး ဝင်ရောက်ပြီး ပြင်းပြင်းထန်ထန် ရောင်ရမ်းခြင်း အစရှိတဲ့ ရောဂါတွေဟာ ဓမ္မတာလာတဲ့အခါ ဆီးစပ်ကိုက်စေပါတယ်။
ရောဂါတွေအပြင် သားအိမ်ထဲမှာ သန္ဓေတားပစ္စည်း ထည့်ထားရင်လည်း ဓမ္မတာလာတဲ့အခါ ဆီးစပ်ကိုက်နိုင်ပါတယ်။

>>  ဓမ္မတာလာစဉ် ဆီးစပ်ကိုက်တာဟာ အချိန်ဘယ်လောက် ကြာနိုင်သလဲ?
တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ အများစုက ဓမ္မတာစလာတဲ့ရက်မှာ ကိုက်ခဲလေ့ရှိပြီး အချို့ကတော့ ဓမ္မတာမလာခင် ရက်ပိုင်းအလိုလောက်ထဲက ကိုက်ခဲတတ်ကြပါတယ်။ ဆီးကပ်ကိုက်တာဟာ ဓမ္မတာလာပြီး (၄၈) နာရီကနေ (၇၂) နာရီလောက်အထိ ကြာတတ်ပါတယ်။

Dolfenal 2022 IA 2

>>  ဓမ္မတာလာစဉ် ဆီးစပ်ကိုက်တာ သက်သာအောင် ဘယ်လိုလုပ်မလဲ?
●  အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ဆေးနဲ့ဓာတ်မတည့်တာ စတဲ့ ကိစ္စတွေမရှိရင် Mefenamic Acid ပါဝင်တဲ့  အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးနိုင်ပါတယ်။
●  ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းလိုမျိုး မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။
●  ဝမ်းဗိုက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပါ။
●  ဆီးစပ်နားတစ်ဝိုက်ကို စက်ဝိုင်းပုံသဏ္ဌာန် ညှင်သာစွာ နှိပ်နယ်ပေးပါ။
●  ယောဂ၊ pilates လိုမျိုး စိတ်တည်ငြိမ်စေတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)