/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာ-ပုံမှန်မလာတာ-ဘာကြောင့်လဲ

ဓမ္မတာ ပုံမှန်မလာတာ ဘာကြောင့်လဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အရွယ်ရောက်ပြီးသား အမျိုးသမီးများအနေနှင့် လစဉ်ရာသီလာဖို့ မျှော်လင့်တတ်ကြပါတယ်။  ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား ပျမ်းမျှကြာချိန်ဟာ ၂၈ ရက် ဖြစ်ပါတယ်။  သို့သော် တစ်ယောက်ချင်းစီပေါ် မူတည်ပြီး ၂၄ ရက်ကနေ ၃၅ ရက်ထိ ကြာမြင့်တတ်ပါတယ်။
အချို့သောအမျိုးသမီးများအနေနှင့် ဓမ္မတာလာချိန်မမှန်ခြင်းကို ကြုံတွေ့ရလေ့ရှိပါတယ်။ အချို့သောအကြောင်းတွေက အန္တရာယ်မရှိပေမယ့် အချို့သောရောဂါတွေက သေချာကုသဖို့ လိုပါတယ်။

Dolfenal 1

ဒီလိုဓမ္မတာမမှန်ခြင်းကို ဖြစ်စေတဲ့အချက်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

(၁)  ဟော်မုန်းဖြင့် ပြုလုပ်သော သန္ဓေတားဆေးများ
ဓမ္မတာမမှန်ခြင်းကို ဖြစ်စေတဲ့ အများဆုံးအကြောင်းရင်းကတော့ သန္ဓေတားဆေးများ သောက်ခြင်းနှင့် လက်မောင်းတွင်း တားဆေးထည့်ခြင်းတို့ ဖြစ်ပါတယ်။ အချို့ကတော့ တားဆေးသောက်တာ ရပ်လိုက်တာနှင့် ပုံမှန်ရာသီစက်ဝန်းကို ပြန်ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးခြင်းဟာ ပိုမိုစိတ်ချရပါတယ်။

(၂)  ကိုယ်အလေးချိန်တက်ခြင်း (သို့မဟုတ်) ကျခြင်း
အချိန်တိုတိုအတွင်း ဝိတ်အများကြီး ကျခြင်း သို့မဟုတ် တက်ခြင်းကြောင့်လည်း ဟိုမုန်းအပြောင်းအလဲများစွာ  ဖြစ်စေပါတယ်။ ဒီလိုဟော်မုန်းတွေ မမျှတခြင်းဟာလည်း ရာသီစက်ဝန်းကို ပြောင်းလဲစေပါတယ်။

(၃)  သွေးဆုံးချိန် နီးကပ်ခြင်း
သွေးဆုံးချိန်မတိုင်မီ နှစ်အနည်းငယ်ဟာ သွေးဆုံးခါနီးအချိန်ဖြစ်ပြီး ဒီအချိန်မှာဆိုရင် အမျိုးသမီးဟော်မုန်း အပြောင်းအလဲများစွာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအချက်ကြောင့် ရာသီစက်ဝန်း ပုံမှန်မဟုတ်တာကို တွေ့ကြုံရနိုင်ပါတယ်။ ဓမ္မတာနည်းခြင်း၊ များခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးစွန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

Dolfenal 2

(၄)  သားအိမ်နံရံဆဲလ်များ ပြင်ပနေရာသို့ ရောက်ရှိခြင်း
သားအိမ်နံရံရှိဆဲလ်နှင့် တစ်သျှူးတွေဟာ သားအိမ်ပြင်ပနေရာများတွင် ရှိနေခြင်းကို ဆေးပညာအရ Endometriosis လို့ခေါ်ဆိုပြီး ဒီရောဂါရှိသူများအနေနှင့် ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာလာစဉ် ပြင်းထန်စွာ နာကျင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ထို့ပြင် ကလေးမရနိုင်ခြင်း၊ လိင်ဆက်ဆံစဉ်နာခြင်း၊ အူလမ်းကြောင်းပြဿနာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

(၅)  စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဟာ အိပ်စက်ခြင်း၊ သွေးပေါင်ချိန်၊ လိင်စိတ်နှင့် ရာသီစက်ဝန်းတို့ကို ထိခိုက်စေနိုင်ပါတယ်။ သင်စိတ်ဖိစီးတဲ့အခါမှာ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာခြင်းကြောင့် မ,ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ဓမ္မတာနောက်ကျတာမျိုး သို့မဟုတ် စောတာမျိုး ဖြစ်စေတတ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)